09 December 2019

လွတ်လပ်သောမြန်မာပြည် ပထမဆုံးတံဆိပ်ခေါင်း











(Unicode version)

   လွတ်လပ်သောမြန်မာပြည်ရဲ့ ပထမဆုံး  တံဆိပ်ခေါင်းကို လွတ်လပ်ရေးနေ့ ၁၉၄၈ခု ဇန်နဝါရီလ ၄ရက်နေ့မှာ မထုတ်ဝေနိုင်ဘဲ ၆ရက်နေ့မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ လွတ်လပ်သောမြန်မာနိုင်ငံဖြစ်ပြီမို့ အစစတည်ဆောက်ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတာကြောင့် ဖြစ်နိုင်သလို အချိန်မီ မရောက်လို့လည်းဘဲ ဖြစ်နိုင်တာပါဘဲ။ လိုအပ်တာတွေလည်း ရှိခဲ့ပါတယ်။
.
ပထမလိုအပ်တာက လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တံဆိပ်ခေါင်းကို ဒီဇိုင်းအသစ်နဲ့ မလုပ်နိုင်ဘဲ အင်္ဂလိပ်ကိုလိုနီခေတ်က အထူးထုတ်တံဆိပ်ခေါင်းပုံကို ယူသုံးလိုက်ခြင်းပါဘဲ။ ၁၉၄၆ကထုတ်ခဲ့တဲ့ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်ထုတ်ခေါင်း ၂ပဲတန် ခြင်္သေ့ပုံနဲ့ တံဆိပ်ခေါင်းရဲ့ ဂျော့ဘုရင်နေရာမှာ ဗိုလ်ချုပ်ပုံအစားထိုး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းတမျိုးထဲကို အရောင်ငါးမျိုးနဲ့ တန်ဖိုးငါးမျိုးအတွက် ထုတ်ဝေခဲ့တာပါ။ ပဲဝက်(၆ပိုင်) ၊ ၁ပဲ ၊၂ပဲ ၊ ၃ပဲ၆ပိုင် နဲ့ ၈ပဲ တို့ပါ။
.
ဒုတိယလိုအပ်တာက မြန်မာနိုင်ငံအမည်ကို မြန်မာလို မပါခဲ့တာပါဘဲ။ အဲ့ဒီအချိန်က တပြည်လုံးအလုပ်ရှုပ်နေကြမယ် ထင်ပါတယ်။ အသစ်ဒီဇိုင်း မလုပ်ဖြစ်လို့ ပုံတူယူလိုက်တော့ နိုင်ငံအမည် မြန်မာဘာသာနဲ့ ပါမလာတော့တာ ဖြစ်မှာပါ။ တံဆိပ်ခေါင်းတန်ဖိုးတွေကိုတော့ ဒီဇိုင်းဟောင်းမှာကတည်းက မြန်မာလိုရော အင်္ဂလိပ်လိုပါ နှစ်မျိုးပါခဲ့ပါတယ်။
.
ကိုလိန်ိီခေတ် မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်း ထုတ်စဥ်ကပင် လွဲချော်မှုလေးတွေ ရှိခဲ့သလို လွတ်လပ်သော မြန်မာပြည်အတွက် ထုတ်တော့လည်း လွဲချော်မှုလေးတွေ ဖြစ်ခဲ့တာ မှတ်သားစရာပါ။


XxXxXx

(Zawgyi version )

   လြတ္လပ္ေသာျမန္မာျပည္ရဲ႕ ပထမဆုံး တံဆိပ္ေခါင္းကို လြတ္လပ္ေရးေန႕ ၁၉၄၈ခု ဇန္နဝါရီလ ၄ရက္ေန႕မွာ မထုတ္ေဝနိုင္ဘဲ ၆ရက္ေန႕မွ ထုတ္ေဝနိုင္ခဲ့ပါတယ္။ လြတ္လပ္ေသာျမန္မာနိုင္ငံျဖစ္ၿပီမို႔ အစစတည္ေဆာက္ျပင္ဆင္ေနရလို႔ အလုပ္ရႈပ္ေနတာေၾကာင့္ ျဖစ္နိုင္သလို အခ်ိန္မီ မေရာက္လို႔လည္းဘဲ ျဖစ္နိုင္တာပါဘဲ။ လိုအပ္တာေတြလည္း ရွိခဲ့ပါတယ္။
.
ပထမလိုအပ္တာက လြတ္လပ္ေသာ ျမန္မာျပည္ရဲ႕ ပထမဆုံး တံဆိပ္ေခါင္းကို ဒီဇိုင္းအသစ္နဲ႕ မလုပ္နိုင္ဘဲ အဂၤလိပ္ကိုလိုနီေခတ္က အထူးထုတ္တံဆိပ္ေခါင္းပုံကို ယူသုံးလိုက္ျခင္းပါဘဲ။ ၁၉၄၆ကထုတ္ခဲ့တဲ့ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္ထုတ္ေခါင္း ၂ပဲတန္ ျခေသၤ့ပုံနဲ႕ တံဆိပ္ေခါင္းရဲ႕ ေဂ်ာ့ဘုရင္ေနရာမွာ ဗိုလ္ခ်ဳပ္ပုံအစားထိုး ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ ဒီဇိုင္းတမ်ိဳးထဲကို အေရာင္ငါးမ်ိဳးနဲ႕ တန္ဖိုးငါးမ်ိဳးအတြက္ ထုတ္ေဝခဲ့တာပါ။ ပဲဝက္(၆ပိုင္) ၊ ၁ပဲ ၊၂ပဲ ၊ ၃ပဲ၆ပိုင္ နဲ႕ ၈ပဲ တို႔ပါ။
.
ဒုတိယလိုအပ္တာက ျမန္မာနိုင္ငံအမည္ကို ျမန္မာလို မပါခဲ့တာပါဘဲ။ အဲ့ဒီအခ်ိန္က တျပည္လုံးအလုပ္ရႈပ္ေနၾကမယ္ ထင္ပါတယ္။ အသစ္ဒီဇိုင္း မလုပ္ျဖစ္လို႔ ပုံတူယူလိုက္ေတာ့ နိုင္ငံအမည္ ျမန္မာဘာသာနဲ႕ ပါမလာေတာ့တာ ျဖစ္မွာပါ။ တံဆိပ္ေခါင္းတန္ဖိုးေတြကိုေတာ့ ဒီဇိုင္းေဟာင္းမွာကတည္းက ျမန္မာလိုေရာ အဂၤလိပ္လိုပါ ႏွစ္မ်ိဳးပါခဲ့ပါတယ္။
.
ကိုလိန္ိီေခတ္ ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္း ထုတ္စဥ္ကပင္ လြဲေခ်ာ္မႈေလးေတြ ရွိခဲ့သလို လြတ္လပ္ေသာ ျမန္မာျပည္အတြက္ ထုတ္ေတာ့လည္း လြဲေခ်ာ္မႈေလးေတြ ျဖစ္ခဲ့တာ မွတ္သားစရာပါ။ 

No comments:

Post a Comment

Thank you.