20 August 2018

ကက်ဆက်ခွေလေးများ ၁









(Unicode version)


 သီချင်းတွေသွင်းထားဖို့ လူသားတွေကြိုးပမ်းခ့ဲရာမှာ ဓာတ်လုံး ဓာတ်ပြား တိပ်ရီကော်ဒါ ကက်ဆက် စီဒီ ကနေ ခုဆို အီလက်ထရွန်းနစ်ပစ္စည်းလေးတွေအထိ ပေါ်နေပါပြီ။ လူထုအများ အသုံးပြုနိုင်တာကတော့ ကက်ဆက်ခေတ်ကျမှပါဘဲ။ မြန်မာပြည်မှာတော့ ၈၀တဝိုက်မှာ စတာပါဘဲ။ ကျနော် သီချင်းနားထောင်ချိန်မှာ ကက်ဆက်ခွေတွေနဲ့ဆိုတော့ ကက်ဆက်ခွေလေးတွေက အမှတ်ရစရာပါ။ ခုထိ ဖွင့်စရာစက်မရှိတော့ပေမယ့် သိမ်းထားမိတုံး။

.

အိမ်ကို ပထမဆုံးကက်ဆက်ရောက်တာက ကျိုင်းတုံကနေ မှောင်ခိုသယ်လာပေးတ့ဲ ဦးလေးကြောင့်ပါ။ ၇၄လောက်နေမှာပေါ့။ ၄၅၀ကျပ်လောက် ပေးရတယ် မှတ်မိတာဘဲ။ National Panasonic 443 ဆိုတ့ဲ မိုနိုကက်ဆက်လေးပါ။ ရယ်စရာကောင်းတာက ကက်ဆက်မဝယ်နိုင်ခင်အချိန်ကတည်းက အခွေနှစ်ခွေ လက်ဆောင်ရလို့ အရင်ရောက်နေတာပါ။ BASF တံဆိပ် C 60 အခွေတွေပါ။ ဂျာမန်မိဒ်လို့ မှတ်မိပါတယ်။

.

ကက်ဆက်ခွေ တံဆိပ်မျိုးစုံရှိရာမှာ ဂျပန်ထုတ် HITACHI C 60 က ခေတ်စားပါတယ်။ လက်တွေ့လည်း အသုံးခံပါတယ်။ လေးငါးခါလောက်ထပ်သွင်းလည်း အောက်သံပြန်မထွက်ပါဘူး။ တခြားတံဆိပ်တွေက ဈေးအနည်းငယ်ပေါချင် ပေါမယ်၊ သူ့လောက်အသုံးမခံပါဘူး။ C 60 ဆိုတာက မိနစ်၆၀စာ ကက်ဆက်ပါ။ တဖက်ကို မိနစ် ၃၀ပေါ့။ အ့ဲဒီခေတ် သီချင်းခွေထုတ်သူတွေက တနာရီစာ သီချင်းပြည့်အောင် စီစဉ်ရပါတယ်။ ကိုယ်ပိုင် ကက်ဆက်ခွေမှ မလုပ်နိုင်သေးဘဲကိုး။


XxXxXx

(Zawgyi version)


 သီခ်င်းတြေသြင်းထားဖို့ လူသားတြေကြိုးပမ်းခဲ့ရာမွာ ဓာတ္လုံး ဓာတ်ျပား တိပ်ရီက္ဒောါ ကက်ဆက် စီဒီ ကေန ခုဆို အီလက္ထရြန်းနစ္ပစ္စည်းလေးတြေအထိ ပေါ်နေပါပြီ။ လူထုအမ်ား အသုံျးပုနိုင္တာကေတာ့ ကက်ဆက်ခေတ္က်မွပါဘဲ။ျမန္မျာပည္မွာတော့ ၈၀တဝိုက္မွာ စတာပါဘဲ။ က်နော် သီခ်င်းနားထောင္ခိန္မွာ ကက်ဆက်ခြေတြနဲ့ဆိုတော့ ကက်ဆက်ခြေလးတြေက အမွတ်ရစရာပါ။ ခုထိ ဖြင့်စရာစက္မရွိတော့ပေမယ့် သိမ်းထားမိတုံး။

.

အိမ္ကို ပထမဆုံးကက်ဆက်ရောက္တာက ကိုင်းတုံကေန မွောင္ခိုသယ္လာပေးတဲ့ ဦးလေးကြောင့်ပါ။ ၇၄လောက်နေမွာပေါ့။ ၄၅၀က်ပ်လောက် ပေးရတယ် မွတ္မိတာဘဲ။ National Panasonic 443 ဆိုတဲ့ မိုနိုကက်ဆက်လေးပါ။ ရယ္စရာကောင်းတာက ကက်ဆက္မဝယ်နိုင္ခင်အခိန္ကတည်းက အေခြနွစ်ခြေ လက်ဆောင်ရလို့ အရင်ရောက်နေတာပါ။ BASF တံဆိပ် C 60 အေခြေတြပါ။ ဂ်ာမန္မိဒ္လို့ မွတ္မိပါတယ်။

.

ကက်ဆက်ခြေ တံဆိပ္မိုးစုံရွိရာမွာ ဂ်ပန္ထုတ် HITACHI C 60 က ခေတ္စားပါတယ်။ လက်တြေ့လည်း အသုံးခံပါတယ်။ လေးငါးခါလောက္ထပ်သြင်းလည်း အောက်သျံပန္မထြက္ပါဘူး။ တျခားတံဆိပ်တြေက စေ်းအနည်းငယ်ပေါခ်င် ပေါမယ်၊ သူ့လောက်အသုံးမခံပါဘူး။ C 60 ဆိုတာက မိနစ်၆၀စာ ကက်ဆက္ပါ။ တဖက္ကို မိနစ် ၃၀ပေါ့။ အဲ့ဒီခေတ် သီခ်င်းခြေထုတ်သူတြေက တနာရီစာ သီခ်င်ျးပည့်အောင် စီစဉ်ရပါတယ်။ ကိုယ္ပိုင် ကက်ဆက်ခြေမွ မလုပ်နိုင်သေးဘဲကိုး။


No comments:

Post a Comment

Thank you.