29 July 2008

ဆပ်ဘလတ္တာ

(Unicode version )

ဒီ တစ်ခါတော့ ဘောလုံးအကြောင်း ပြောပါဦးမယ်။ နဲနဲကြီးကြီးကျယ်ကျယ် ဘောလုံးဥပဒေ တစ်ချို့ကို ပြင်ချင်လို့ပါ။ ဘောပွဲတွေကြည့်ယင်း စဉ်းစားမိတာလေးတွေပေါ့။၁ ။ တစ်ဖက်နဲ့တဖက် ကစားသမား အရေအတွက် တူနေချိန်မှာ လူကျွန်ဘော (off side) ဥပဒေမသုံးသင့်ပါဘူး။ လူကျွန်ဘောဖမ်းနေရတာနဲ့ ဒိုင်လူကြီးတွေ အလုပ်ရှုပ်ပါတယ်။ အငြင်းပွားနေရတာလဲ တစ်ချိန်လုံးပါဘဲ။ နှစ်ဖက် ကစားသမားတူနေချိန်မှာ ဘောခိုးချင်လဲ သူခိုးကိုယ်ခိုးပေါ့။ ဘတ်စကက်ဘော မှာ ဒီအတိုင်းကျင့်သုံးပါတယ်။ အဲ တစ်သင်းသင်းက ကစားသမားတစ်ဦးဦး အထုတ်ခံရပြီဆိုယင်တော့ လူကျွန်ဘော ဥပဒေ သုံးရပါမယ်။ ကျန်အသင်းက တစ်ဦးအထုတ်ခံရပြီဆို ကစားသမားညီသွားပါပြီ။ ဒါဆိုယင် လူကျွန်ဘော ဥပဒေ မလိုတော့ပြန်ပါဘူး။ ရှင်းရှင်းလေးပါ။ နှစ်ဆက်အသင်း ကစားသမားညီနေသမျှ လူကျွန်ဘော ဥပဒေမလိုဘူပေါ့။ ဒိုင်လူကြီးလဲ တစ်ခြားကိစ္စတွေ ပိုအာရုံစိုက်နိုင်တာပေါ့။၂ ။ နောက်တစ်ခုက ဂိုးသမား ဘောလုံးကိုင်ထားနိုင်တ့ဲ အချိန်နဲ့ဆိုင်ပါတယ်။ အခုလက်ရှိဥပဒေက ဂိုးသမားဟာ ၆ စက္ကန့်လားမသိ၊ ကိုင်ထားနိုင်ပါတယ်။ ဒါပေမ့ဲ သူ့အနားမှာ တစ်ဖက်အသင်းက ကစားသမားရှိနေယင် ခက်နေပါတယ်။ ဒီတော့ဥပဒေကို ပြောင်းသင့်ပါတယ်။ တစ်ဖက်အသင်းမှ ကစားသမား ဂိုးဧရိယာ အတွင်းမှ ထွက်ခွါချိန်မှ ၆ စက္ကန့်ထိ ဂိုးသမားသည် ဘောလုံးကို ကိုင်ထားခွင့်ရှိသည်။ ၆ စက္ကန့်ကျော်ယင် အရင်ဥပဒေအတိုင်းပါဘဲ။ တဆင့်ကန်ဘောပေါ့။ ၆ စက္ကန့်ကို ဒိုင်လူကြီးအပြင် စည်းကျပ်ဒိုင်ကလဲ ကြည့်နိုင်ပါတယ်။၃ ။ နောက်ဆုံးတစ်ခုက လဲကျဘောလုံးသမားအတွက်ရည်ရွယ်ပါတယ်။ ဘောလုံးသမားတစ်ယောက် အနာတရ ဖြစ်လို့ ကွင်းပြင်ကို သယ်ထုတ်ရလျှင် သုံးမိနစ်ကြာမှ ကွင်းအတွင်းပြန်ကစား ခွင့်ပြုရပါမယ်။ ဟန်ဆောင်ဒိုင်ဗင်သမားတွေ လျှော့သွားအောင်လို့ပါ။ တကယ်အနာရလျှင်လဲပြုစု ရတာနဲ့ ဒီအချိန်လောက်တော့ ကုန်မှာပါဘဲ။ ဟန်ဆောင် လဲချင်ယင်လဲ လုပ်ပေါ့။ သုံးမိနစ်ဆိုတာ အကျိတ်အနယ်ဆို တော်တော် တန်ဖိုးရှိတ့ဲအချိန်ပါ။ စတုတၳဒိုင်က ဒီသုံးစက္ကန့်ကို ရေတွက်ပေးရပါမယ်။

ဒီဥပဒေ သုံးခုကို ဘယ်လိုသဘောရကြပါသလဲ။ FIFA ဥက္ကဌ ဆပ်ဘလတ္တာကို အားကျလို့ မဟုတ်ရပါဘူး။ ဘောလုံးပွဲတွေ ကြည့်တိုင်း အထစ်အငေါ့လေး ဖြစ်ဖြစ်နေတာ သတိရလို့ပါ။ အင်္ဂလိပ်လို ရှင်းအောင်ရေးနိုင်ယင် FIFA ကိုပို့ပါရဲ့။ ကျွန်တော့် ဆရာဒီးသာရှိယင် ဘာသာဘဲပြန်ပေးမလား။ ရှုပ်လိုက်တာ၊ သူ့ဖာသာသူ ရှင်းနေတာ ရှုပ်အောင်မလုပ်နဲ့ဆိုပြီး ဆဲမလားတော့ မသိပါဘူး။ ။


XxXxXx 

(Zawgyi version) 

ဒီ တစ္ခါေတာ့ ေဘာလံုးအေၾကာင္း ေျပာပါဦးမယ္။ နဲနဲႀကီးႀကီးက်ယ္က်ယ္ ေဘာလံုးဥပေဒ တစ္ခ်ိဳ႕ကို ျပင္ခ်င္လို႔ပါ။ ေဘာပြဲေတြၾကည့္ယင္း စဥ္းစားမိတာေလးေတြေပါ့။ ။ တစ္ဖက္နဲ႔တဖက္ ကစားသမား အေရအတြက္ တူေနခ်ိန္မွာ လူကၽြန္ေဘာ (off side) ဥပေဒမသံုးသင့္ပါဘူး။ လူကၽြန္ေဘာဖမ္းေနရတာနဲ႔ ဒိုင္လူႀကီးေတြ အလုပ္ရႈပ္ပါတယ္။ အျငင္းပြားေနရတာလဲ တစ္ခ်ိန္လံုးပါဘဲ။ ႏွစ္ဖက္ ကစားသမားတူေနခ်ိန္မွာ ေဘာခိုးခ်င္လဲ သူခိုးကိုယ္ခိုးေပါ့။ ဘတ္စကက္ေဘာ မွာ ဒီအတိုင္းက်င့္သံုးပါတယ္။ အဲ တစ္သင္းသင္းက ကစားသမားတစ္ဦးဦး အထုတ္ခံရၿပီဆိုယင္ေတာ့ လူကၽြန္ေဘာ ဥပေဒ သံုးရပါမယ္။ က်န္အသင္းက တစ္ဦးအထုတ္ခံရၿပီဆို ကစားသမားညီသြားပါၿပီ။ ဒါဆိုယင္ လူကၽြန္ေဘာ ဥပေဒ မလိုေတာ့ျပန္ပါဘူး။ ရွင္းရွင္းေလးပါ။ ႏွစ္ဆက္အသင္း ကစားသမားညီေနသမွ် လူကၽြန္ေဘာ ဥပေဒမလိုဘူေပါ့။ ဒိုင္လူႀကီးလဲ တစ္ျခားကိစၥေတြ ပိုအာ႐ုံစိုက္ႏိုင္တာေပါ့။ ။ ေနာက္တစ္ခုက ဂိုးသမား ေဘာလံုးကိုင္ထားနိုင္တ့ဲ အခ်ိန္နဲ႔ဆိုင္ပါတယ္။ အခုလက္ရွိဥပေဒက ဂိုးသမားဟာ ၆ စကၠန္႔လားမသိ၊ ကိုင္ထားႏိုင္ပါတယ္။ ဒါေပမ့ဲ သူ႕အနားမွာ တစ္ဖက္အသင္းက ကစားသမားရွိေနယင္ ခက္ေနပါတယ္။ ဒီေတာ့ဥပေဒကို ေျပာင္းသင့္ပါတယ္။ တစ္ဖက္အသင္းမွ ကစားသမား ဂိုးဧရိယာ အတြင္းမွ ထြက္ခြါခ်ိန္မွ ၆ စကၠန္႔ထိ ဂိုးသမားသည္ ေဘာလံုးကို ကိုင္ထားခြင့္ရွိသည္။ ၆ စကၠန္႔ေက်ာ္ယင္ အရင္ဥပေဒအတိုင္းပါဘဲ။ တဆင့္ကန္ေဘာေပါ့။ ၆ စကၠန္႔ကို ဒိုင္လူႀကီးအျပင္ စည္းက်ပ္ဒိုင္ကလဲ ၾကည့္နိုင္ပါတယ္။ ။ ေနာက္ဆံုးတစ္ခုက လဲက်ေဘာလံုးသမားအတြက္ရည္ရြယ္ပါတယ္။ ေဘာလံုးသမားတစ္ေယာက္ အနာတရ ျဖစ္လို႔ ကြင္းျပင္ကို သယ္ထုတ္ရလွ်င္ သံုးမိနစ္ၾကာမွ ကြင္းအတြင္းျပန္ကစား ခြင့္ျပဳရပါမယ္။ ဟန္ေဆာင္ဒိုင္ဗင္သမားေတြ ေလွ်ာ့သြားေအာင္လို႔ပါ။ တကယ္အနာရလွ်င္လဲျပဳစု ရတာနဲ႔ ဒီအခ်ိန္ေလာက္ေတာ့ ကုန္မွာပါဘဲ။ ဟန္ေဆာင္ လဲခ်င္ယင္လဲ လုပ္ေပါ့။ သံုးမိနစ္ဆိုတာ အက်ိတ္အနယ္ဆို ေတာ္ေတာ္ တန္ဖိုးရွိတ့ဲအခ်ိန္ပါ။ စတုတၳဒိုင္က ဒီသံုးစကၠန္႔ကို ေရတြက္ေပးရပါမယ္။
ဒီဥပေဒ သံုးခုကို ဘယ္လိုသေဘာရၾကပါသလဲ။ FIFA ဥကၠဌ ဆပ္ဘလတၱာကို အားက်လို႔ မဟုတ္ရပါဘူး။ ေဘာလံုးပြဲေတြ ၾကည့္တိုင္း အထစ္အေငါ့ေလး ျဖစ္ျဖစ္ေနတာ သတိရလုိ႔ပါ။ အဂၤလိပ္လို ရွင္းေအာင္ေရးႏိုင္ယင္ FIFA ကိုပို႔ပါရဲ့။ ကၽြန္ေတာ့္ ဆရာဒီးသာရွိယင္ ဘာသာဘဲျပန္ေပးမလား။ ရႈပ္လိုက္တာ၊ သူ႕ဖာသာသူ ရွင္းေနတာ ရႈပ္ေအာင္မလုပ္နဲ႔ဆိုၿပီး ဆဲမလားေတာ့ မသိပါဘူး။ ။

No comments:

Post a Comment

Thank you.