12 December 2019

အစဥ်သုံးတံဆိပ်ခေါင်း ၁၀ဝကျပ်


(Unicode version)

   မြန်မာ့စာပို့လုပ်ငန်းအတွက် အစဥ်သုံးတံဆိပ်ခေါင်း ၁၀၀ကျပ်တန် ယနေ့ထုတ်ပါတယ်။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က အသုံးအများဆုံး ငှက်ခါးပုံနဲ့ပါ။ ထိုစဥ်က ၅ပြား ၁၀ပြားနဲ့ ၁၅ပြားကို အရောင်တမျိုးစီနဲ့ ထုတ်ခဲ့သော်လည်း အခုတရာတန်ငှက်ခါးပုံက ရောင်စုံပုံနဲ့ပါ။
.
တံဆိပ်ခေါင်းပုံ လှပါတယ်။ ဒီဇ်ိုင်းလည်း အဆင့်ရှိပါတယ်။ စုသူတွေအကြိုက်ပါဘဲ။ ဒီလိုရောင်စုံပုံနဲ့ ဆိုဒ်အကြီးထုတ်တာ အထိမ်းအမှတ်ထုတ်၊ အထူးထုတ်ဆို ပြောစရာမရှိပါ။ အစဥ်သုံးဆိုတော့ နည်းနည်းပြောချင်ပါတယ်။
.
အစဥ်သုံးဆိုတာ အရည်အတွက် အကန့်အသတ်မရှိဘဲ နောက်တကြိမ် အစဥ်သုံးထုတ်သည်အထိ သုံးရမှပါ။ နိုင်ငံတိုင်းလိုလိုနဲ့ မြန်မာ့အရင်အစဥ်သုံးတွေတောင် ပုံနှိပ်မှင် နှစ်ရောင်လောက်ဘဲ သုံးကြပါတယ်။ ခုခေတ် စျေးမကွာဘူးဆိုရင်တော့ မပြောတတ်ပါ။
.
တံဆိပ်ခေါင်းအရွယ်လည်း ခုထုတ်ဝေတါရဲ့ တဝက်ဆိုဒ်၊ တိုင်းရင်းသားအစဥ်သုံးအရွယ်ဘဲ လုပ်သင့်ပါတယ်။ ပုံနှိပ်မှင်ခနဲ့ စက္ကူသက်သာအောင်လို့ပါ။ အစဥ်သုံးရဲ့ တန်ဖိုးကြီးခေါင်းများမှ ခုဆိုဒ်ကို ရောင်စုံထုတ်သင့်တာပါ။ တံဆိပ်ခေါင်းထုတ်လုပ်စားရိတ် မြန်မာ့စာပို့လုပ်ငန်းအတွက် သက်သာအောင်လို့ပါ။ အရည်အတွက်မြောက်များစွာ ထုတ်ရမှာမလို့ပါ။
.
အစဥ်သုံးဆိုတော့ အခြားတန်ဖိုးများအတွက်လည်း ထုတ်ဝေဦးမှာ သေချာပါတယ်။ ရစ်တွေ အောက်ချင်းတွေ၊ ဒေါင်းတွေ ဗွတ်ကလုံတွေ လာဦးမှာပါ။ ပုံမနှိပ်ရသေးဘူးဆိုရင် အထက်ပါနှစ်ချက်ကို စဥ်းစားသင့်ပါတယ်။ ဒီဇိုင်းလည်းပြောင်းစရာမလိုဘဲ အရည်အတွက်နှစ်ဆ ရမှာပါ။
.
FDC လည်းထုတ်ဝေပြီး ၂၀၀ကျပ်ပါ။


XxXxXx

(Zawgyi version)

   ျမန္မာ့စာပို႔လုပ္ငန္းအတြက္ အစဥ္သုံးတံဆိပ္ေခါင္း ၁၀၀က်ပ္တန္ ယေန႕ထုတ္ပါတယ္။ လြန္ခဲ့ေသာ ႏွစ္ငါးဆယ္ခန့္က အသုံးအမ်ားဆုံး ငွက္ခါးပုံနဲ႕ပါ။ ထိုစဥ္က ၅ျပား ၁၀ျပားနဲ႕ ၁၅ျပားကို အေရာင္တမ်ိဳးစီနဲ႕ ထုတ္ခဲ့ေသာ္လည္း အခုတရာတန္ငွက္ခါးပုံက ေရာင္စုံပုံနဲ႕ပါ။
.
တံဆိပ္ေခါင္းပုံ လွပါတယ္။ ဒီဇ္ိုင္းလည္း အဆင့္ရွိပါတယ္။ စုသူေတြအႀကိဳက္ပါဘဲ။ ဒီလိုေရာင္စုံပုံနဲ႕ ဆိုဒ္အႀကီးထုတ္တာ အထိမ္းအမွတ္ထုတ္၊ အထူးထုတ္ဆို ေျပာစရာမရွိပါ။ အစဥ္သုံးဆိုေတာ့ နည္းနည္းေျပာခ်င္ပါတယ္။
.
အစဥ္သုံးဆိုတာ အရည္အတြက္ အကန့္အသတ္မရွိဘဲ ေနာက္တႀကိမ္ အစဥ္သုံးထုတ္သည္အထိ သုံးရမွပါ။ နိုင္ငံတိုင္းလိုလိုနဲ႕ ျမန္မာ့အရင္အစဥ္သုံးေတြေတာင္ ပုံႏွိပ္မွင္ ႏွစ္ေရာင္ေလာက္ဘဲ သုံးၾကပါတယ္။ ခုေခတ္ ေစ်းမကြာဘူးဆိုရင္ေတာ့ မေျပာတတ္ပါ။
.
တံဆိပ္ေခါင္းအ႐ြယ္လည္း ခုထုတ္ေဝတါရဲ႕ တဝက္ဆိုဒ္၊ တိုင္းရင္းသားအစဥ္သုံးအ႐ြယ္ဘဲ လုပ္သင့္ပါတယ္။ ပုံႏွိပ္မွင္ခနဲ႕ စကၠဴသက္သာေအာင္လို႔ပါ။ အစဥ္သုံးရဲ႕ တန္ဖိုးႀကီးေခါင္းမ်ားမွ ခုဆိုဒ္ကို ေရာင္စုံထုတ္သင့္တာပါ။ တံဆိပ္ေခါင္းထုတ္လုပ္စားရိတ္ ျမန္မာ့စာပို႔လုပ္ငန္းအတြက္ သက္သာေအာင္လို႔ပါ။ အရည္အတြက္ေျမာက္မ်ားစြာ ထုတ္ရမွာမလို႔ပါ။
.
အစဥ္သုံးဆိုေတာ့ အျခားတန္ဖိုးမ်ားအတြက္လည္း ထုတ္ေဝဦးမွာ ေသခ်ာပါတယ္။ ရစ္ေတြ ေအာက္ခ်င္းေတြ၊ ေဒါင္းေတြ ဗြတ္ကလုံေတြ လာဦးမွာပါ။ ပုံမႏွိပ္ရေသးဘူးဆိုရင္ အထက္ပါႏွစ္ခ်က္ကို စဥ္းစားသင့္ပါတယ္။ ဒီဇိုင္းလည္းေျပာင္းစရာမလိုဘဲ အရည္အတြက္ႏွစ္ဆ ရမွာပါ။
.
FDC လည္းထုတ္ေဝၿပီး ၂၀၀က်ပ္ပါ။ 

No comments:

Post a Comment

Thank you.