26 December 2019

နေကြတ်စဥ် ငလျင်လှုပ်၊


(Unicode version)

    မြန်မာဝေဒပညာရှင် အများစုက ၂၀၂၀မှာ တန်ခိုးကြီးမယ့် ခေါင်းဆောင်ပေါ်မယ်လို့ ယူဆနေကြပါတယ်။ သူက အနာဂတ်မြန်မာပြည်ကို ချမ်းသာတိုးတက်တဲ့တိုင်းပြည် ဖြစ်စေမတဲ့။
.
သာမန်အမြင်အရဆိုရင် ၂၀၂၀မှာ မြန်မာပြည်အထွေထွေရွေးကောက်ပွဲ ကျင်းပရမှာပါ။ လက်ရှိခြေဥအရ လွှတ်တော်မှာ အမတ်များတဲ့ပါတီက တိုင်းပြည်ခေါင်းဆောင်၊ သမတခန့်ခွင့်ရမှာပါ။ ခုအချိန်အတိုင်းဆို NLDပါတီကဘဲ အများစုအနိုင်ရမှာပါ။ တိုင်းရင်းသားဒေသအချို့မှာ NLDအမတ်နေရာ လျော့နိုင်ပေမယ့် သမတခန့်နိုင်တဲ့အများစုရဖို့ သေချာသလောက်ပါ။
.
ဒါဆို လက်ရှိသမတ ဦးဝင်းမြင့်ကဘဲ ဆက်လုပ်ရမယ်ထင်ပါတယ်။ သူက အမေစုသဘောကျ ခန့်ထားသူဘဲ။ အမေစုကတော့ ခြေဥမပြင်ရင် လုပ်လို့မရဘူးလေ။ သမတဦးဝင်းမြင့်က ဥပဒေ နားလည်ပြီး လွှတ်တော်ဥက္ကဌလုပ်စဥ်က ပြတ်သားသူဖြစ်ပါတယ်။ ကံဇာတာ မပါရင်တော့မပြောတတ်။
.
လက်ရှိလူတွေထဲ ဝေဒ ဆရာတွေ မျှော်မှန်းလောက်အောင်တော်တဲ့ ခေါင်းဆောင်မတွေ့မိပါ။ ၂၀၂၀မှာ ခေါင်းဆောင်မယ့်သူသည် ကမ္ဘာကပင် လေးစားသွားမယ့်သူပါတဲ့။ တပ်နွယ်တဲ့ဝေဒဆရာတွေကတော့ ကြာသပတေးသားလို့ အတင်းတွက်နေကြတယ်။ ကျွန်တော့်အမြင်တော့ အမေစုဘဲရှိတာဘဲ။ နေကြတ်တုံးငလျင်လှုပ်တာ အမေစုပါဝါထပ်တက်ဖို့ဘဲဖြစ်မယ်။

XxXxXx


(Zawgyi version)

    ျမန္မာေဝဒပညာရွင္ အမ်ားစုက ၂၀၂၀မွာ တန္ခိုးႀကီးမယ့္ ေခါင္းေဆာင္ေပၚမယ္လို႔ ယူဆေနၾကပါတယ္။ သူက အနာဂတ္ျမန္မာျပည္ကို ခ်မ္းသာတိုးတက္တဲ့တိုင္းျပည္ ျဖစ္ေစမတဲ့။
.
သာမန္အျမင္အရဆိုရင္ ၂၀၂၀မွာ ျမန္မာျပည္အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရမွာပါ။ လက္ရွိေျခဥအရ လႊတ္ေတာ္မွာ အမတ္မ်ားတဲ့ပါတီက တိုင္းျပည္ေခါင္းေဆာင္၊ သမတခန့္ခြင့္ရမွာပါ။ ခုအခ်ိန္အတိုင္းဆို NLDပါတီကဘဲ အမ်ားစုအနိုင္ရမွာပါ။ တိုင္းရင္းသားေဒသအခ်ိဳ႕မွာ NLDအမတ္ေနရာ ေလ်ာ့နိုင္ေပမယ့္ သမတခန့္နိုင္တဲ့အမ်ားစုရဖို႔ ေသခ်ာသေလာက္ပါ။
.
ဒါဆို လက္ရွိသမတ ဦးဝင္းျမင့္ကဘဲ ဆက္လုပ္ရမယ္ထင္ပါတယ္။ သူက အေမစုသေဘာက် ခန့္ထားသူဘဲ။ အေမစုကေတာ့ ေျခဥမျပင္ရင္ လုပ္လို႔မရဘူးေလ။ သမတဦးဝင္းျမင့္က ဥပေဒ နားလည္ၿပီး လႊတ္ေတာ္ဥကၠဌလုပ္စဥ္က ျပတ္သားသူျဖစ္ပါတယ္။ ကံဇာတာ မပါရင္ေတာ့မေျပာတတ္။
.
လက္ရွိလူေတြထဲ ေဝဒ ဆရာေတြ ေမွ်ာ္မွန္းေလာက္ေအာင္ေတာ္တဲ့ ေခါင္းေဆာင္မေတြ႕မိပါ။ ၂၀၂၀မွာ ေခါင္းေဆာင္မယ့္သူသည္ ကမၻာကပင္ ေလးစားသြားမယ့္သူပါတဲ့။ တပ္ႏြယ္တဲ့ေဝဒဆရာေတြကေတာ့ ၾကာသပေတးသားလို႔ အတင္းတြက္ေနၾကတယ္။ ကြၽန္ေတာ့္အျမင္ေတာ့ အေမစုဘဲရွိတာဘဲ။ ေနၾကတ္တုံးငလ်င္လႈပ္တာ အေမစုပါဝါထပ္တက္ဖို႔ဘဲျဖစ္မယ္။


No comments:

Post a Comment

Thank you.