27 November 2019

နတ်တော်လ တံဆိပ်ခေါင်း









(Unicode version)

   မြန်မာလအလိုက် ရိုးရာပွဲတော်နှင့်ပန်း စီးရီး၏ နောက်ဆုံးလတံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ နတ်တော်လအတွက် စာဆိုတော်ပွဲနှင့် သဇင်ပန်းပုံဖြစ်သည်။ ၂၀၀ကျပ်တန် တံဆိပ်ခေါင်းနှင့် ၂၀၀ကျပ်တန် FDC ထုတ်ဝေသည်။
.
ရိုးရာပွဲနှင့်ပန်း ၁၁ခေါင်းထုတ်ဝေပြီးဖြစ်သည်။ ထို၁၁ခေါင်းလုံး ပွဲသရုပ်ဖေါ်ပုံများကို ရှေးကဟန်ဖြင့် ရိုးရာပုံသရုပ်ဖော်ခဲ့သည်။ ယခုလတွင်မူ စာပေဟေါပြောပွဲစာတမ်းနှင့် ခေတ်ပေါ်စကားပြောစင်ရှေ့တွင် ခေါင်းပေါင်းဝတ်စာရေးဆရာပုံထည့်သုံးထားသည်မှာ ယခင်တံဆိပ်ခေါင်းများနှင့် ညီညွတ်သည်ဟု မခံစားရပါ။ ဒီဇိုင်းညံ့သည်ဟု ပြောလိုသည်။ ရှေးစာဆိုတဦး ကညစ်ဖြင့်ပေချပ်ပေါ်တွင် ရေးနေသည့်ဟန်ဆို လုံလောက်ပြီထင်သည်။
.
၂၀၁၉နှစ်အတွင်း ဤလစဥ်ထုတ် တံဆိပ်ခေါင်းများနှင့်အတူ ထုတ်နေကျလွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊ အထိမ်းအမှတ်ထုတ်အဖြစ် အာဆီယံ၊ ဂန္ဒီ ၊ UPU ခေါင်းများလည်း ထုတ်ဝေခဲ့ရာ မြန်မာ့စာပို့သမိုင်းတွင် တံဆိပ်ခေါင်းအများဆုံး ထုတ်ဝေသည့်နှစ် ဖြစ်ခဲ့ပြီ။ အာဆီယံအထိမ်းအမှတ်ဆိုလျှင် တံဆိပ်ခေါင်း၁၆ခေါင်းမျှ ထုတ်ဝေခဲ့ရာ ၂၀၁၉ခု နှစ်အတွင်း တံဆိပ်ခေါင်း ၃၃လုံးထုတ်ဝေခဲ့သည်။
.
လာမည့် ၂၀၂၀တွင်လည်း အနည်းဆုံး တိုကျိုအိုလံပစ်၊ ရုပ်ရှင်ရာပြည့်၊ တက္ကသိုလ်ရာပြည့်တို့ရှိနေရာ တံဆိပ်ခေါင်းအသစ်များ မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်ဝေဦးမည်ဟု ယူဆမိပါကြောင်းပါ။     ။


XxXxXx

(Zawgyi version)

   ျမန္မာလအလိုက္ ရိုးရာပြဲေတာ္ႏွင့္ပန္း စီးရီး၏ ေနာက္ဆုံးလတံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ နတ္ေတာ္လအတြက္ စာဆိုေတာ္ပြဲႏွင့္ သဇင္ပန္းပုံျဖစ္သည္။ ၂၀၀က်ပ္တန္ တံဆိပ္ေခါင္းႏွင့္ ၂၀၀က်ပ္တန္ FDC ထုတ္ေဝသည္။
.
ရိုးရာပြဲႏွင့္ပန္း ၁၁ေခါင္းထုတ္ေဝၿပီးျဖစ္သည္။ ထို၁၁ေခါင္းလုံး ပြဲသ႐ုပ္ေဖၚပုံမ်ားကို ေရွးကဟန္ျဖင့္ ရိုးရာပုံသ႐ုပ္ေဖာ္ခဲ့သည္။ ယခုလတြင္မူ စာေပေဟါေျပာပြဲစာတမ္းႏွင့္ ေခတ္ေပၚစကားေျပာစင္ေရွ႕တြင္ ေခါင္းေပါင္းဝတ္စာေရးဆရာပုံထည့္သုံးထားသည္မွာ ယခင္တံဆိပ္ေခါင္းမ်ားႏွင့္ ညီၫြတ္သည္ဟု မခံစားရပါ။ ဒီဇိုင္းညံ့သည္ဟု ေျပာလိုသည္။ ေရွးစာဆိုတဦး ကညစ္ျဖင့္ေပခ်ပ္ေပၚတြင္ ေရးေနသည့္ဟန္ဆို လုံေလာက္ၿပီထင္သည္။
.
၂၀၁၉ႏွစ္အတြင္း ဤလစဥ္ထုတ္ တံဆိပ္ေခါင္းမ်ားႏွင့္အတူ ထုတ္ေနက်လြတ္လပ္ေရးေန႕ တံဆိပ္ေခါင္း၊ အထိမ္းအမွတ္ထုတ္အျဖစ္ အာဆီယံ၊ ဂႏၵီ ၊ UPU ေခါင္းမ်ားလည္း ထုတ္ေဝခဲ့ရာ ျမန္မာ့စာပို႔သမိုင္းတြင္ တံဆိပ္ေခါင္းအမ်ားဆုံး ထုတ္ေဝသည့္ႏွစ္ ျဖစ္ခဲ့ၿပီ။ အာဆီယံအထိမ္းအမွတ္ဆိုလွ်င္ တံဆိပ္ေခါင္း၁၆ေခါင္းမွ် ထုတ္ေဝခဲ့ရာ ၂၀၁၉ခု ႏွစ္အတြင္း တံဆိပ္ေခါင္း ၃၃လုံးထုတ္ေဝခဲ့သည္။
.
လာမည့္ ၂၀၂၀တြင္လည္း အနည္းဆုံး တိုက်ိဳအိုလံပစ္၊ ႐ုပ္ရွင္ရာျပည့္၊ တကၠသိုလ္ရာျပည့္တို႔ရွိေနရာ တံဆိပ္ေခါင္းအသစ္မ်ား ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထုတ္ေဝဦးမည္ဟု ယူဆမိပါေၾကာင္းပါ။ ။

No comments:

Post a Comment

Thank you.