15 July 2008

ဘယ်သူခွဲခွဲ - ၃

(Unicode version )

နောက်ဆုံးတွင် အတွင်းရေးမှုး(၁) ဗိုလ်ချုပ်ခင်ညွန့်ကို ၀န်ကြီးချုပ်အဖြစ် တပ်မှ ပ ခ့ဲသည်။ အသစ်အတွင်းရေးမှုးချုပ်(၁) ဗိုလ်ချုပ်စိုး၀င်းနှင့် အတွင်းရေးမှုး(၂) ဗိုလ်ချုပ်သိန်းစိန် ဖြစ်လာခ့ဲသည်။ မဆိုင်တာကြားဖြတ်ပြောရလျှင် ယခုအထိ ဖွဲ့သမျှ အဖွဲ့အားလုံးဧ။် အဖွဲ့၀င်အားလုံးတွင် ဤနှစ်ဦးသာ ငွေရေးကြေးရေး အရှုပ်အရှင်းရှိသည်ဟု မကြားဖူးပါ။ ၄င်းတို့ဧ။်သားသမီးများ ပိုက်ဆံရလွယ်သော ကန်ထရိုက်များ လုပ်သည်ဟုလည်း မကြားဖူးပါ။ ကျွန်တော်ည့ံ၍လားတော့ မသိပါ။

၂၀၀၄ ခုတွင် အကြီးကျယ်ဆုံးအပြောင်းအလဲအဖြစ် ဗိုလ်ချုပ်ခင်ညွန့် အဖြုတ်ခံရသည်။ နေမကောင်းသောကြောင့် အနားပေးလိုက်တာဟု ကြေငြာပါသည်။ ဗိုလ်ချုပ်စိုး၀င်း ၀န်ကြီးချုပ် ဖြစ်လာပါသည်။ အရင်လူများ အဖြုတ်ခံရစဉ်ကလဲ တနွယ်ငင်တံစဉ်ပါများ အဖြုတ်ခံရလေ့ရှိသော်လည်း ဤအခါကတော့ အများဆုံး အဖြုတ်ခံရခြင်းပင်။ တစ်ချို့မှာ ထောင်နှစ်ငါးဆယ်၊ နှစ်တစ်ရာ ပင်ကျသည်ဟုကြားရသည်။ တရား၀င်မကြေငြာသဖြင့် မသိရပါ။

၂၀၀၇ ခုနှစ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုး၀င်း ကွယ်လွန်ပြန်ပါသည်။ ဗိုလ်ချုပ်သိန်းစိန် ၀န်ကြီးချုပ်ဖြစ်လာကာ ဗိုလ်ချုပ်တင်အောင်မြင့်ဦးကို အတွင်းရေးမှုး(၁) ခန့်ကြောင်း သတင်းစာများတွင် ဖတ်ရပါသည်။

ပြီးခ့ဲသည့်လအတွင်း သတင်းသိုးသိုးသန့်သန့် ထွက်လာပါသည်။ ဗိုလ်ချုပ်ရွှေမန်း မှ လွဲ၍ နအဖ အဖွဲ့၀င်အားလုံး ဖြုတ်ပစ်လိုက်ပြီဟူဧ။် ။ ထုံးစံအတိုင်း သတင်းစာများတွင် ကြေငြာတာမတွေ့ရပါ။ နောက်ပိုင်းသတင်းများကို စောင့်ကြည့်မှ တိုင်းမှုးအပြောင်းအလဲ များကိုတွေ့ရမှ သေချာပြီဟုသိရပါသည်။

ဤအတိုင်းဆိုလျှင် ယခုလက်ရှိ နအဖ ကိုပြန်ဖွဲ့မှဖြစ်တော့မည်။ လက်ရှိတွင် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုး(၁)နှင့် အဖွဲ့၀င်နှစ်ဦးသာ ကျန်တော့သည်။ အဖွဲ့၀င်တစ်ဦးကလဲ ၀န်ကြီးချုပ်တာ၀န် လုပ်နေရသေးသည်။ ကာကွယ်ရေး၀န်ကြီးဌာနမှဆိုသော ဗိုလ်ချုပ်များဖြစ်ပင် ပြန်လည်ဖွဲ့ရတော့မည်။ မကြေငြာဘဲ တိတ်တိတ်ဖွဲ့ပြီးပြီလားလဲ မသိရပါ။ မည်သူ့ကို စိတ်ချရမှန်း မသိသဖြင့် ကြာနေသလားလဲ မသိပါ။ ဤအဖွဲ့သစ်သည် အနည်းဆုံး ရွေးကောက်ပွဲလုပ်မည့် ၂၀၁၀ အထိတော့ ခံမှဖြစ်မည်။

အာဏာကို မလွှဲသာသဖြင့် ယူခ့ဲသည်မှာ နောက်လအနည်းငယ်အတွင်း နှစ် နှစ်ဆယ် ပြည့်ပါတော့မည်။ ဤနှစ်နှစ်ဆယ်အတွင်း ဖွဲ့ခ့ဲသော အဖွဲ့နှစ်ဖွဲ့စလုံးတွင် ပါသူဆို၍ ဗိုလ်ချုပ်သန်းရွှေ နှင့် ဗိုလ်ချုပ်မောင်အေး သာရှိပါတော့သည်။ နှစ်ဖွဲ့စလုံးမှ အများစုမှာ အဖြုတ်ခံရ၊ ကွယ်လွန်ကြနှင့် ကုန်ပါပြီ၊ သံေ၀ဂ ရစရာများထဲမှ သူတို့ဧ။်ဆောင်ပုဒ်ကို ပြန်လည် သတိရမိသည်။ ဆောင်ပုဒ်လေးကိုလဲ အသစ်ရေးပေးချင်မိပါသည်။

" ဘယ်သူခွဲခွဲ တို့မကွဲ၊ တို့ဖာသာဘဲ တို့ခွဲမည်။ "

မှတ်ချက်။ ။ ၁၊ စဉ်းစားမိသမျှချရေး၍ အချိန် နှင့် အချက်အလက် အချို့လွဲမှားနိုင်ပါသည်။

အောက်ရှိ COMMENT နေရာတွင် စာရေး၍ ပြင်ဆင်ပေးပါက ကျေးဇူးတင်ပါမည်။

၂၊ အဖြုတ်ခံရသူ အားလုံးတွင် ဗိုလ်ချုပ်ခင်ညွန့်မှ တပါး ကျန်သူများ အရေးယူခြင်းမခံရပါ။

၃၊ ကံကောင်းစွာ ဤအဖွဲ့များမှ အနားယူရသူဟူ၍ ရေဗိုလ်ချုပ်မောင်မောင်ခင် နှင့့် လေဗိုလ်ချုပ်တင်ထွန်း တို့သာရှိသည်ဟု မှတ်မိပါသည်။

၂၂ရက်နေ့နောက်ဆက်တွဲ။ ။ မနေ့က သတင်းများတွင် အဖြုတ်ခံရသူဟု ယူဆနေကြသူ ဗိုလ်ချုပ် ၃ ဦးပြန်ထွက်လာပါသည်။ ယခင်ရာထူးများတွင်တော့ တာ၀န်ထမ်းဆောင်နေမနေ မသိပါ။


XxXxXx 

(Zawgyi version) 

ေနာက္ဆံုးတြင္ အတြင္းေရးမႈး(၁) ဗိုလ္ခ်ဳပ္ခင္ညြန္႔ကို ၀န္ႀကီးခ်ဳပ္အျဖစ္ တပ္မွ ပ ခ့ဲသည္။ အသစ္အတြင္းေရးမႈးခ်ဳပ္(၁) ဗိုလ္ခ်ဳပ္စိုး၀င္းႏွင့္ အတြင္းေရးမႈး(၂) ဗိုလ္ခ်ဳပ္သိန္းစိန္ ျဖစ္လာခ့ဲသည္။ မဆိုင္တာၾကားျဖတ္ေျပာရလွ်င္ ယခုအထိ ဖြဲ႔သမွ် အဖြဲ႔အားလံုးဧ။္ အဖြဲ႔၀င္အားလံုးတြင္ ဤႏွစ္ဦးသာ ေငြေရးေၾကးေရး အရႈပ္အရွင္းရွိသည္ဟု မၾကားဖူးပါ။ ၄င္းတို႔ဧ။္သားသမီးမ်ား ပိုက္ဆံရလြယ္ေသာ ကန္ထရိုက္မ်ား လုပ္သည္ဟုလည္း မၾကားဖူးပါ။ ကၽြန္ေတာ္ည့ံ၍လားေတာ့ မသိပါ။
၂၀၀၄ ခုတြင္ အႀကီးက်ယ္ဆံုးအေျပာင္းအလဲအျဖစ္ ဗိုလ္ခ်ဳပ္ခင္ညြန္႔ အျဖဳတ္ခံရသည္။ ေနမေကာင္းေသာေၾကာင့္ အနားေပးလိုက္တာဟု ေၾကျငာပါသည္။ ဗိုလ္ခ်ဳပ္စိုး၀င္း ၀န္ႀကီးခ်ဳပ္ ျဖစ္လာပါသည္။ အရင္လူမ်ား အျဖဳတ္ခံရစဥ္ကလဲ တႏြယ္ငင္တံစဥ္ပါမ်ား အျဖဳတ္ခံရေလ့ရွိေသာ္လည္း ဤအခါကေတာ့ အမ်ားဆံုး အျဖဳတ္ခံရျခင္းပင္။ တစ္ခ်ိဳ႕မွာ ေထာင္ႏွစ္ငါးဆယ္၊ ႏွစ္တစ္ရာ ပင္က်သည္ဟုၾကားရသည္။ တရား၀င္မေၾကျငာသျဖင့္ မသိရပါ။
၂၀၀၇ ခုႏွစ္တြင္ ၀န္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္စိုး၀င္း ကြယ္လြန္ျပန္ပါသည္။ ဗိုလ္ခ်ဳပ္သိန္းစိန္ ၀န္ႀကီးခ်ဳပ္ျဖစ္လာကာ ဗိုလ္ခ်ဳပ္တင္ေအာင္ျမင့္ဦးကို အတြင္းေရးမႈး(၁) ခန္႔ေၾကာင္း သတင္းစာမ်ားတြင္ ဖတ္ရပါသည္။
ၿပီးခ့ဲသည့္လအတြင္း သတင္းသိုးသိုးသန္႔သန္႔ ထြက္လာပါသည္။ ဗိုလ္ခ်ဳပ္ေရႊမန္း မွ လြဲ၍ နအဖ အဖြဲ႔၀င္အားလံုး ျဖဳတ္ပစ္လိုက္ျပီဟူဧ။္ ။ ထံုးစံအတိုင္း သတင္းစာမ်ားတြင္ ေၾကျငာတာမေတြ႔ရပါ။ ေနာက္ပိုင္းသတင္းမ်ားကို ေစာင့္ၾကည့္မွ တိုင္းမႈးအေျပာင္းအလဲ မ်ားကိုေတြ႔ရမွ ေသခ်ာၿပီဟုသိရပါသည္။
ဤအတိုင္းဆိုလွ်င္ ယခုလက္ရွိ နအဖ ကိုျပန္ဖြဲ႔မွျဖစ္ေတာ့မည္။ လက္ရွိတြင္ ဥကၠဌ၊ ဒုဥကၠဌ၊ အတြင္းေရးမႈး(၁)နွင့္ အဖြဲ႔၀င္ႏွစ္ဦးသာ က်န္ေတာ့သည္။ အဖြဲ႔၀င္တစ္ဦးကလဲ ၀န္ႀကီးခ်ဳပ္တာ၀န္ လုပ္ေနရေသးသည္။ ကာကြယ္ေရး၀န္ႀကီးဌာနမွဆိုေသာ ဗိုလ္ခ်ဳပ္မ်ားျဖစ္ပင္ ျပန္လည္ဖြဲ႔ရေတာ့မည္။ မေၾကျငာဘဲ တိတ္တိတ္ဖြဲ႔ၿပီးၿပီလားလဲ မသိရပါ။ မည္သူ႔ကို စိတ္ခ်ရမွန္း မသိသျဖင့္ ၾကာေနသလားလဲ မသိပါ။ ဤအဖြဲ႔သစ္သည္ အနည္းဆံုး ေရြးေကာက္ပြဲလုပ္မည့္ ၂၀၁၀ အထိေတာ့ ခံမွျဖစ္မည္။
အာဏာကို မလႊဲသာသျဖင့္ ယူခ့ဲသည္မွာ ေနာက္လအနည္းငယ္အတြင္း ႏွစ္ ႏွစ္ဆယ္ ျပည့္ပါေတာ့မည္။ ဤႏွစ္ႏွစ္ဆယ္အတြင္း ဖြဲ႔ခ့ဲေသာ အဖြဲ႔ႏွစ္ဖြဲ႔စလံုးတြင္ ပါသူဆို၍ ဗိုလ္ခ်ဳပ္သန္းေရႊ ႏွင့္ ဗိုလ္ခ်ဳပ္ေမာင္ေအး သာရွိပါေတာ့သည္။ ႏွစ္ဖြဲ႔စလံုးမွ အမ်ားစုမွာ အျဖဳတ္ခံရ၊ ကြယ္လြန္ၾကႏွင့္ ကုန္ပါၿပီ၊ သံေ၀ဂ ရစရာမ်ားထဲမွ သူတို႔ဧ။္ေဆာင္ပုဒ္ကို ျပန္လည္ သတိရမိသည္။ ေဆာင္ပုဒ္ေလးကိုလဲ အသစ္ေရးေပးခ်င္မိပါသည္။
" ဘယ္သူခြဲခြဲ တို႔မကြဲ၊ တို႔ဖာသာဘဲ တို႔ခြဲမည္။ "
မွတ္ခ်က္။ ။ ၁၊ စဥ္းစားမိသမွ်ခ်ေရး၍ အခ်ိန္ ႏွင့္ အခ်က္အလက္ အခ်ိဳ႕လြဲမွားႏိုင္ပါသည္။
ေအာက္ရွိ COMMENT ေနရာတြင္ စာေရး၍ ျပင္ဆင္ေပးပါက ေက်းဇူးတင္ပါမည္။
၂၊ အျဖဳတ္ခံရသူ အားလံုးတြင္ ဗိုလ္ခ်ဳပ္ခင္ညြန့္မွ တပါး က်န္သူမ်ား အေရးယူျခင္းမခံရပါ။
၃၊ ကံေကာင္းစြာ ဤအဖြဲ႔မ်ားမွ အနားယူရသူဟူ၍ ေရဗိုလ္ခ်ဳပ္ေမာင္ေမာင္ခင္ ႏွင့့္ ေလဗိုလ္ခ်ဳပ္တင္ထြန္း တို႔သာရွိသည္ဟု မွတ္မိပါသည္။
၂၂ရက္ေန႔ေနာက္ဆက္တြဲ။ ။ မေန႔က သတင္းမ်ားတြင္ အျဖဳတ္ခံရသူဟု ယူဆေနၾကသူ ဗိုလ္ခ်ဳပ္ ၃ ဦးျပန္ထြက္လာပါသည္။ ယခင္ရာထူးမ်ားတြင္ေတာ့ တာ၀န္ထမ္းေဆာင္ေနမေန မသိပါ။

No comments:

Post a Comment

Thank you.