23 August 2008

မြန်မာ နှင့် အိုလံပစ်









(Unicode version)



ကျွန်တော် Blog ရေးရာတွင် နိုင်ငံခြားသတင်းများကို ဘာသာပြန်၍ ရေးရန်စိတ်ကူးမရှိပါ။ သတင်းကို ဖတ်မိ၍ ဖြစ်ပေါ်လာသော စိတ်ကူးကိုသာ ရေးချင်ပါသည်။ သို့သော် ပြီးခ့ဲသည့် အပါတ်အတွင်းက ဖတ်ခဲ့ရသော စင်ကာပူ သတင်းစာမှ သတင်းလေးကိုမူ ပြန်ပြောပြချင်ပါသည်။

ယခုကျင်းပနေသော Beijing olympic တွင် One China Policy ကြောင့် HongKong, နှင့် Taiwan တို့ ပါ၀င်ယှဉ်ပြိုင်ရာတွင် Chinese(hongKong) , Chinese(Taipei) စသည်ဖြင့်သာ နာမည်တပ်ခွင့်ရပါသည်။ အလံ လွှင့်ရာတွင်လည်း နိုင်ငံဧ။် Olympic တံဆိပ် ကိုသာ လွှင့်ခွင့်ရပါသည်။

ထိုအတွက် ထိုင်၀မ်မှ အားပေးသူများ အပြည့်အ၀ ကြေနပ်ကြဟန်မတူပါ။ မိမိနိုင်ငံမှ အားကစားသမား ယှဉ်ပြိုင်နေချိန်တွင် မိမိ နိုင်ငံအလံကိုသာ ေ၀့ှရမ်း၍ အားပေးချင်မည််မှာ အမှန်ပင်။ ထိုအခါ ထိုင်၀မ် အလံသုံးခွင့် မရှိ သည့်အတွက် ထိုင်၀မ်အလံနှင့် အတူဆုံးဖြစ်သည့် မြန်မာအလံကို သုံး၍ အားပေးကြမည်ဟု ဆိုပါသည်။ ကောင်းသော စိတ်ကူးပင်။

မထိတထိရေးတပ်သော မြန်မာဂျာနယ်လစ်များ “ အိုလံပစ် ပြိုင်ပွဲတွင် မြန်မာများ မြန်မာအလံလွှင့်၍့့် အားပေး” ဟုရေးကြမည်လား၊ ထိုသို့ရေးတပ်သူများမှာ အားကစားဆိုလျှင် နကန်းတစ်လုံး မသိသဖြင့် ဘာအလံမှ မတွေ့ ဖြစ်မည်လား၊ မပြောတတ်တော့ပါ ခင်ဗျား။ ။



XxXxXx

(Zawgyi version)

ကၽြန္ေတာ္ Blog ေရးရာတြင္ ႏိုင္ငံျခားသတင္းမ်ားကို ဘာသာျပန္၍ ေရးရန္စိတ္ကူးမ႐ွိပါ။ သတင္းကို ဖတ္မိ၍ ျဖစ္ေပၚလာေသာ စိတ္ကူးကိုသာ ေရးခ်င္ပါသည္။ သို႔ေသာ္ ၿပီးခ့ဲသည့္ အပါတ္အတြင္းက ဖတ္ခဲ့ရေသာ စင္ကာပူ သတင္းစာမွ သတင္းေလးကိုမူ ျပန္ေျပာျပခ်င္ပါသည္။
ယခုက်င္းပေနေသာ Beijing olympic တြင္ One China Policy ေၾကာင့္ HongKong, ႏွင့္ Taiwan တို႔ ပါ၀င္ယွဥ္ၿပိဳင္ရာတြင္ Chinese(hongKong) , Chinese(Taipei) စသည္ျဖင့္သာ နာမည္တပ္ခြင့္ရပါသည္။ အလံ လႊင့္ရာတြင္လည္း ႏိုင္ငံဧ။္ Olympic တံဆိပ္ ကိုသာ လႊင့္ခြင့္ရပါသည္။
ထိုအတြက္ ထိုင္၀မ္မွ အားေပးသူမ်ား အျပည့္အ၀ ေၾကနပ္ၾကဟန္မတူပါ။ မိမိႏိုင္ငံမွ အားကစားသမား ယွဥ္ၿပိဳင္ေနခ်ိန္တြင္ မိမိ ႏိုင္ငံအလံကိုသာ ေ၀ွ႔ရမ္း၍ အားေပးခ်င္မည္္မွာ အမွန္ပင္။ ထိုအခါ ထိုင္၀မ္ အလံသံုးခြင့္ မ႐ွိ သည့္အတြက္ ထိုင္၀မ္အလံႏွင့္ အတူဆံုးျဖစ္သည့္ ျမန္မာအလံကို သံုး၍ အားေပးၾကမည္ဟု ဆိုပါသည္။ ေကာင္းေသာ စိတ္ကူးပင္။
မထိတထိေရးတပ္ေသာ ျမန္မာဂ်ာနယ္လစ္မ်ား “ အိုလံပစ္ ၿပိဳင္ပြဲတြင္ ျမန္မာမ်ား ျမန္မာအလံလႊင့္၍့့္ အားေပး” ဟုေရးၾကမည္လား၊ ထိုသို႔ေရးတပ္သူမ်ားမွာ အားကစားဆိုလွ်င္ နကန္းတစ္လံုး မသိသျဖင့္ ဘာအလံမွ မေတြ႕ ျဖစ္မည္လား၊ မေျပာတတ္ေတာ့ပါ ခင္ဗ်ား။ ။

No comments:

Post a Comment

Thank you.