01 August 2018

သရဝဏ်(ပြည်)ရဲ့ ခင်ဝမ်း








 
   သီချင်းဆိုသောခင်ဝမ်း ကွယ်လွန်ခ့ဲသည်မှာ ကြာလာပြီဖြစ်တော့ သူရဲ့လှုပ်ရှားမှုသတင်းများ ဖတ်ရမည်မဟုတ်တော့ပါ။ သူ့သီချင်းသစ်တွေဆိုတာ ဝေးပြီပေါ့။ တခါတရံမှသာ သူ့အကြောင်း အမှတ်တရလေးများ ဖတ်ရယုံနဲ့ ကြေနပ်နေကြတာပါ။

.

ဇူလိုင်လ ၃၀ရက်နေ့ထုတ် စံတော်ချိန်သတင်းစာမှာ ပြည်မြို့သားစာရေးဆရာတဦးဖြစ်တ့ဲ သရဝဏ်(ပြည်)ရဲ့ "နှလုံးသားထဲက အနုပညာရှင်နှစ်ဦး" ဆိုတ့ဲဆောင်းပါး ဖတ်ရပါတယ်။ ပြည်မြို့က အနုပညာရှင် ခင်ဝမ်းနဲ့ မောင်ချောနွယ်တို့အကြောင်းပါ။ ခပ်ပါးပါး အမှတ်ရယုံပါ။ ပြည်မြို့သားပီသစွာ သတိတရထည့်ရေးတ့ဲ သီချင်းစာသားတွေက ဧရာဝတီနဲ့ ပြည်မှာဆောင်း။

.

ဒါပေမယ့် မသိတာတချက် သိလိုက်ရပါတယ်။ ခင်ဝမ်း စတိတ်ရှိုးမှာ သီချင်းဆိုတာ နှစ်ကြိမ်ဘဲ ကြည့်ဘူးပါတယ်။ နှစ်ကြိမ်လုံး မီးတော်တော်မှိန်ပြီးမှ မိုက်ရှေ့ကိုလာပါတယ်။ အပြင်မှာလည်း သတိထားမိပါတယ်။ လမ်းလျောက်ရင် အနည်းငယ် ခြေဆာနေတာကိုပါ။

.

သရဝဏ်(ပြည်) ရေးတော့မှ ခင်ဝမ်း ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်နေတာ ထင်ခ့ဲသလို မွေးရာပါ မဟုတ်ဘူးဘဲ။ 'ကိုခင်ဝမ်း ကလေးဘဝက ဘူးစင်အောက်တွင် သိပ်ထားစဉ် ကလေးခန္ဓာပေါ်သို့ ဘူးသီးကြွေကြသဖြင့် ထိခိုက်မိကာ ခြေထောက်တဖက်မသန်ဘဲ ဖြစ်နေရှာသည်' တ့ဲ။ စိတ်မကောင်းစရာတခုကို သိလိုက်ရပါတယ်။

.

"ရေငတ်သူဟာ ကွမ်းတယာနဲ့ အစာပြေမှာ မဟုတ်နိုင်ပေမ့ဲ အနည်းငယ်တော့ သက်သာသွားမှာပါ။ သရဝဏ်ရဲ့ ဆောင်းပါးက ကိုယ်ရေးအတၳုပတ္တိမဟုတ်ပေမ့ဲ အနည်းငယ်တော့ အာသာပြေပါလိမ့်မယ်။ အပြည့်အစုံကိုတော့ အောက်ဖော်ပြပါ သူရဲ့ဖေ့ဘုတ်လင့်မှာ ဖတ်နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=2122561914734032&id=100009407336994

No comments:

Post a Comment

Thank you.