30 August 2008

2008 Olympic

(Unicode version )

ပြီးခ့ဲသည့်တစ်ပါတ်လုံး Beijing Olympic ကြည့်နေသဖြင့် တနင်္ဂနွေနေ့တွင် ပြီးသွားသောအခါ တော်တော်ငေါင် သွားပါသည်။ ပြိုင်ပွဲကျင်းပနေစဉ် နှစ်ပါတ်လုံး အိပ်ရာထမှ ညအိပ်သည်အထိ အပြင်သွားချိန်မှလွဲ၍ ကြည့်နေမိသည်။ အားကစားမျိုးစုံ စိတ်၀င်စားသဖြင့် အတော်ပင်။ CCTV Channel လေးခုမှ တော်တော်များများ ပွဲများ LIVE လွှင့်သဖြင့် တစ်ခုမဟုတ် တစ်ခုကြည့်နေယုံသာပင်။

ရေကူးတွင် Michael Phelphs ခေါင်းဆောင်သော အမေရိကန်အဖွဲ့ လွှမ်းမိုး ထား နိုင်သကဲ့သို့ ဒိုင်ဗင်ပြိုင်ပွဲများတွင် တရုပ်တို့ လွှမ်းမိုးထားသည်။ စင်ကာပူ TV CNA , ALJAZEERA TV စသည်တို့က ဒိုင်ဗင်တွင် တရုပ်တို့ ရွှေ ဆုအားလုံး သိမ်းကျူံးယူ၍ History ရေးလိမ့်မည်ဟု ကြိုတင်ကာ ခန့်မှန်းထားကြသည်။ ထင်သည့်အတိုင်းဆုများ ရကြသော်လည်း အပိုင်တွက်ထားသည့် နောက်ဆုံးပြိုင်ပွဲ 10 မီတာ အမျိုးသား ဒိုင်ဗင်ပွဲတွင် Australia မှ ရွှေဆုယူသွားသဖြင့် တော်တော် ၀မ်းနည်းသွားကြပုံ ရပါသည်။

ပြေးခုန်ပစ် ပြိုင်ပွဲများတွင် Jamaica မှ Usain Bolt ကရွှေ ၃ ခုယူသွားသည်။ ၃ပွဲစလုံးတွင်လည်း ကမ္ဘာစံချိန်များ တင်သွားခ့ဲသည်။ ကျန် Jamaican အပြေးသမား များလည်း ရွှေဆုများရသွား သဖြင့် ပြိုင်ပွဲ၀င် အနည်းဆုံးဖြင့် ဆု အများဆုံးရသွားသည်။ အတန်ဆုံးပင်။

တရုပ်နိုင်ငံမှ ရွှေ ၅၁ ဆုရသဖြင့် ကုန်ကျစားရိတ် တွက်ကြည့်လျှင် ရွှေ တစ်ဆုကို အမေရိကန်ဒေါ်လာ သန်း၈၀၀ နီးပါးကျနေသည်။ တန် မတန် နှစ်အနည်းငယ် ကြာမှ ပေါ်လာမည်ဖြစ်သည်။ အာရှမှ တိုကျို ( ၁၉၆၄) နှင့် ဆိုးလ် ( ၁၉၈၈) တို့ Olympic ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးသည်နှင့် ဖွံ့ဖြိုးပြီး နိုင်ငံအဆင့် သို့ရောက်သွားကြပါသည်။ တရုပ်နိုင်ငံကတော့ နိုင်ငံကြီးသည် ဖြစ်၍ အနည်းငယ်ပိုစောင့် ရမည်ထင်ပါသည်။

တရုပ်တို့ အလွန်အထင်ကြီး ခံချင်နေပုံရသည်။ ပြိုင်ပွဲကို နှောင့်ရှက်မည်ဆိုးသဖြင့် ကာကွယ်မှုမျိုးစုံ လုပ်ခ့ဲသည်။ ဖွင့်ပွဲနေ့တွင် မီးရှုးမီးပန်းဖေါက်သည်ကို မိုးအုံ့နေလျှင် မမြင်မှာဆိုးသဖြင့် အယင်ရက်များက TV ကြိုရိုက်ထားသည်ကို တကယ်ဖွင့်ပွဲနေ့ LIVE လွှင့် ချိန်တွင် ရောလွှင့်ခဲ့သည်။ ဖွင့်ပွဲသီချင်း သီဆိုသူ ကလေးမငယ်မှာ ရုပ်မချော သဖြင့် အစားထိုး သရုပ်ဆောင်စေခ့ဲသည်။ ဤသို့လုပ်ချက်များ ပြိုင်ပွဲမပြီးခင်မှာပင် ပေါ်လာခ့ဲသဖြင့် တရုပ်အစိုးရ မျက်နှာပျက်စရာ ဖြစ်ခ့ဲရသည်။ ဂျွမ်းဘားပြိုင်ပွဲ၀င်တစ်ချို့ အသက်မပြည့်မှု ကိုလည်း ပြန်အစစ် ခိုင်းခံနေရသည်။ လူအထင်ကြီးမှု အရမ်းအထင် ခံချင်နေသူများ သတိထားစေချင်သည်။

ယခုနှစ်ပြိုင်ပွဲတွင် ရွှေရသည့်နိုင်ငံ ၅၅ နိုင်ငံရှိ၍ ဆုရသည့်နိုင်ငံ ၁၁၈ နိုင်ငံရှိသည်။ Olympic ကျင်းပခ့ဲသည်မှာ ၂၉ကြိမ် တွင် ဆုတံဆိပ်ရဖူးသည့် နိုင်ငံ တော်တော် များခ့ဲလောက်ပြီ ဖြစ်သည်။ အာရှမှ စင်ကာပူ၊ အာဖဂန်နစ်စတန်တို့ အာဖရိကမှ တိုဂို၊ ဇင်ဘာဘွေ တို့ပင် ဒီတစ်ခေါက်တွင် ဆုရဖူးသွားကြပြီ။ နိုင်ငံလူဦးရေ နည်းလွန်း၍ ဆုမရသေးသည်ကို ကျွန်တော် လက်ခံနိုင်သော်လည်း လွတ်လပ်ရေးရကတည်းက ပြိုင်လာသော မြန်မာ က ဘာကြောင့် ဆုတစ်ခုမှ မရသေးသနည်း။ ကျွန်တော်ထင်သည်။ လူဦိးရေ သန်းငါးဆယ်အထက် ရှိပြီး ပြိုင်ပွဲ ဆယ်ကြိမ်အထက် ပါ၀င်ယှဉ်ပြိုင်ခ့ဲဖူးသော နိုင်ငံများတွင် ဆုမရဖူးသော နိုင်ငံဟူ၍ ကျွနု်ပ်တို့ ဘီရုမာဘဲရှိလိမ့်မည်။ ရှက်တတ်လျှင်လည်း ရှက်စရာ မဟုတ်ပါ။ အိမ်နီးချင်း အားကိုးတတ်သော မြန်မာတို့ အတွက် ဘင်္ဂလားဒေ့ရှ် နိူင်ငံ အဖေါ် ရှိနိုင်ပါသေးသည်ခင်ဗျား။ ။

“ မြန်မာ အားကစား ကမ္ဘာကို လွှမ်းရမည်”


XxXxXx 

(Zawgyi version) 

ၿပီးခ့ဲသည့္တစ္ပါတ္လံုး Beijing Olympic ၾကည့္ေနသျဖင့္ တနဂၤေႏြေန႔တြင္ ၿပီးသြားေသာအခါ ေတာ္ေတာ္ေငါင္ သြားပါသည္။ ၿပိဳင္ပြဲက်င္းပေနစဥ္ ႏွစ္ပါတ္လံုး အိပ္ရာထမွ ညအိပ္သည္အထိ အျပင္သြားခ်ိန္မွလြဲ၍ ၾကည့္ေနမိသည္။ အားကစားမ်ိဳးစံု စိတ္၀င္စားသျဖင့္ အေတာ္ပင္။ CCTV Channel ေလးခုမွ ေတာ္ေတာ္မ်ားမ်ား ပြဲမ်ား LIVE လႊင့္သျဖင့္ တစ္ခုမဟုတ္ တစ္ခုၾကည့္ေနယံုသာပင္။
ေရကူးတြင္ Michael Phelphs ေခါင္းေဆာင္ေသာ အေမရိကန္အဖြဲ႔ လႊမ္းမိုး ထား ႏိုင္သကဲ့သို႔ ဒိုင္ဗင္ၿပိဳင္ပြဲမ်ားတြင္ တ႐ုပ္တို႔ လႊမ္းမိုးထားသည္။ စင္ကာပူ TV CNA , ALJAZEERA TV စသည္တို႔က ဒိုင္ဗင္တြင္ တ႐ုပ္တို႔ ေ႐ႊ ဆုအားလံုး သိမ္းက်ံဴးယူ၍ History ေရးလိမ့္မည္ဟု ႀကိဳတင္ကာ ခန္႔မွန္းထားၾကသည္။ ထင္သည့္အတိုင္းဆုမ်ား ရၾကေသာ္လည္း အပိုင္တြက္ထားသည့္ ေနာက္ဆံုးၿပိဳင္ပြဲ 10 မီတာ အမ်ိဳးသား ဒိုင္ဗင္ပြဲတြင္ Australia မွ ေ႐ႊဆုယူသြားသျဖင့္ ေတာ္ေတာ္ ၀မ္းနည္းသြားၾကပံု ရပါသည္။
ေျပးခုန္ပစ္ ၿပိဳင္ပြဲမ်ားတြင္ Jamaica မွ Usain Bolt ကေ႐ႊ ၃ ခုယူသြားသည္။ ၃ပြဲစလံုးတြင္လည္း ကမာၻစံခ်ိန္မ်ား တင္သြားခ့ဲသည္။ က်န္ Jamaican အေျပးသမား မ်ားလည္း ေ႐ႊဆုမ်ားရသြား သျဖင့္ ၿပိဳင္ပြဲ၀င္ အနည္းဆံုးျဖင့္ ဆု အမ်ားဆံုးရသြားသည္။ အတန္ဆံုးပင္။
တ႐ုပ္ႏိုင္ငံမွ ေ႐ႊ ၅၁ ဆုရသျဖင့္ ကုန္က်စားရိတ္ တြက္ၾကည့္လွ်င္ ေ႐ႊ တစ္ဆုကို အေမရိကန္ေဒၚလာ သန္း၈၀၀ နီးပါးက်ေနသည္။ တန္ မတန္ ႏွစ္အနည္းငယ္ ၾကာမွ ေပၚလာမည္ျဖစ္သည္။ အာ႐ွမွ တိုက်ိဳ ( ၁၉၆၄) နွင့္ ဆိုးလ္ ( ၁၉၈၈) တို႔ Olympic ၿပိဳင္ပြဲ ေအာင္ျမင္စြာ က်င္းပၿပီးသည္ႏွင့္ ဖြံ႔ၿဖိဳးၿပီး ႏိုင္ငံအဆင့္ သို႔ေရာက္သြားၾကပါသည္။ တ႐ုပ္ႏိုင္ငံကေတာ့ ႏိုင္ငံႀကီးသည္ ျဖစ္၍ အနည္းငယ္ပိုေစာင့္ ရမည္ထင္ပါသည္။
တ႐ုပ္တို႔ အလြန္အထင္ႀကီး ခံခ်င္ေနပံုရသည္။ ၿပိဳင္ပြဲကို ေႏွာင့္႐ွက္မည္ဆိုးသျဖင့္ ကာကြယ္မႈမ်ိဳးစံု လုပ္ခ့ဲသည္။ ဖြင့္ပြဲေန႔တြင္ မီး႐ႈးမီးပန္းေဖါက္သည္ကို မိုးအုံ႔ေနလွ်င္ မျမင္မွာဆိုးသျဖင့္ အယင္ရက္မ်ားက TV ႀကိဳ႐ိုက္ထားသည္ကို တကယ္ဖြင့္ပြဲေန႔ LIVE လႊင့္ ခ်ိန္တြင္ ေရာလႊင့္ခဲ့သည္။ ဖြင့္ပြဲသီခ်င္း သီဆိုသူ ကေလးမငယ္မွာ ႐ုပ္မေခ်ာ သျဖင့္ အစားထိုး သ႐ုပ္ေဆာင္ေစခ့ဲသည္။ ဤသို႔လုပ္ခ်က္မ်ား ၿပိဳင္ပြဲမၿပီးခင္မွာပင္ ေပၚလာခ့ဲသျဖင့္ တ႐ုပ္အစိုးရ မ်က္ႏွာပ်က္စရာ ျဖစ္ခ့ဲရသည္။ ဂၽြမ္းဘားၿပိဳင္ပြဲ၀င္တစ္ခ်ိဳ႕ အသက္မျပည့္မႈ ကိုလည္း ျပန္အစစ္ ခိုင္းခံေနရသည္။ လူအထင္ႀကီးမႈ အရမ္းအထင္ ခံခ်င္ေနသူမ်ား သတိထားေစခ်င္သည္။
ယခုႏွစ္ၿပိဳင္ပြဲတြင္ ေ႐ႊရသည့္ႏိုင္ငံ ၅၅ ႏိုင္ငံ႐ွိ၍ ဆုရသည့္ႏိုင္ငံ ၁၁၈ ႏိုင္ငံ႐ွိသည္။ Olympic က်င္းပခ့ဲသည္မွာ ၂၉ၾကိမ္ တြင္ ဆုတံဆိပ္ရဖူးသည့္ ႏိုင္ငံ ေတာ္ေတာ္ မ်ားခ့ဲေလာက္ၿပီ ျဖစ္သည္။ အာ႐ွမွ စင္ကာပူ၊ အာဖဂန္နစ္စတန္တို႔ အာဖရိကမွ တိုဂို၊ ဇင္ဘာေဘြ တို႔ပင္ ဒီတစ္ေခါက္တြင္ ဆုရဖူးသြားၾကၿပီ။ ႏိုင္ငံလူဦးေရ နည္းလြန္း၍ ဆုမရေသးသည္ကို ကၽြန္ေတာ္ လက္ခံႏိုင္ေသာ္လည္း လြတ္လပ္ေရးရကတည္းက ၿပိဳင္လာေသာ ျမန္မာ က ဘာေၾကာင့္ ဆုတစ္ခုမွ မရေသးသနည္း။ ကၽြန္ေတာ္ထင္သည္။ လူဦိးေရ သန္းငါးဆယ္အထက္ ႐ွိၿပီး ၿပိဳင္ပြဲ ဆယ္ႀကိမ္အထက္ ပါ၀င္ယွဥ္ၿပိဳင္ခ့ဲဖူးေသာ ႏိုင္ငံမ်ားတြင္ ဆုမရဖူးေသာ ႏိုင္ငံဟူ၍ ကၽြႏု္ပ္တို႔ ဘီ႐ုမာဘဲ႐ွိလိမ့္မည္။ ႐ွက္တတ္လွ်င္လည္း ႐ွက္စရာ မဟုတ္ပါ။ အိမ္နီးခ်င္း အားကိုးတတ္ေသာ ျမန္မာတို႔ အတြက္ ဘဂၤလားေဒ့႐ွ္ ႏိူင္ငံ အေဖၚ ႐ွိႏိုင္ပါေသးသည္ခင္ဗ်ား။ ။
“ ျမန္မာ အားကစား ကမာၻကို လႊမ္းရမည္”

No comments:

Post a Comment

Thank you.