14 November 2019

လူညံ့တွေကို လဲမပေးဘူးဆိုရင်.....

(Unicode version)

မနေ့ညက ၈နာရီသတင်းနားထောင်ပါသည်။ သတင်းခေါင်းစဥ်မှာ သမတထံ သံအမတ်နှစ်ဦး ခန့်အပ်လွှာပေးတာဘဲပါသဖြင့် ကြည့်လက်စပြင်သစ်စီးရီး CHEFS ကိုဘဲဆက်ကြည့်နေပါသည်။
.
မဆလခေတ်ကတည်းက ည၈နာရီသတင်းတွေကို ခေါင်းစဥ်နားထောင်လေ့ရှိခဲ့သည်။ အရေးကြီးတာ ထိုအချိန်မှာကြေငြာလေ့ ရှိသကို။ ခုချိန်ထိ တီဗီနားရှိလျှင် နားထောင်ဖြစ်ဆဲပါ။ စိတ်ဝင်စားစရာခေါင်းစဥ်မပါလျှင် ဆက်နားမထောင်တော့။
.
မနေ့က သံအမတ်ခန့်အပ်လွှာဘဲပါတော့ ဆက်နားမထောင်ဖြစ်ပါ။ ဒီမနက်ဖေ့ဘုတ်သတင်းတွေကြည့်တော့ စာရေးဆရာမဂျူး အမျိုးသားစာပေဆုရ၍ ချီးကျူးတာတွေ့မှ သိရသည်။ အခြားဘယ်သူတွေရလည်း သိချင်လို့ MOI ဖေ့ဘုတ်သွားကြည့်ရာ (မနက်၇နာရီအထိ) မတွေ့သေးပါ။
.
တကယ်ဆို စာရေးဆရာကြီးကိုယ်တိုင် ဝန်ကြီးဖြစ်နေချိန် မြန်မာနိုင်ငံအတွက် အမြင့်ဆုံးစာပေဆုသတင်းကို သတင်းခေါင်းစဥ်မှာကို ကြေငြာသင့်သည်။ စာရေးဆရာများအတွက် ဂုဏ်ယူစရာကိစ္စ။ စစ်အစိုးရခေတ်ကလို မပေးမဖြစ်လို့ ဝတ်ကျေတန်းကျေ ကိုယ့်လူကိုယ်ပေးခဲ့တာဆို ထားပါတော့။
.
ပြည်သူရွေးချယ်သောအစိုးရခေတ် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်သူအများ အားမလိုအားမရဖြစ်ရတာများပြီ။ မနေ့ကလည်း ပါချုပ်ဆရာတော်ကြီးကိစ္စ အကုသိုလ်ကောင်များက လုပ်ကြံသတင်းဖြန့်ကြသည်။ ဒါမျိုးဆို ပြန်ကြားရေးဌာနက သာသနာရေးဌာနကို အမြန်ဆုံးလှမ်းမေးပြီး ဖြေရှင်းချက်ထုတ်သင့်သည်။ ခုတော့ မတုန်မလှုပ်။
.
အစိုးရရဲ့ ပုံရိပ်ထိခိုက်လာလျှင် အမြန်ဆုံးဖြေရှင်းဖို့ ပြန်ဝန်တွင်တာဝန်ရှိပါသည်။ စစ်အစိုးရခေတ်လို အပေါ်ကပြောမှလုပ်မည်ဆိုလျှင် အခြားဒီမိုကရေစီနိုင်ငံများလို ပြန်ကြားရေးဌာန ထားမနေပါနှင့်တော့။ ပြန်ကြားရေးဌာနအတွက် ပြန်ကြားရေးဝန်ကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။ လက်ရှိပြန်ကြားရေးဝန်ကြီးကို ဆက်သုံးနေမည်ဆိုလျှင် သူ့ကိုပြောင်းသည်အထိ NLDပါတီကိုဘဲ မဲဆက်ပေးရမည်ဟု ဆုံးဖြတ်လိုက်ပါပြီ။ NLDပါတီ လွှတ်တော်အမတ်များနဲ့ အစိုးရအဖွဲ့ဝင်များ အားလုံးကောင်းသွားသည်အထိ NLD ပါတီကိုဘဲ မဲပေးသင့်ပါကြောင်း။


XxXxXx

(Zawgyi version )

မေန႕ညက ၈နာရီသတင္းနားေထာင္ပါသည္။ သတင္းေခါင္းစဥ္မွာ သမတထံ သံအမတ္ႏွစ္ဦး ခန့္အပ္လႊာေပးတာဘဲပါသျဖင့္ ၾကည့္လက္စျပင္သစ္စီးရီး CHEFS ကိုဘဲဆက္ၾကည့္ေနပါသည္။
.
မဆလေခတ္ကတည္းက ည၈နာရီသတင္းေတြကို ေခါင္းစဥ္နားေထာင္ေလ့ရွိခဲ့သည္။ အေရးႀကီးတာ ထိုအခ်ိန္မွာေၾကျငာေလ့ ရွိသကို။ ခုခ်ိန္ထိ တီဗီနားရွိလွ်င္ နားေထာင္ျဖစ္ဆဲပါ။ စိတ္ဝင္စားစရာေခါင္းစဥ္မပါလွ်င္ ဆက္နားမေထာင္ေတာ့။
.
မေန႕က သံအမတ္ခန့္အပ္လႊာဘဲပါေတာ့ ဆက္နားမေထာင္ျဖစ္ပါ။ ဒီမနက္ေဖ့ဘုတ္သတင္းေတြၾကည့္ေတာ့ စာေရးဆရာမဂ်ဴး အမ်ိဳးသားစာေပဆုရ၍ ခ်ီးက်ဴးတာေတြ႕မွ သိရသည္။ အျခားဘယ္သူေတြရလည္း သိခ်င္လို႔ MOI ေဖ့ဘုတ္သြားၾကည့္ရာ (မနက္၇နာရီအထိ) မေတြ႕ေသးပါ။
.
တကယ္ဆို စာေရးဆရာႀကီးကိုယ္တိုင္ ဝန္ႀကီးျဖစ္ေနခ်ိန္ ျမန္မာနိုင္ငံအတြက္ အျမင့္ဆုံးစာေပဆုသတင္းကို သတင္းေခါင္းစဥ္မွာကို ေၾကျငာသင့္သည္။ စာေရးဆရာမ်ားအတြက္ ဂုဏ္ယူစရာကိစၥ။ စစ္အစိုးရေခတ္ကလို မေပးမျဖစ္လို႔ ဝတ္ေက်တန္းေက် ကိုယ့္လူကိုယ္ေပးခဲ့တာဆို ထားပါေတာ့။
.
ျပည္သူေ႐ြးခ်ယ္ေသာအစိုးရေခတ္ ျပန္ၾကားေရးဝန္ႀကီးဌာနကို ျပည္သူအမ်ား အားမလိုအားမရျဖစ္ရတာမ်ားၿပီ။ မေန႕ကလည္း ပါခ်ဳပ္ဆရာေတာ္ႀကီးကိစၥ အကုသိုလ္ေကာင္မ်ားက လုပ္ႀကံသတင္းျဖန့္ၾကသည္။ ဒါမ်ိဳးဆို ျပန္ၾကားေရးဌာနက သာသနာေရးဌာနကို အျမန္ဆုံးလွမ္းေမးၿပီး ေျဖရွင္းခ်က္ထုတ္သင့္သည္။ ခုေတာ့ မတုန္မလႈပ္။
.
အစိုးရရဲ႕ ပုံရိပ္ထိခိုက္လာလွ်င္ အျမန္ဆုံးေျဖရွင္းဖို႔ ျပန္ဝန္တြင္တာဝန္ရွိပါသည္။ စစ္အစိုးရေခတ္လို အေပၚကေျပာမွလုပ္မည္ဆိုလွ်င္ အျခားဒီမိုကေရစီနိုင္ငံမ်ားလို ျပန္ၾကားေရးဌာန ထားမေနပါႏွင့္ေတာ့။ ျပန္ၾကားေရးဌာနအတြက္ ျပန္ၾကားေရးဝန္ႀကီးတြင္ တာဝန္အရွိဆုံးျဖစ္သည္။ လက္ရွိျပန္ၾကားေရးဝန္ႀကီးကို ဆက္သုံးေနမည္ဆိုလွ်င္ သူ႕ကိုေျပာင္းသည္အထိ NLDပါတီကိုဘဲ မဲဆက္ေပးရမည္ဟု ဆုံးျဖတ္လိုက္ပါၿပီ။ NLDပါတီ လႊတ္ေတာ္အမတ္မ်ားနဲ႕ အစိုးရအဖြဲ႕ဝင္မ်ား အားလုံးေကာင္းသြားသည္အထိ NLD ပါတီကိုဘဲ မဲေပးသင့္ပါေၾကာင္း။

No comments:

Post a Comment

Thank you.