13 August 2018

နိုင်ဝင်းဆွေရဲ့ ''မသိန်းရှင်ဆီ ပို့ပေးပါ''





(Unicode version)






အရင်နှစ်လေးဆယ်ခန့်က ဖတ်ဖူးခ့ဲနိုင်သော်လည်း မမှတ်မိပါ။ နိုင်ဝင်းဆွေနာမည်နှင့် သူ့ရဲ့ဝတၳုအမည်များကိုတော့ အမြဲကြားနေရပါသည်။ နှစ်လေးဆယ်ခန့် သူ့စာအပ်များ ထုတ်ခွင့်မရခ့ဲ။ ပြီးခ့ဲတ့ဲလက သူ့ရဲ့အခြားနာမည်ကျော် ''နွေတည'' ကို ဖတ်လိုက်ရသည်။ တော်တော်စာရေးကောင်းသော စာရေးဆရာတယောက်ပါလား။

.

ခုဝတၳုကလည်း စိတ်ထဲတွင် နှစ်ငါးဆယ်ကျော် ရွှေ့ဖတ်နိုင်ရင် တော်တော်ကောင်းပါသည်။ ခုခေတ်နဲ့ယှဉ်ပြီး ဒါလေးများဆိုရင်တော့ မတတ်နိုင်။ တော်လှန်ရေးကောင်စီတက်ကာစ အချိန်လောက်က မြေလတ်ရထားလမ်းပေါ်မှ ရထားစာရေးလေးနှင့် မှောင်ခိုမလေးအကြောင်း အခြေခံသည်။ ပုံပေါ်အောင် ရေးနိုင်သည်။ နောက်ဆုံး စာအုပ်နာမည်ပေးပုံကကို မိုက်နေတော့သည်။

.

မမိုက်သူကတော့ ပြန်ထုတ်ဖို့ စီစဉ်သူပင်။ ဤစာအုပ်ကြောင့် ဖြစ်လာသည့် ပေးစာများနှင့် စာရေးဆရာကို ဝေဖန်သည့်စာများကို အမှာနှင့်အတူ အရှေ့မှာထည့်သဖြင့် ဇတ်သိမ်းကို ကြိုပြောသလို ဖြစ်သွားသည်။ ဇတ်လမ်းပြီးမှ ထည့်သင့်သည်ထင်သည်။ စာရေးဆရာ နိုင်ဝင်းဆွေ နဲ့ ထုတ်ဝေသူ ရှုမဝဦးကျော်တို့ အိပ်ဖွင့်ပေးစာက ဖတ်ကောင်းသည်။ ကွန်မြူနစ်သဘောကျသူ လူငယ်စာရေးဆရာနှင့် အနုပညာပြည့်ဝသော လူကြီးထုတ်ဝေသူတို့ရဲ့ ပညာပြိုင်ပွဲလေးပါတည်း။

.

ဝတၳုထဲမှာ ထိုအချိန်က ကျပ်တည်းကြသဖြင့် ရထားနှင့်မှောင်ခိုသယ်သဖြင့် ရိုးသားသောအညာသူလေးတချို့ ပျက်စီးကုန်တာ ဖွဲ့ထားပါသည်။ အ့ံသြစရာက သူတို့သယ်သော မှောင်ခိုပစ္စည်းက ထန်းညက်ပါတ့ဲ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စတင်ခ့ဲသောအချိန်တည်း။


XxXxXx

(Zawgyi version)

အရင္ႏွစ္ေလးဆယ္ခန္႔က ဖတ္ဖူးခ့ဲနိုင္ေသာ္လည္း မမွတ္မိပါ။ ႏိုင္ဝင္းေဆြနာမည္ႏွင့္ သူ႔ရဲ႕ဝတၳဳအမည္မ်ားကိုေတာ့ အျမဲၾကားေနရပါသည္။ ႏွစ္ေလးဆယ္ခန္႔ သူ႔စာအပ္မ်ား ထုတ္ခြင့္မရခ့ဲ။ ၿပီးခ့ဲတ့ဲလက သူ႔ရဲ႕အျခားနာမည္ေက်ာ္ ''ေႏြတည'' ကို ဖတ္လိုက္ရသည္။ ေတာ္ေတာ္စာေရးေကာင္းေသာ စာေရးဆရာတေယာက္ပါလား။
.
ခုဝတၳဳကလည္း စိတ္ထဲတြင္ ႏွစ္ငါးဆယ္ေက်ာ္ ေရႊ႔ဖတ္ႏိုင္ရင္ ေတာ္ေတာ္ေကာင္းပါသည္။ ခုေခတ္နဲ႔ယွဥ္ၿပီး ဒါေလးမ်ားဆိုရင္ေတာ့ မတတ္ႏိုင္။ ေတာ္လွန္ေရးေကာင္စီတက္ကာစ အခ်ိန္ေလာက္က ေျမလတ္ရထားလမ္းေပၚမွ ရထားစာေရးေလးႏွင့္ ေမွာင္ခိုမေလးအေၾကာင္း အေျခခံသည္။ ပံုေပၚေအာင္ ေရးႏိုင္သည္။ ေနာက္ဆံုး စာအုပ္နာမည္ေပးပံုကကို မိုက္ေနေတာ့သည္။
.
မမိုက္သူကေတာ့ ျပန္ထုတ္ဖို႔ စီစဥ္သူပင္။ ဤစာအုပ္ေၾကာင့္ ျဖစ္လာသည့္ ေပးစာမ်ားႏွင့္ စာေရးဆရာကို ေဝဖန္သည့္စာမ်ားကို အမွာႏွင့္အတူ အေ႐ွ႕မွာထည့္သျဖင့္ ဇတ္သိမ္းကို ႀကိဳေျပာသလို ျဖစ္သြားသည္။ ဇတ္လမ္းၿပီးမွ ထည့္သင့္သည္ထင္သည္။ စာေရးဆရာ ႏိုင္ဝင္းေဆြ နဲ႔ ထုတ္ေဝသူ ႐ႈမဝဦးေက်ာ္တို႔ အိပ္ဖြင့္ေပးစာက ဖတ္ေကာင္းသည္။ ကြန္ျမဴနစ္သေဘာက်သူ လူငယ္စာေရးဆရာႏွင့္ အႏုပညာျပည့္ဝေသာ လူႀကီးထုတ္ေဝသူတို႔ရဲ႕ ပညာၿပိဳင္ပြဲေလးပါတည္း။
.
ဝတၳဳထဲမွာ ထိုအခ်ိန္က က်ပ္တည္းၾကသျဖင့္ ရထားႏွင့္ေမွာင္ခိုသယ္သျဖင့္ ႐ိုးသားေသာအညာသူေလးတခ်ိဳ႕ ပ်က္စီးကုန္တာ ဖြဲ႔ထားပါသည္။ အ့ံၾသစရာက သူတို႔သယ္ေသာ ေမွာင္ခိုပစၥည္းက ထန္းညက္ပါတ့ဲ။ ျမန္မာ့ဆို႐ွယ္လစ္လမ္းစဥ္ စတင္ခ့ဲေသာအခ်ိန္တည္း။

No comments:

Post a Comment

Thank you.