22 July 2008

ဒီတစ်ပတ်

(Unicode version)

ဒီတစ်ပတ် အတွင်းဗိုလ်ချုပ် ၃ ယောက် ညောင်ပင်စိုက်၍ ပြန်ထွက်လာသဖြင့် ဘယ်သူခွဲခွဲ ၃ ပုဒ် လွဲသွားပါသည်။ ဆန္ဒစောသွားသဖြင့် တောင်းပန်ပါသည်။


MRTV-4 တွင်ကျော်ဟိန်းနှင့်ဗျူးထားသော SUNDAY TALK ကြည့်လိုက်ရပါသည်။ တစ်ခုခုတော့ လွဲနေပြီထင်သည်။ ကျော်ဟိန်းဘဲ တရားရနေသလား၊ တစ်ခုခုတော့ အကြီးအကျယ် လွဲနေပြီ၊ဂျာနယ်များတွင်လဲ တရားဟောတော့မည့် အကြောင်းများ ထ့ဲပေးနေကြသည်။ မြှောက်ပေးနေကြတာတော့ မဟုတ်တန်ရာ။ ၀ိပဿနာ ဆိုသော စကားလုံးမသုံးဘဲ စိတ်လေ့ကျင့်ခန်းဟုသာ သုံးသည်။ ထွင်တာတော့မဟုတ်တန်ရာ။


နောက်ရက်အနည်းငယ်ဆို သြဂုတ်လထဲ ရောက်တော့မည်။ သြဂုတ်လ အတွင်းတွင် နေလဲကြတ်မည်။ လလဲကြတ်မည်။ ယင်းတို့ရဲ့နောက်ဆက်တွဲကို ခြောက်လအတွင်း တွေ့ရမည်ဟု ဆိုသည်။ နောက်တခါ ဒီလအတွင်းတွင် စနေနံနှင့်စသော ဟိုဂြိုဟ်လေးနှင့် အင်္ဂါနံနှင့်စသော ဟိုဂြိုဟ်လေး တို့ ဟောဟိုနားမှာ ဆုံကြမည်။ ရန်ဖြစ်ကြသည်ဆိုလားမသိ။ အဲဒီ အကျိုးဆက်လေးတွေလဲ တွေ့ရဦးမည်။


ဒီလအတွင်းမှာပင် လနှစ်ခါကွယ်သည်။ သုံးလေးနှစ်တစ်ခါ ဖြစ်တတ်ပါသည်။ လနှစ်ခါပြည့်လျှင် ဒုတိယလပြည့်ကို ရှေးပြက္ခဒိန်များတွင် အပြာရောင်ဖြင့်ဖေါ်ပြလေ့ ရှိသဖြင့် Once in the blue moon ဟုသုံးလေ့ရှိသည်ဟု ဖတ်ဖူးပါသည်။ ဖြစ်တောင့်ဖြစ်ခဲ ဟုဆိုလိုခြင်းဖြစ်သည်။


သြဂုတ်လ အတွင်းအထူးခြားဆုံးမှာ ( ၈-၈-၀၈) ဂ-ဂ-ဂ ရက်နေ့ကျနေ့ခြင်းပင်။ ရှေးမြန်မာ သမိုင်းတွင် ဂငယ် ၃ခု ဥသျှစ်ထု ဟုဆိုရိုးစကားရှိသည်။ ဗမာပြည်ပျက်ခ့ဲဘူးသည့် နေ့တစ်နေ့ပင်။ ဒီတော့ ဒီသြဂုတ်လအတွင်း တိုက်ဆိုင်မှုတွေ များနေသည်။ လူတွေကလဲ မျှော်လင့်နေကြသည်။ ကျွန်တော်ကတော့ ပြည်မပျက်စေချင်ပါ။ ထိရောက်သော ပြောင်းလဲမှုလေးများလောက်ကိုသာ မျှော်လင့်မိပါသည်ခင်ဗျား။ ။


XxXxXx 

(Zawgyi version) 

ဒီတစ္ပတ္ အတြင္းဗိုလ္ခ်ဳပ္ ၃ ေယာက္ ေညာင္ပင္စိုက္၍ ျပန္ထြက္လာသျဖင့္ ဘယ္သူခြဲခြဲ ၃ ပုဒ္ လြဲသြားပါသည္။ ဆႏၵေစာသြားသျဖင့္ ေတာင္းပန္ပါသည္။

MRTV-4 တြင္ေက်ာ္ဟိန္းႏွင့္ဗ်ဴးထားေသာ SUNDAY TALK ၾကည့္လိုက္ရပါသည္။ တစ္ခုခုေတာ့ လြဲေနၿပီထင္သည္။ ေက်ာ္ဟိန္းဘဲ တရားရေနသလား၊ တစ္ခုခုေတာ့ အႀကီးအက်ယ္ လြဲေနၿပီ၊ဂ်ာနယ္မ်ားတြင္လဲ တရားေဟာေတာ့မည့္ အေၾကာင္းမ်ား ထ့ဲေပးေနၾကသည္။ ေျမွာက္ေပးေနၾကတာေတာ့ မဟုတ္တန္ရာ။ ၀ိပႆနာ ဆိုေသာ စကားလံုးမသံုးဘဲ စိတ္ေလ့က်င့္ခန္းဟုသာ သံုးသည္။ ထြင္တာေတာ့မဟုတ္တန္ရာ။

ေနာက္ရက္အနည္းငယ္ဆို ၾသဂုတ္လထဲ ေရာက္ေတာ့မည္။ ၾသဂုတ္လ အတြင္းတြင္ ေနလဲၾကတ္မည္။ လလဲၾကတ္မည္။ ယင္းတို႔ရဲ႕ေနာက္ဆက္တြဲကို ေျခာက္လအတြင္း ေတြ႕ရမည္ဟု ဆိုသည္။ ေနာက္တခါ ဒီလအတြင္းတြင္ စေနနံႏွင့္စေသာ ဟိုျဂိဳဟ္ေလးႏွင့္ အဂၤါနံႏွင့္စေသာ ဟိုၿဂိဳဟ္ေလး တို႔ ေဟာဟိုနားမွာ ဆံုၾကမည္။ ရန္ျဖစ္ၾကသည္ဆိုလားမသိ။ အဲဒီ အက်ိဳးဆက္ေလးေတြလဲ ေတြ႔ရဦးမည္။

ဒီလအတြင္းမွာပင္ လႏွစ္ခါကြယ္သည္။ သံုးေလးႏွစ္တစ္ခါ ျဖစ္တတ္ပါသည္။ လႏွစ္ခါျပည့္လွ်င္ ဒုတိယလျပည့္ကို ေရွးျပကၡဒိန္မ်ားတြင္ အျပာေရာင္ျဖင့္ေဖၚျပေလ့ ရွိသျဖင့္ Once in the blue moon ဟုသံုးေလ့ရွိသည္ဟု ဖတ္ဖူးပါသည္။ ျဖစ္ေတာင့္ျဖစ္ခဲ ဟုဆိုလိုျခင္းျဖစ္သည္။

ၾသဂုတ္လ အတြင္းအထူးျခားဆံုးမွာ ( ၈-၈-၀၈) ဂ-ဂ-ဂ ရက္ေန႔က်ေန႔ျခင္းပင္။ ေရွးျမန္မာ သမိုင္းတြင္ ဂငယ္ ၃ခု ဥသွ်စ္ထု ဟုဆိုရိုးစကားရွိသည္။ ဗမာျပည္ပ်က္ခ့ဲဘူးသည့္ ေန႔တစ္ေန႔ပင္။ ဒီေတာ့ ဒီၾသဂုတ္လအတြင္း တိုက္ဆိုင္မႈေတြ မ်ားေနသည္။ လူေတြကလဲ ေမွ်ာ္လင့္ေနၾကသည္။ ကၽြန္ေတာ္ကေတာ့ ျပည္မပ်က္ေစခ်င္ပါ။ ထိေရာက္ေသာ ေျပာင္းလဲမႈေလးမ်ားေလာက္ကိုသာ ေမွ်ာ္လင့္မိပါသည္ခင္ဗ်ား။ ။

No comments:

Post a Comment

Thank you.