20 December 2019

စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း












(Unicode version)

   ခင်ဝမ်းက လူနာမည်တွေကို သီချင်းထဲ ထည့်ရေးတတ်တယ်။ စော ၊ နှင်း ၊ မိလေး ၊ မိနီ ၊ မမချစ် စသဖြင့်ပေါ့။ ဒါပေမယ့် ခင်ဝမ်းသီချင်း အရူးအမူးစဖြစ်စေတဲ့ ပထမဆုံးစီးရီး ''နှင်းဆီဖြူရဲ့ အဝေးကလူတယောက်'' မှာကတည်းက နာမည်တခုကို ခင်ဝမ်းသီချင်းစွဲသွားသူတွေ သဘောကျ မှတ်မိ အလွတ်ရကုန်ကြတာပါ။
.
"အို မောင်ဒီ''
'မောင်ဒီ' ဘယ်သူမှန်း မသိခဲ့ပါ။ ခင်ဝမ်းခင်ခဲ့သူတဦး။ ခင်ဝမ်းနဲ့ ပေဖေါ်ပေဖက်ဖြစ်မယ်။ ခင်ဝမ်းလေးစားအားကျနေသူတဦး ဖြစ်မယ်။ အမည်ကလည်း ထူးဆန်းနေလို့ သဘောကျခဲ့တယ်။ နောက်ပိုင်းမှ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ ပုံထူးထူးဆန်းဆန်းတွေမှာ 'မောင်ဒီ'လို့ လက်မှတ်ထိုးတာ သတိထားလာမိတယ်။ တချို့ပုံတွေကျ 'မျိုးညွန့်'တဲ့။
.
တကယ်ဘဲ သူတို့နှစ်ဦး လမ်းကြိုလမ်းကြား လျှောက်သွားခဲ့ကြဘူးတယ်။ လမ်းဘေးက(ကော်ဖီ)ဆိုင်တွေ ထိုင်ခဲ့ဘူးတယ်။ လောကကိုဖြတ်သန်းပြီး လောကအလှ ရှာခဲ့ဘူးပါတယ်။ အဲဒီ'မောင်ဒီ'က ခင်ဝမ်းအကြောင်း အမှတ်တရ ပြောဆိုရေးသားခဲ့တာတွေကို စာအုပ်အဖြစ် စုထုတ်လိုက်ပါပြီ။
.
"ဂီတနှင့်ပန်းချီ ၊ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း'' ဆိုတဲ့ စာအုပ်ပါးလေးပါ။ ကျော်မွှေးစာပေမှ ဒုတိယအကြိမ် ဖြည့်စွက်ထုတ်ဝေသည်လို့ ပါပါတယ်။ တန်ဖိုး ၃၀၀၀ကျပ်ပါ။ ပထမအကြိမ်ကို အက္ခရာစာပေက ထုတ်ဝေခဲ့ပါတယ်။
.
ဆောင်းပါး၃ပုဒ်နဲ့ အင်တာဗျူးတခုပါပါတယ်။ ပထမဆောင်းပါး  'ဂီတ နှင့် ပန်းချီ' မှာတော့ ဆရာမောင်ဒီရဲ့ အနုပညာခံစားပုံများပြီး ခင်ဝမ်းအကြောင်း ပါးပါးဘဲပါပါတယ်။ 'စံကြည်ကြော့.....'ကတော့ သူနဲ့ခင်ဝမ်း ဖြတ်သန်းခဲ့ပုံတွေပါ။ သူတို့နှစ်ဦး စတွေ့ချိန်မှ ကွယ်လွန်ချိန်အထိ အမှတ်တရစာတွေပါ။ ခင်ဝမ်းပရိဿတ် သဘောကျစရာတွေကြီးပါ။
.
တတိယဆောင်းပါးက ခင်ဝမ်းဆုံးချိန်အကြောင်းနဲ့ နောက်ဆုံးက အလင်္ကာမဂ္ဂဇင်းမှာ 'အေးဘကျော်'နဲ့ ခင်ဝမ်းအကြောင်း ဗျူးထားတာပါ။ ဒီစာစုတွေ မဂ္ဂဇင်းတွေမှာ ဖတ်ဘူးတယ်ဖြစ်နိုင်ပေမယ့် အခုလို စုပြီးပြန်ထုတ်တော့ ခရေဇီးတွေ သဘောကျစရာပါဘဲ။


XxXxXx

(Zawgyi version)

   ခင္ဝမ္းက လူနာမည္ေတြကို သီခ်င္းထဲ ထည့္ေရးတတ္တယ္။ ေစာ ၊ ႏွင္း ၊ မိေလး ၊ မိနီ ၊ မမခ်စ္ စသျဖင့္ေပါ့။ ဒါေပမယ့္ ခင္ဝမ္းသီခ်င္း အ႐ူးအမူးစျဖစ္ေစတဲ့ ပထမဆုံးစီးရီး ''ႏွင္းဆီျဖဴရဲ႕ အေဝးကလူတေယာက္'' မွာကတည္းက နာမည္တခုကို ခင္ဝမ္းသီခ်င္းစြဲသြားသူေတြ သေဘာက် မွတ္မိ အလြတ္ရကုန္ၾကတာပါ။
.
"အို ေမာင္ဒီ''
'ေမာင္ဒီ' ဘယ္သူမွန္း မသိခဲ့ပါ။ ခင္ဝမ္းခင္ခဲ့သူတဦး။ ခင္ဝမ္းနဲ႕ ေပေဖၚေပဖက္ျဖစ္မယ္။ ခင္ဝမ္းေလးစားအားက်ေနသူတဦး ျဖစ္မယ္။ အမည္ကလည္း ထူးဆန္းေနလို႔ သေဘာက်ခဲ့တယ္။ ေနာက္ပိုင္းမွ မဂၢဇင္းသ႐ုပ္ေဖာ္ပန္းခ်ီ ပုံထူးထူးဆန္းဆန္းေတြမွာ 'ေမာင္ဒီ'လို႔ လက္မွတ္ထိုးတာ သတိထားလာမိတယ္။ တခ်ိဳ႕ပုံေတြက် 'မ်ိဳးၫြန့္'တဲ့။
.
တကယ္ဘဲ သူတို႔ႏွစ္ဦး လမ္းႀကိဳလမ္းၾကား ေလွ်ာက္သြားခဲ့ၾကဘူးတယ္။ လမ္းေဘးက(ေကာ္ဖီ)ဆိုင္ေတြ ထိုင္ခဲ့ဘူးတယ္။ ေလာကကိုျဖတ္သန္းၿပီး ေလာကအလွ ရွာခဲ့ဘူးပါတယ္။ အဲဒီ'ေမာင္ဒီ'က ခင္ဝမ္းအေၾကာင္း အမွတ္တရ ေျပာဆိုေရးသားခဲ့တာေတြကို စာအုပ္အျဖစ္ စုထုတ္လိုက္ပါၿပီ။
.
"ဂီတႏွင့္ပန္းခ်ီ ၊ စံၾကည္ေၾကာ့ သို႔မဟုတ္ ခင္ဝမ္း'' ဆိုတဲ့ စာအုပ္ပါးေလးပါ။ ေက်ာ္ေမႊးစာေပမွ ဒုတိယအႀကိမ္ ျဖည့္စြက္ထုတ္ေဝသည္လို႔ ပါပါတယ္။ တန္ဖိုး ၃၀၀၀က်ပ္ပါ။ ပထမအႀကိမ္ကို အကၡရာစာေပက ထုတ္ေဝခဲ့ပါတယ္။
.
ေဆာင္းပါး၃ပုဒ္နဲ႕ အင္တာဗ်ဴးတခုပါပါတယ္။ ပထမေဆာင္းပါး 'ဂီတ ႏွင့္ ပန္းခ်ီ' မွာေတာ့ ဆရာေမာင္ဒီရဲ႕ အႏုပညာခံစားပုံမ်ားၿပီး ခင္ဝမ္းအေၾကာင္း ပါးပါးဘဲပါပါတယ္။ 'စံၾကည္ေၾကာ့'ကေတာ့ သူနဲ႕ခင္ဝမ္း ျဖတ္သန္းခဲ့ပုံေတြပါ။ သူတို႔ႏွစ္ဦး စေတြ႕ခ်ိန္မွ ကြယ္လြန္ခ်ိန္အထိ အမွတ္တရစာေတြပါ။ ခင္ဝမ္းပရိႆတ္ သေဘာက်စရာေတြႀကီးပါ။
.
တတိယေဆာင္းပါးက ခင္ဝမ္းဆုံးခ်ိန္အေၾကာင္းနဲ႕ ေနာက္ဆုံးက အလကၤာမဂၢဇင္းမွာ 'ေအးဘေက်ာ္'နဲ႕ ခင္ဝမ္းအေၾကာင္း ဗ်ဴးထားတာပါ။ ဒီစာစုေတြ မဂၢဇင္းေတြမွာ ဖတ္ဘူးတယ္ျဖစ္နိုင္ေပမယ့္ အခုလို စုၿပီးျပန္ထုတ္ေတာ့ ခေရဇီးေတြ သေဘာက်စရာပါဘဲ။ 

No comments:

Post a Comment

Thank you.