03 December 2019

မြန်မာအိုင်ဒေါနဲ့ ခင်ဝမ်းသီချင်း



(Unicode version)


မြန်မာအိုင်ဒေါမှာ စိုးလွင်လွင်သီချင်းတွေကို ပုံပြောင်းဆိုသွားတာ တချို့က ကြိုက်ကြဟန်မတူဘူး။ ကျနော်က မဆိုးပါဘူးပြောလို့လားမသိ၊ နောက်နှစ် ခင်ဝမ်းသီချင်းနဲ့ ပြိုင်ခိုင်းမတဲ့။ လှမ်းလုပ်ကြတယ်။
.
ပြန်ဆိုကြရင် မူလခင်ဝမ်းလောက် ကောင်းမကောင်းက ပြောစရာမလိုပါ။ ခင်ဝမ်းအမှတ်တရအခွေမှာ ကိုတိုးကြီးဆိုနေတုံး ခင်ဝမ်းအသံနဲ့ ထပ်လိုက်တာ အရမ်းကွာနေတာ သတိထားမိကြမှာပါ။ ပင်ကိုယ်အသံလည်းကွာသလို အသံသွင်းခဲ့တာ နှစ်နှစ်ဆယ်ကျော် ကွာနေတာလည်း ပါပါတယ်။ ဒါပေမယ့် ခင်ဝမ်းကတော့ ကျနော့အဖို့ ခင်ဝမ်းပါဘဲ။
.
ခင်ဝမ်းသီချင်းတွေ ပြန်ဆိုပြီးပြိုင်ကြရင် ကောင်းတာပေါ့ဗျာ။ ကြေနပ်တာပေါ့။ ခင်ဝမ်းသီချင်းတွေ ခေတ်လူငယ်တွေ ပြန်ကြားဘူးသွားတာပေါ့။ ဒါ့အပြင် ခင်ဝမ်းမိသားစုတွေလည်း မူပိုင်ကြေး ကျပ်သိန်းရာမချီတောင် ဆယ်ဂဏန်းတော့ ရမယ်အောက်မေ့တာဘဲ။
.
မဖြစ်နိုင်ဘူး မထင်ကြနဲ့ဗျ။ ဒီနှစ် စိုးလွင်လွင်မိသားစုတော့ ဘယ်လောက်ရသွားတယ်မသိဘူး။ ဒိုင်သုံးယောက်က သိန်းထောင်ချီစီ ရကြတယ်လို့ သတင်းကြားရတော့ ပေးချင်ရင်ဖြစ်လောက်တယ်။ အဲဒီ​ခေတ် သီချင်း​တွေ ပြန်ဆိုတော့ ဝင်ငွေရှိနေတဲ့အရွယ်တွေ စိတ်ဝင်စားပြီး များများတောင် ဗုတ်လာနိုင်သေး မဟုတ်လားဗျာ။ ဥက္ကာဦးသာနဲ့ ထရေစီတို့ ရှိနေသေးရင် ခင်ဝမ်းသီချင်းနဲ့ နောက်နှစ်ပြိုင်ကြပါစေဗျာ။


XxXxXx

(Zawgyi version)


ျမန္မာအိုင္ေဒါမွာ စိုးလြင္လြင္သီခ်င္းေတြကို ပုံေျပာင္းဆိုသြားတာ တခ်ိဳ႕က ႀကိဳက္ၾကဟန္မတူဘူး။ က်ေနာ္က မဆိုးပါဘူးေျပာလို႔လားမသိ၊ ေနာက္ႏွစ္ ခင္ဝမ္းသီခ်င္းနဲ႕ ၿပိဳင္ခိုင္းမတဲ့။ လွမ္းလုပ္ၾကတယ္။
.
ျပန္ဆိုၾကရင္ မူလခင္ဝမ္းေလာက္ ေကာင္းမေကာင္းက ေျပာစရာမလိုပါ။ ခင္ဝမ္းအမွတ္တရအေခြမွာ ကိုတိုးႀကီးဆိုေနတုံး ခင္ဝမ္းအသံနဲ႕ ထပ္လိုက္တာ အရမ္းကြာေနတာ သတိထားမိၾကမွာပါ။ ပင်ကိုယ်အသံလည္းကြာသလို အသံသြင္းခဲ့တာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ကြာေနတာလည္း ပါပါတယ္။ ဒါေပမယ့္ ခင္ဝမ္းကေတာ့ က်ေနာ့အဖို႔ ခင္ဝမ္းပါဘဲ။
.
ခင္ဝမ္းသီခ်င္းေတြ ျပန္ဆိုၿပီးၿပိဳင္ၾကရင္ ေကာင္းတာေပါ့ဗ်ာ။ ေၾကနပ္တာေပါ့။ ခင္ဝမ္းသီခ်င္းေတြ ေခတ္လူငယ္ေတြ ျပန္ၾကားဘူးသြားတာေပါ့။ ဒါ့အျပင္ ခင္ဝမ္းမိသားစုေတြလည္း မူပိုင္ေၾကး ကျပ်သိန္းရာမခ်ီေတာင္ ဆယ္ဂဏန္းေတာ့ ရမယ္ေအာက္ေမ့တာဘဲ။
.
မျဖစ္နိုင္ဘူး မထင္ၾကနဲ႕ဗ်။ ဒီႏွစ္ စိုးလြင္လြင္မိသားစုေတာ့ ဘယ္ေလာက္ရသြားတယ္မသိဘူး။ ဒိုင္သုံးေယာက္က သိန္းေထာင္ခ်ီစီ ရၾကတယ္လို႔ သတင္းၾကားရေတာ့ ေပးခ်င္ရင္ျဖစ္ေလာက္တယ္။ အဲဒီ​ေခတ္ သီခ်င္း​ေတြ ျပန္ဆိုေတာ့ ဝင္ေငြရွိေနတဲ့အ႐ြယ္ေတြ စိတ္ဝင္စားၿပီး မ်ားမ်ားေတာင္ ဗုတ္လာနိုင္ေသး မဟုတ္လားဗ်ာ။ ဥကၠာဦးသာနဲ႕ ထေရစီတို႔ ရွိေနေသးရင္ ခင္ဝမ္းသီခ်င္းနဲ႕ ေနာက္ႏွစ္ၿပိဳင္ၾကပါေစဗ်ာ။

No comments:

Post a Comment

Thank you.