13 July 2008

ဘယ်သူခွဲခွဲ - ၂

(Unicode version)

ကျွန်တော်ပြောလိုသည်မှာ ခုမှစပါမည်။ ၁၉၈၈တွင် န၀တ အဖြစ် ဗိုလ်ချုပ်စောမောင် ခေါင်းဆောင်ကာ ဖွဲ့စည်းခ့ဲသည်။ လအနည်းငယ်အကြာ မှော်ဘီဗိုလ်သင်တန်းဆင်းပွဲတွင် ထိုစဉ်က ဒုချုပ် ဗိုလ်ချုပ်သန်းရွှေက ကျောင်းဆင်းမိန့်ခွန်းတွင် ဆောင်ပုဒ်များပြောခ့ဲပါသည်။ တစ်နိုင်ငံလုံး ဆိုင်းဘုတ်အနီကြီးများဖြင့် ကြော်ငြာကြ၍ မသိသူများက ကွန်မြူနစ်ဘက် ပြန်သွားတော့မည်လားဟုပင် စိုးရိမ်ခ့ဲမိသည်။ ထိုအထဲမှ တစ်ခုမှာ “ ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည်၊” တ့ဲ။

များမကြာမှီမှာပင် ဗိုလ်ချုပ်စောမောင် ဆေးနား နားရ၍ ဗိုလ်ချုပ်သန်းရွှေ ဥက္ကဌ ဖြစ်လာပါသည်။ ဒုတိယဥက္ကဌကို ချက်ချင်းမခန့်နိုင်ဘဲ အတွင်းရေးမှုးများနှင့် အဖွဲ့၀င်တိုင်းမှုးများကြား အားပြိုင်နေကြဟန်တူပါသည်။ အတန်ကြာမှ ဗိုလ်ချုပ်မောင်အေး ဒုဥက္ကဌ ဖြစ်လာပါသည်။ တိုင်းမှုးများကိုလည်း ၀န်ကြီးများအဖြစ် ပြောင်းရွှေ့ခန့်ထားခ့ဲပါသည်။ ထိုစဉ်က အဖွဲ့၀င်တိုင်း ဒုဗိုလ်ချုပ်ကြီးများ ဖြစ်နေကြပါပြီ။ မော်လမြိုင်မှ တိုင်းမှုးတစ်ဦးသာ ဆေးနားဖြင့်မပါ၀င်တော့ပါ။

၁၉၉၇ ခန့်တွင် ဦးနေ၀င်း အင်ဒိုနီးရှားသမတ ဆူဟာတိုဧ။်ကတော် အသုဘ သွားပို့ပါသည်။ အင်ဒိုနီးရှားမှအပြန် စင်ကာပူမှ အတွင်းရေးမှုး (၁) ဗိုလ်ချုပ်ခင်ညွန့်ကို လှမ်းခေါ်ပြော လိုက်ဟန်တူပါသည်။ ဗိုလ်ချုပ်ခင်ညွန့် ပြန်လာပြီး ရက်အနည်းငယ် အကြာမှာပင် ထိုတစ်ဖွဲ့လုံးကို ဖြုတ်ပစ်လိုက်ပါတော့သည်။ တိုက်ဆိုင်မှုလားတော့ မသိပါ။

ထိုအချိန် တိုင်းမှုးဖြစ်နေသူများကို အဖွဲ့၀င်အဖြစ် ပါ၀င်စေကာ အဖွဲ့အသစ်ဖွဲ့ပါသည်။ အဖွဲ့သစ်တွင် အတွင်းရေးမှုး (၃) ပါခန့်ခ့ဲသည်။ များမကြာမှီပင် အတွင်းရေးမှုး (၂) နှင့် အဖွဲ့၀င် ဗိုလ်ချုပ်စစ်မောင် ရဟတ်ယာဉ် ပျက်ကျ၍ ကွယ်လွန်ပြန်သည်။ ထို့နောက် နှစ်အနည်းငယ် အကြာမှာပင် အတွင်းရေးမှုး (၃) ဗိုလ်ချုပ်၀င်းမြင့် နှင့် စစ်ထောက်ချုပ် ဗိုလ်ချုပ်တင်လှ နှစ်ဦးစလုံး အဖြုတ််ခံရကာ တိုင်းမှုးများလည်း အဖွဲ့အသစ်ဧ။် အဖွဲ့၀င်များအဖြစ် ကာကွယ်ရေး၀န်ကြီးဌာနသို့ ခေါ်ယူခ့ဲသည်။ နောက်ဖြစ် တိုင်းမှုးများ၊ ကာကွယ်ရေးဦးစီးချုပ် ရေ၊ လေ များမှာ အဖွဲ့၀င်မဖြစ်ခ့ဲကြရပါ။


XxXxXx 

(Zawgyi version )

ကၽြန္ေတာ္ေျပာလိုသည္မွာ ခုမွစပါမည္။ ၁၉၈၈တြင္ န၀တ အျဖစ္ ဗိုလ္ခ်ဳပ္ေစာေမာင္ ေခါင္းေဆာင္ကာ ဖြဲ႔စည္းခ့ဲသည္။ လအနည္းငယ္အၾကာ ေမွာ္ဘီဗိုလ္သင္တန္းဆင္းပြဲတြင္ ထိုစဥ္က ဒုခ်ဳပ္ ဗိုလ္ခ်ဳပ္သန္းေရႊက ေက်ာင္းဆင္းမိန္႔ခြန္းတြင္ ေဆာင္ပုဒ္မ်ားေျပာခ့ဲပါသည္။ တစ္ႏိုင္ငံလံုး ဆိုင္းဘုတ္အနီႀကီးမ်ားျဖင့္ ေၾကာ္ျငာၾက၍ မသိသူမ်ားက ကြန္ျမဴနစ္ဘက္ ျပန္သြားေတာ့မည္လားဟုပင္ စိုးရိမ္ခ့ဲမိသည္။ ထိုအထဲမွ တစ္ခုမွာ “ ဘယ္သူခြဲခြဲ တို႔မကြဲ၊ အျမဲစည္းလံုးမည္၊” တ့ဲ။
မ်ားမၾကာမွီမွာပင္ ဗိုလ္ခ်ဳပ္ေစာေမာင္ ေဆးနား နားရ၍ ဗိုလ္ခ်ဳပ္သန္းေရႊ ဥကၠဌ ျဖစ္လာပါသည္။ ဒုတိယဥကၠဌကို ခ်က္ခ်င္းမခန္႔ႏိုင္ဘဲ အတြင္းေရးမႈးမ်ားႏွင့္ အဖြဲ႔၀င္တိုင္းမႈးမ်ားၾကား အားျပိဳင္ေနၾကဟန္တူပါသည္။ အတန္ၾကာမွ ဗိုလ္ခ်ဳပ္ေမာင္ေအး ဒုဥကၠဌ ျဖစ္လာပါသည္။ တိုင္းမႈးမ်ားကိုလည္း ၀န္ႀကီးမ်ားအျဖစ္ ေျပာင္းေရႊ႕ခန္႔ထားခ့ဲပါသည္။ ထိုစဥ္က အဖြဲ႔၀င္တိုင္း ဒုဗိုလ္ခ်ဳပ္ႀကီးမ်ား ျဖစ္ေနၾကပါၿပီ။ ေမာ္လၿမိဳင္မွ တိုင္းမႈးတစ္ဦးသာ ေဆးနားျဖင့္မပါ၀င္ေတာ့ပါ။
၁၉၉၇ ခန္႔တြင္ ဦးေန၀င္း အင္ဒိုနီးရွားသမတ ဆူဟာတိုဧ။္ကေတာ္ အသုဘ သြားပို႔ပါသည္။ အင္ဒိုနီးရွားမွအျပန္ စင္ကာပူမွ အတြင္းေရးမႈး (၁) ဗိုလ္ခ်ဳပ္ခင္ညြန္႔ကို လွမ္းေခၚေျပာ လိုက္ဟန္တူပါသည္။ ဗိုလ္ခ်ဳပ္ခင္ညြန္႔ ျပန္လာၿပီး ရက္အနည္းငယ္ အၾကာမွာပင္ ထိုတစ္ဖြဲ႔လံုးကို ျဖဳတ္ပစ္လိုက္ပါေတာ့သည္။ တိုက္ဆိုင္မႈလားေတာ့ မသိပါ။
ထိုအခ်ိန္ တိုင္းမႈးျဖစ္ေနသူမ်ားကို အဖြဲ႔၀င္အျဖစ္ ပါ၀င္ေစကာ အဖြဲ႔အသစ္ဖြဲ႔ပါသည္။ အဖြဲ႔သစ္တြင္ အတြင္းေရးမႈး (၃) ပါခန္႔ခ့ဲသည္။ မ်ားမၾကာမွီပင္ အတြင္းေရးမႈး (၂) ႏွင့္ အဖြဲ႔၀င္ ဗိုလ္ခ်ဳပ္စစ္ေမာင္ ရဟတ္ယာဥ္ ပ်က္က်၍ ကြယ္လြန္ျပန္သည္။ ထို႔ေနာက္ ႏွစ္အနည္းငယ္ အၾကာမွာပင္ အတြင္းေရးမႈး (၃) ဗိုလ္ခ်ဳပ္၀င္းျမင့္ ႏွင့္ စစ္ေထာက္ခ်ဳပ္ ဗိုလ္ခ်ဳပ္တင္လွ ႏွစ္ဦးစလံုး အျဖဳတ္္ခံရကာ တိုင္းမႈးမ်ားလည္း အဖြဲ႔အသစ္ဧ။္ အဖြဲ႔၀င္မ်ားအျဖစ္ ကာကြယ္ေရး၀န္ႀကီးဌာနသို႔ ေခၚယူခ့ဲသည္။ ေနာက္ျဖစ္ တိုင္းမႈးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ေရ၊ ေလ မ်ားမွာ အဖြဲ႔၀င္မျဖစ္ခ့ဲၾကရပါ။

No comments:

Post a Comment

Thank you.