24 August 2018

ကက်ဆက်ခွေလေးများ ၃












(Unicode version)


ကက်ဆက်က ဒီအခွေဘဲ နားထောင်ဖန်များတော့ စွဲနေပါတယ်။ ဒီသီချင်းဆုံးသွားရင် နောက်သီချင်းရဲ့ အင်ထရိုက နားထဲဝင်လာပါပြီ။ ကိုယ့်ဖာသာ ပြန်စီသွင်းထားတ့ဲ စိတ်ကြိုက်အခွေတွေ နားထောင်မိရင် အဲဒီအရသာမရလို့ တမျိုးကြီးဖြစ်သွားတတ်ပါတယ်။ အိမ်က ခင်ဝမ်းရဲ့ ဒုတိယအခွေ ပြည်မှာဆောင်းအခွေကို ဟီတာချီ စိီ 90 (ခရမ်းရင့်ရောင့်ကာဗာ) နဲ့ သွင်းထားတာပါ။ ကျန်မိနစ်သုံးဆယ်စာက ဘိုဘိုဟန်ရဲ့ နာမည်ကြီးသီချင်းများ။ အ့ဲဒီအခွေဖွင့်ပါများတော့ တိတ်ညပ်ပြီးပြတ်ပါတယ်။ ဆယ်လိုတိတ်နဲ့ ပြန်ကပ်ထားရတော့ အ့ဲဒီနေရာလေးရောက်ရင် ထစ်သံဖြစ်သွားပါတယ်။ ခင်ဝမ်းသီချင်းဘက်မှာ ပြည်မှာဆောင်း chorus အပြီး ပြန်ဝင်တ့ဲအပိုဒ် ''အဆုံးစွန်အထိ'' မှာ ထစ်ပါတယ်။ ခုထိ အ့ဲဒီသီချင်းကြားတိုင်း အ့ဲဒီနေရာလေး စိတ်ထဲမှာ ထစ်နေတုံးပါဘဲ။

.

အရေးအခင်းပြီးမကြာခင် နိုင်ငံခြားသွားရမှာမို့ အဖိုးကို ဘာဝယ်ခ့ဲရမလဲ သွားမေးပါတယ်။ အဖိုးက ဘာမှမလိုပါ၊ ဝယ်ပေးချင်ရင်တော့ ကက်ဆက်အခွေသာ ဝယ်ပေးပါတ့ဲ။ ဟိုကဝယ်လာတ့ဲ ၁၈ချောင်းလောက်ပါတ့ဲ soft pen ရောင်စုံရယ်၊ ဒီက ဟီတာချီ စီ 60 တဗူးဝယ်ပေးခ့ဲပါတယ်။ ဟီတာချီက အ့ဲဒီအချိန်မှာ ပလတ်စတစ်သားအနက်နဲ့ ဒီဇိုင်းပြောင်းနေပါပြီ။ အသက်၈၀ကျော် ကျနော့်အဖိုး သီချင်းခွေတွေ သွင်းလို့လားလို့ မထင်ကြပါနဲ့။

.

အဖိုးကို အ့ဲဒီခေတ်က စမ်းချောင်းတောင် မြောက်ရပ်ကွက်သားတွေ သိကြပါတယ်။ အဖိုးက နေ့စဉ်လမ်းလျောက်ရင်းနဲ့ တရားခွေတွေ အိမ်တိုင်ရာရောက် လိုက်ပို့တာပါ။ တရားနာချင်ရင် လိပ်စာသာပေးထား၊ လာပို့မှာပါ။ ဘယ်လိုတရား ဘယ်ဆရာ့တော့်တရား နာချင်လဲတော့ ပြောထားပေါ့။ ခေတ်စားတာက ကြာနီကန်ဆရာတော်နဲ့ မိုးကုတ်ပေါ့။ နောက်ပိုင်း သပိတ်အိုင်ဆရာတော် နာမည်ကြီးလာတယ်လို့ မှတ်မိတယ်။ စူပါဟိုက်တေးသံသွင်းက အဓိကဖြန့်တာပေါ့။

.

အဖိုးစံနစ်က မိုက်တယ်။ ဒီနေ့ ကြာနီကန်နာသူတွေ အခွေလဲပေးမယ်ဆိုပါတော့။ အိမ်က စထွက်ချိန် တခွေကိုင်သွား။ ကြာနီကန်စာရင်းပေးထားတ့ဲအိမ်မှာ အသစ်ပေး၊ အဟောင်းယူပြီး လမ်းဆက်လျောက်၊ နောက်တအိမ်ကိုပေး။ ဒီလိုလှည့်သွားတာ အိမ်ပြန်တခွေဘဲ ကိုင်သွားတာဘဲ။ ကြားဖောက်နားထောင်ချင်သူတွေတော့ အိမ်ကြွကြပေါ့ဗျာ။ တခုဘဲ ရှိတယ်။ သူလာသိမ်းမ့ဲနေ့ အဆင်သင့်ပြင်ထားကြ။ သိတ်မစောင့်နိုင်ဘူး။ အိမ်ရှေ့ရပ်၊ သူ့လက်ကိုင်ဒုတ်နဲ့ ခေါက်ပြီးအသံပေးမယ်။ အခွေဟောင်းပေး၊ ခွေသစ်ယူ။ ဒါဘဲ။ သူတို့လဲ အဖိုးကြောက်တော့ အမြန်လုပ်ကြရတယ်ထင်တယ်။ တနေ့တော့ ကြီးတော်ကြီးက သီချင်းခွေ သုံးလေးခွေပေးတယ်။ တရားခွေဘူးထဲ မှားထည့်ပေးလိုက်ကြတာတ့ဲ။ မေဆွိရဲ့ မောင်သီချင်းပါတ့ဲအခွေ မဝယ်ဘဲ အ့ဲလိုရဘူးတာဗျ။ တရားခွေတွေကို ဂျတ်စက္ကူကာဗာနဲ့ အမည်တွေထိုး သေချာလုပ်ထားတာပါ။ အထဲက ကက်ဆက်တော့ မှားလဲ ချက်ချင်းမသိရဘူးပေါ့။

XxXxXx

(Zawgyi version)


ကက်ဆက္က ဒီအေခြဘဲ နားထောင္ဖန္မ်ားတော့ စြဲနေပါတယ်။ ဒီသီခ်င်းဆုံးသြားရင် နောက်သီခ်င်းရဲ့ အင္ထရိုက နားထဲဝင္လာပါပြီ။ ကိုယ့်ဖာသျာပန္စီသြင်းထားတဲ့ စိတ်ကြိုက်အေခြေတြ နားထောင္မိရင် အဲဒီအရသာမရလို့ တမိုးကြီျးဖစ်သြားတတ္ပါတယ်။ အိမ္က ခင်ဝမ်းရဲ့ ဒုတိယအေချြပည္မွာဆောင်းအေခြကို ဟီတာခ်ီ စီ 90 (ခရမ်းရင့်ရောင့်ကာဗာ) နဲ့ သြင်းထားတာပါ။ က်န္မိနစ်သုံးဆယ္စာက ဘိုဘိုဟန်ရဲ့ နာမည်ကြီးသီခ်င်းမ်ား။ အဲ့ဒီအေခြဖြင့်ပါမ်ားတော့ တိတ်ညပ်ပြီျးပတ္ပါတယ်။ ဆယ္လိုတိတ္နျဲ့ပန္ကပ္ထားရေတာ့ အဲ့ဒီနေရာလေးရောက်ရင် ထစ်သျံဖစ်သြားပါတယ်။ ခင်ဝမ်းသီခ်င်းဘက္မျွာပည္မွာဆောင်း chorus အပြီျးပန်ဝင္တဲ့အပိုဒ် ''အဆုံးစြန်အထိ'' မွာ ထစ္ပါတယ်။ ခုထိ အဲ့ဒီသီခ်င်းကြားတိုင်း အဲ့ဒီနေရာလေး စိတ္ထဲမွာ ထစ်နေတုံးပါဘဲ။

.

အေရးအခင်းပြီးမကြာခင် နိုင်ငျံခားသြားရမွာမို့ အဖိုးကို ဘာဝယ္ခဲ့ရမလဲ သြားမေးပါတယ်။ အဖိုးက ဘာမွမလိုပါ၊ ဝယ်ပေးခ်င်ရင်တော့ ကက်ဆက်အေခြသာ ဝယ်ပေးပါတဲ့။ ဟိုကဝယ္လာတဲ့ ၁၈ခော်င်းလောက္ပါတဲ့ soft pen ရောင္စုံရယ်၊ ဒီက ဟီတာခ်ီ စီ 60 တဗူးဝယ်ပေးခဲ့ပါတယ်။ ဟီတာခ်ီက အဲ့ဒီအခိန္မွာ ပလတ္စတစ်သားအနက္နဲ့ ဒီဇိုင်ျးေပာင်းနေပါပြီ။ အသက်၈၀ကော်် က်နော့်အဖိုး သီခ်င်းခြေတြ သြင်းလို့လားလို့ မထင်ကြပါနဲ့။

.

အဖိုးကို အဲ့ဒီခေတ္က စမ်းခော်င်းတောင်ျေမာက်ရပ္ကြက်သားတြေ သိကြပါတယ်။ အဖိုးက နေ့စဉ္လမ်းလော်က်ရင်းနဲ့ တရားခြေတြ အိမ္တိုင်ရာရောက် လိုက္ပို့တာပါ။ တရားနာခ်င်ရင် လိပ္စာသာပေးထား၊ လာပို့မွာပါ။ ဘယ္လိုတရား ဘယ်ဆရာ့တော့်တရား နာခ်င္လဲတော့ျေပာထားပေါ့။ ခေတ္စားတာက ကြာနီကန်ဆရာတ္နောဲ့ မိုးကုတ်ပေါ့။ နောက္ပိုင်း သပိတ်အိုင်ဆရာတော် နာမည်ကြီးလာတယ္လို့ မွတ္မိတယ်။ စူပါဟိုက်တေးသံသြင်းက အဓိကျဖန့်တာပေါ့။

.

အဖိုးစံနစ္က မိုက္တယ်။ ဒီနေ့ ကြာနီကန္နာသူတြေ အေခြလဲပေးမယ်ဆိုပါတော့။ အိမ္က စထြက္ခိန် တေခြကိုင်သြား။ျကာနီကန္စာရင်းပေးထားတဲ့အိမ္မွာ အသစ်ပေး၊ အေဟာင်းယူပြီး လမ်းဆက်လော်က်၊ နောက္တအိမ္ကိုပေး။ ဒီလိုလွည့်သြားတာ အိမ်ျပန္တခြေဘဲ ကိုင်သြားတာဘဲ။ ကြားဖောက္နားထောင္ခ်င်သူတြေတာ့ အိမ်ကြကြေပါ့ဗ်ာ။ တခုဘဲ ရွိတယ်။ သူလာသိမ်းမဲ့နေ့ အဆင်သင့်ျပင္ထားကြ။ သိတ္မေစာင့်နိုင္ဘူး။ အိမ်ရွေ့ရပ်၊ သူ့လက္ကိုင္ဒုတ္နဲ့ ခေါက်ပြီးအသံပေးမယ်။ အေခြေဟာင်းပေး၊ ခြေသစ်ယူ။ ဒါဘဲ။ သူတို့လဲ အဖိုးကြောက်တော့ အျမန္လုပ်ကြရတယ္ထင္တယ်။ တေန့တော့ ကြီးတော်ကြီးက သီခ်င်းခြေ သုံးလေးခြေပးတယ်။ တရားခြေဘူးထဲ မွားထည့်ပေးလိုက်ကြတာတဲ့။ မေဆြိရဲ့ မောင်သီခ်င်းပါတဲ့အေခြ မဝယ္ဘဲ အဲ့လိုရဘူးတာဗ်။ တရားခြေတြကို ဂ်တ္စက္ကူကာဗာနဲ့ အမည်တြေထိုး သေခ်ာလုပ္ထားတာပါ။ အထဲက ကက်ဆက်တော့ မွားလဲ ခ်က္ခ်င်းမသိရဘူးပေါ့။

No comments:

Post a Comment

Thank you.