13 August 2008

စူပါ ပါ၀ါ - ၂

(Unicode version )


ထိုအချိန်ကျမှ ကျောက်ကြောင့်အောင့်မှန်း သေချာတော့သည်။ နှစ်လလောက်အတွင်း ခြောက်ကြိမ်လောက် ခံလိုက်ရသည်ထင်သည်။ သည်းခြေကို ultra sound ပြန်ရိုက်တော့ ကျောက်လေးလုံး တွေ့ရသည်။ 1.5cm နှစ်လုံး၊ 1.3cm တစ်လုံး နှင့် 1cm တစ်လုံးရှိနေသည်။ ပတ္တမြားသာဆို အမြန်ဆုံးခွဲထုတ်ပြီး ရောင်း၍ ကမ္ဘာပတ်ဖို့သာရှိတော့သည်။ ခုတော့ open surgery လုပ်ရမည်ဖြစ်သဖြင့် surgeon ဖြင့်သွားပြသည်။ တခြားနည်းမရှိပါ၊ ခွဲရမည်။ ကျောက်များကြီးသဖြင့် သည်းခြေထုတ်ရကိန်းပင်ရှိနေသည်။ ယာယီခရီးတို သွားရန်ရှိသဖြင့် ပြန်လာမှ ခွဲရန်ပြောလိုက်ပါသည်။

သွားရမည့်ခရီးကလည်း ပထမအကြိမ် ငါးရက်ရွေ့သည်။ ထိုအချိန်ထိ အစာ အနည်းငယ်သာ စားရ၍ လူက တော်တော် weak ဖြစ်နေပြီ။ စားတာနဲနဲများသွားလျှင်လည်း ဗိုက်အောင့်တော့ မစားရဲ၊ တဖြေးဖြေးချင်း တိုးတိုးစားနေရသည်။ ခရီးသွားနေစဉ် ဗိုက်အောင့်မှာလဲ စိုးရိမ်နေရသည်။ ခရီးစဉ်တွင် မလိုက်တော့ဖို့ အထိစဉ်းစားနေရသည်။

ထိုသို့စဉ်းစားရကြပ်နေချိန်တွင် စူပါ ပါဝါ နှင့်တွေ့ပါတော့သည်။ ယခင်ကျောက်ရှိ၍ အောင့်ဖူးသူက သူသောက်နေသည့် ဆေးတစ်မျိုးလာပြောပါသည်။ အလွန်စွမ်းကြောင်း၊ သူကိုယ်တိုင် ချက်ချင်းသက်သာသွားကြောင်း ပြောပြပါသည်။ ယခင်က ဗမာဆေး သောက်လေ့ မရှိသော်လည်း ဤတစ်ကြိမ်တွင် ခံစားနေရသဖြင့် ချက်ချင်းပင်စမ်းကြည့်ချင် စိတ်ပေါ်သွားပြီး သူ့အိမ်လိုက်သွားကာ စမ်းကြည့်မိပါသည်။

ပင်နယ်စလင် ပုလင်းတစ်၀က်ခန့် ရှိသောပုလင်းလေးထုတ်လာပါသည်။ အထဲတွင် အဖြူရောင် အမှုန့်လေးများပါပါသည်။ လဘက်ရေဇွန်း အသေးဧ။် လေးပုံတစ်ပုံခန့်ကို ရေများများနှင့်သောက်ရသည်ဟု ပြောသဖြင့် ုသူ့အိမ်တွင်ပင် တစ်ခွက်သောက်လိုက် ပါသည်။ ညနေ အိမ်ပြန်ရောက်ချိန်တွင် နောက်တစ်ခွက် သောက်လိုက်ပါသည်။ မှတ်မှတ်ရရ ထိုနေ့သည် သောကြာနေ့ဖြစ်ပြီး တနင်္လာနေ့တွင် ခရီးစထွက်ရပါမည်။

စနေနေ့ ညနေတွင်ဖုန်း၀င်လာပါသည်။ နောက်ထပ်တစ်လ နောက်ဆုတ်သွားပါသည်။ နောက်နေ့များတွင် ယခုလို ဆန်ပြုတ်သာ စားနေရပါက တစ်လကြာ၍ ခရီးသွားသော အချိန်တွင် လုံး၀အားရှိတော့မည် မဟုတ်ပါ။ ထို့အတွက် အချိန်ရတုံး တိုးတိုးစားကြည့်ပါသည်။ အ့ံသြစွာပင် ဗိုက်မအောင့်တော့ပါ။ စိတ်တထင့်ထင့်နှင့်ပင် ပိုပို၍ တိုးတိုးစားပါသည်။ တစ်ပါတ်ခန့်အတွင်း ပုံမှန်စားသည့် amount ရောက်နေပါပြီ။ ဗိုက်လုံး၀မအောင့်တော့ပါ။ လွန်စွာစိတ်ချမ်းသာရပါသည်။

ပါဝါ ဆေးမှာ တစ်နေ့နှစ်ကြိမ် သောက်ရပါသည်။ ဆေးမှုန့်အနည်းငယ်ခန့်ကို ရေများများနှင့်သောက်ရံုံသာဖြစ်သည်။ ဆေးညွှန်းအရ ရောဂါသည်းနေချိန်တွင် အဆီ၊အစပ် ရှောင်ရန်လိုသည်။ သက်သာချိန်မှစ၍ အကုန်အုပ်၍ရသည်။ ကျွန်တော်တော့ အကုန်စားပါသည်။ အထူးရှောင်ခြင်းမရှိပါ။ အဆီတော့ရှောင်စားပါသည်။ ဗိုက်အောင့်ချင်း အလျှင်းမရှိတော့ပါ။ သုံးလခန့် ဆေးဆက်သောက်ကြည့်ပြီး ultra sound ပြန်ရိုက်ကြည့်မည် စိတ်ကူးသည်။

ဆေးပုလင်းလေး နှင့် ဗူးကိုမြင်လျှင် အထင်ကြီးစရာပင် မရှိပါ။ အရွက်ငါးမျိုးမှ ထုတ်သည်ဟုဖေါ်ပြထားပါသည်။ ဗမာဆေးများတွင် ကျောက်ကြေသည်ဟုလူပြောများသော ဟင်းနုနွယ်၊ ကြက်မောက်ဆူးပြန်၊ မြင်းခွာရွက်၊ ထိကရုန်း၊ ကျောက်ကွဲရွက် ငါးမျိုးမှသာ ထုတ်လုပ်သည်ဟု ဖေါ်ပြထားပါသည်။ ဆေးပုလင်း ဓါတ်ပုံ လေးကိုပါ အမှတ်တရ ဖေါ်ပြလိုက်ပါသည်။ ။



မှတ်ချက်။ ။ ခွဲဖို့လို မလို ဗေဒင်သွားမေးခြင်းနှင့် ယတျာခြေခြင်းများလညထုံးစံအတိုင်း လုပ်ရပါသည်။ ၄င်းတို့အစွမ်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အသေးစိတ် သိလိုသူများ ဦးအ့ံ အားမေးနိူင်ပါသည် ခင်ဗျား။



XxXxXx

(Zawgyi version )


ထိုအခ်ိန္က်မွ ေက်ာက္ေၾကာင့္ေအာင့္မွန္း ေသခ်ာေတာ့သည္။ ႏွစ္လေလာက္အတြင္း ေျခာက္ႀကိမ္ေလာက္ ခံလိုက္ရသည္ထင္သည္။ သည္းေျခကို ultra sound ျပန္ရိုက္ေတာ့ ေက်ာက္ေလးလံုး ေတြ႔ရသည္။ 1.5cm ႏွစ္လံုး၊ 1.3cm တစ္လံုး ႏွင့္ 1cm တစ္လံုးရွိေနသည္။ ပတၱျမားသာဆို အျမန္ဆံုးခြဲထုတ္ၿပီး ေရာင္း၍ ကမာၻပတ္ဖို႔သာရွိေတာ့သည္။ ခုေတာ့ open surgery လုပ္ရမည္ျဖစ္သျဖင့္ surgeon ျဖင့္သြားျပသည္။ တျခားနည္းမရွိပါ၊ ခြဲရမည္။ ေက်ာက္မ်ားႀကီးသျဖင့္ သည္းေျခထုတ္ရကိန္းပင္ရွိေနသည္။ ယာယီခရီးတို သြားရန္ရွိသျဖင့္ ျပန္လာမွ ခြဲရန္ေျပာလိုက္ပါသည္။
သြားရမည့္ခရီးကလည္း ပထမအႀကိမ္ ငါးရက္ေရြ႕သည္။ ထိုအခ်ိန္ထိ အစာ အနည္းငယ္သာ စားရ၍ လူက ေတာ္ေတာ္ weak ျဖစ္ေနၿပီ။ စားတာနဲနဲမ်ားသြားလွ်င္လည္း ဗိုက္ေအာင့္ေတာ့ မစားရဲ၊ တေျဖးေျဖးခ်င္း တိုးတိုးစားေနရသည္။ ခရီးသြားေနစဥ္ ဗိုက္ေအာင့္မွာလဲ စိုးရိမ္ေနရသည္။ ခရီးစဥ္တြင္ မလိုက္ေတာ့ဖို႔ အထိစဥ္းစားေနရသည္။
ထိုသို႔စဥ္းစားရၾကပ္ေနခ်ိန္တြင္ စူပါ ပါ၀ါ ႏွင့္ေတြ႔ပါေတာ့သည္။ ယခင္ေက်ာက္ရွိ၍ ေအာင့္ဖူးသူက သူေသာက္ေနသည့္ ေဆးတစ္မ်ိဳးလာေျပာပါသည္။ အလြန္စြမ္းေၾကာင္း၊ သူကိုယ္တိုင္ ခ်က္ခ်င္းသက္သာသြားေၾကာင္း ေျပာျပပါသည္။ ယခင္က ဗမာေဆး ေသာက္ေလ့ မရွိေသာ္လည္း ဤတစ္ႀကိမ္တြင္ ခံစားေနရသျဖင့္ ခ်က္ခ်င္းပင္စမ္းၾကည့္ခ်င္ စိတ္ေပၚသြားၿပီး သူ႔အိမ္လိုက္သြားကာ စမ္းၾကည့္မိပါသည္။
ပင္နယ္စလင္ ပုလင္းတစ္၀က္ခန္႔ ရွိေသာပုလင္းေလးထုတ္လာပါသည္။ အထဲတြင္ အျဖဴေရာင္ အမႈန္႔ေလးမ်ားပါပါသည္။ လဘက္ေရဇြန္း အေသးဧ။္ ေလးပံုတစ္ပံုခန္႔ကို ေရမ်ားမ်ားႏွင့္ေသာက္ရသည္ဟု ေျပာသျဖင့္ ုသူ႔အိမ္တြင္ပင္ တစ္ခြက္ေသာက္လိုက္ ပါသည္။ ညေန အိမ္ျပန္ေရာက္ခ်ိန္တြင္ ေနာက္တစ္ခြက္ ေသာက္လိုက္ပါသည္။ မွတ္မွတ္ရရ ထိုေန႔သည္ ေသာၾကာေန႔ျဖစ္ၿပီး တနလၤာေန႔တြင္ ခရီးစထြက္ရပါမည္။
စေနေန႔ ညေနတြင္ဖုန္း၀င္လာပါသည္။ ေနာက္ထပ္တစ္လ ေနာက္ဆုတ္သြားပါသည္။ ေနာက္ေန႔မ်ားတြင္ ယခုလို ဆန္ျပဳတ္သာ စားေနရပါက တစ္လၾကာ၍ ခရီးသြားေသာ အခ်ိန္တြင္ လံုး၀အားရွိေတာ့မည္ မဟုတ္ပါ။ ထို႔အတြက္ အခ်ိန္ရတံုး တိုးတိုးစားၾကည့္ပါသည္။ အ့ံၾသစြာပင္ ဗိုက္မေအာင့္ေတာ့ပါ။ စိတ္တထင့္ထင့္ႏွင့္ပင္ ပိုပို၍ တိုးတိုးစားပါသည္။ တစ္ပါတ္ခန္႔အတြင္း ပံုမွန္စားသည့္ amount ေရာက္ေနပါၿပီ။ ဗိုက္လံုး၀မေအာင့္ေတာ့ပါ။ လြန္စြာစိတ္ခ်မ္းသာရပါသည္။
ပါ၀ါ ဆးမွာ တစ္ေန႔ႏွစ္ၾကိမ္ ေသာက္ရပါသည္။ ေဆးမႈန္႔အနည္းငယ္ခန္႔ကို ေရမ်ားမ်ားႏွင့္ေသာက္ရံံုသာျဖစ္သည္။ ေဆးညႊန္းအရ ေရာဂါသည္းေနခ်ိန္တြင္ အဆီ၊အစပ္ ေရွာင္ရန္လိုသည္။ သက္သာခ်ိန္မွစ၍ အကုန္အုပ္၍ရသည္။ ကၽြန္ေတာ္ေတာ့ အကုန္စားပါသည္။ အထူးေရွာင္ျခင္းမရွိပါ။ အဆီေတာ့ေရွာင္စားပါသည္။ ဗိုက္ေအာင့္ခ်င္း အလွ်င္းမရွိေတာ့ပါ။ သံုးလခန္႔ ေဆးဆက္ေသာက္ၾကည့္ၿပီး ultra sound ျပန္ရိုက္ၾကည့္မည္ စိတ္ကူးသည္။
ေဆးပုလင္းေလး ႏွင့္ ဗူးကိုျမင္လွ်င္ အထင္ႀကီးစရာပင္ မရွိပါ။ အရြက္ငါးမ်ိဳးမွ ထုတ္သည္ဟုေဖၚျပထားပါသည္။ ဗမာေဆးမ်ားတြင္ ေက်ာက္ေၾကသည္ဟုလူေျပာမ်ားေသာ ဟင္းႏုႏြယ္၊ ၾကက္ေမာက္ဆူးျပန္၊ ျမင္းခြာရြက္၊ ထိကရုန္း၊ ေက်ာက္ကြဲရြက္ ငါးမ်ိဳးမွသာ ထုတ္လုပ္သည္ဟု ေဖၚျပထားပါသည္။ ေဆးပုလင္း ဓါတ္ပံု ေလးကိုပါ အမွတ္တရ ေဖၚျပလိုက္ပါသည္။ ။
မွတ္ခ်က္။ ။ ခြဲဖို႔လို မလို ေဗဒင္သြားေမးျခင္းႏွင့္ ယတ်ာေျချခင္းမ်ားလညထံုးစံအတိုင္း လုပ္ရပါသည္။ ၄င္းတို႔အစြမ္းေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ အေသးစိတ္ သိလိုသူမ်ား ဦးအ့ံ အားေမးႏိူင္ပါသည္ ခင္ဗ်ား။

2 comments:

  1. လိပ္စာေလးေပးပါ ဘယ္မွာဝယ္ရမလဲသိခ်င္လို႔ပါ

    ReplyDelete
  2. လိပ္စာေလးေပးပါ ဘယ္မွာဝယ္ရမလဲသိခ်င္လို႔ပါ

    ReplyDelete

Thank you.