27 August 2017

ဘူးသီးတောင်မောင်တော အတိုက်ခံရမှု

(Unicode version)

 မြန်မာ ဘင်္ဂလားဒေ့နယ်စပ် ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောနယ်မြေရှိ ရဲကင်းစခန်း ၃၀ခန့် အတိုက်ခံလိုက်ရသည်။ မိမိဘက်မှ ဆယ်ဦးကျော် ကျဆုံးသည်။ အင်မတန် အတိုက်ခံရနိုင်မှန်း လူတိုင်းသိသည့်နယ်မြေ၊ ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော နယ်မြေတွင် အဘယ်ကြောင့် ဤမျှလုံခြုံရေး ကျိုးပေါက်ခ့ဲရသလည်း မသိပါ။ မည်သူ့ကိုမျှလည်း အပစ်တင် မနေချင်ပါ။ နောက်တကြိမ် ဒါမျိုး အဖြစ်မခံနိုင်၍ အဖြစ်မခံချင်စေ၍ ရေးပါသည်။ ဘူးသီးတောင်မောင်းတော နယ်မြေအခြေအနေကို အသေးစိတ်မသိပါ။ တပ်ဖွဲ့များ ရဲတပ်များ နေရာချထားသည့် သဘောကိုလည်း မသိပါ။ ဘာမှသေချာမသိဘဲ ဘာလို့ ရေးသလည်းမေးပါမူ မိမိတပ်မတော်သား ရဲသား ဝန်ထမ်း ပြည်သူတဦးတယောက်မျှ နောက်ထပ် အဆုံးရှုံးမခံချင်လို့ ရေးပါသည်လို့ဘဲ ဖြေရပါတော့မည်။

.

ပထမဆုံး အချက်အနေနှင့် လက်နက်ကိုင်စစ်တပ်များ တိုးချဲ့ချထားသင့်ပါသည်။ စစ်တပ်သည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နေရာရွှေ့ပြောင်း နိုင်သည်။ မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည်။ ပြည်မများတွင် လုံခြုံရေးစိတ်ချရသဖြင့် လိုသည့်နေရာသို့ ပို့သင့်သည်။ အရင်က လုပ်ခ့ဲဘူးသော လယ်ပေးမည် အိမ်ပေးမည် ဆိုပြီး အိုးအိမ်မ့ဲများကို နေရာချထားတာလည်း အချိန်လိုပြီး မအောင်မြင်ခ့ဲပါ။ အမြန်ဆုံး အကောင်အထည်ပေါ်အောင် ရွှေ့နိုင်သည်မှာ စစ်တပ်ဘဲရှိသည်။ ဖြစ်နိုင်လျှင် တပ်မဌာနချုပ်လိုမျိုး တပ်နဲ့ပတ်သက်သော သင်တန်းကျောင်းတွေပင် ဖွင့်သင့်ပါသေးသည်။

.

ဒုတိယအချက်အနေနဲ့ နှစ်နိုင်ငံ နယ်စပ်မို့ တပ်ချထားဖို့ ခက်ခဲလျှင် တပ်အသွင်ပြောင်း ရဲတပ်ဖွဲ့များ ချထားသင့်သည်။ လက်ရှိပြည်မတွင် မြင်ရသည့် အနေအထားအရဆိုလျှင် ရဲများ၏ လက်နက်ကအစ တပ်ကိုမမှီ။ တချို့ ရဲများဆိုလျှင် တိုက်မှတိုက်နိုင်ပါ့မလား အောက်မေ့မိသည်။ ၈၈မတိုင်ခင် ဗိုလ်ချုပ်စိန်လွင်ခေတ်ကတည်းက ရန်ကုန်မြို့ပေါ်တွင် တပ်မသုံးချင်၍ လုံထိန်းဆိုပြီး တပ်ကိုဘဲ ယူနီဖောင်းပြောင်းပြီး နေရာချထားခ့ဲဘူးသည်။ စစ်အစိုးရခေတ်တွင်လည်း ကျောင်းသားသပိတ်နှင့် ရွှေဝါရောင်အရေးအခင်းများကို နှိမ်နှင်းရာတွင် ရဲတိုက်ခိုက်ရေးတပ်များ သုံးခ့ဲဘူးပါသည်။ တပ်မှရဲသို့ တပ်ရင်းလိုက် ပြောင်းရန်အတွက်လည်း နှစ်ဖွဲ့လုံး ကာချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသဖြင့် ခက်ခဲမည် မထင်မိပါ။

.

နောက်ဆုံးအချက်မှာ ကျေးရွာပြည်သူ့စစ်များ ကျေးရွာအလိုက်ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးရန် ဖြစ်သည်။ မဆလခေတ်က အညိုရောင်နယ်မြေများတွင် ဖွဲ့စည်း အသုံးချခ့ဲဘူးသည်။ စစ်အစိုးရသက်တမ်း တလျောက်တွင်မူ အပြင်လူကို လက်နက်ပေးထားရသော သဘောဖြစ်နေလို့လားမသိ၊ ဖွဲ့စည်းခ့ဲတာ မတွေ့ရ။ ယခုအခြေအနေက ဘူးသီတောင်မောင်းတော နယ်မြေရှိ ကျေးရွာများတွင် စစ်အခြေခံသင်တန်းပေး၍ လက်နက်တပ်ဆင်ပေးသင့်ပြီ။ အရွယ်ရောက်သူ အမျိုးသားများသာမက စိတ်ပါဝင်စားသူ အမျိုးသမီးများကိုပင် ပေးထားသင့်ပါသည်။ သို့မှသာ တခုခု ဖြစ်ပါက စစ်တပ်မရောက်ခင် မိမိကျေးရွာကို ကာကွယ်ထားနိုင်မည် ဖြစ်သည်။

.

ဤကိစ္စများ လုပ်ဖို့ တပ်မတော်တွင် တာဝန်ရှိသလား။ ရခိုင်ပြည်နယ်အစိုးရတွင် တာဝန်ရှိသလား။ နေပြည်တော် ဗဟိုအစိုးရတွင် တာဝန်ရှိသလား မသိပါ။ တာဝန်ရှိသူများ ပူးပေါင်းပြီး အမြန်ဆုံးကာကွယ်ဖို့ ဆောင်ရွက်သင့်ပါကြောင်း ဉာဏ်မှီသလောက် တင်ပြလိုက်ရပါသည်။ နောက်တကြိမ်ဆိုတာ လုံးဝ မကြားလိုတော့ပါခင်ဗျား။ ။

XxXxXx

(Zawgyi version )

 ျမန္မာ ဘဂၤလားေဒ့နယ္စပ္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ေမာင္းေတာနယ္ေျမ႐ွိ ရဲကင္းစခန္း ၃၀ခန္႔ အတိုက္ခံလိုက္ရသည္။ မိမိဘက္မွ ဆယ္ဦးေက်ာ္ က်ဆံုးသည္။ အင္မတန္ အတိုက္ခံရႏိုင္မွန္း လူတိုင္းသိသည့္နယ္ေျမ၊ ပုဒ္မ၁၄၄ ထုတ္ျပန္ထားေသာ နယ္ေျမတြင္ အဘယ္ေၾကာင့္ ဤမွ်လံုျခံဳေရး က်ိဳးေပါက္ခ့ဲရသလည္း မသိပါ။ မည္သူ႔ကိုမွ်လည္း အပစ္တင္ မေနခ်င္ပါ။ ေနာက္တႀကိမ္ ဒါမ်ိဳး အျဖစ္မခံႏိုင္၍ အျဖစ္မခံခ်င္ေစ၍ ေရးပါသည္။ ဘူးသီးေတာင္ေမာင္းေတာ နယ္ေျမအေျခအေနကို အေသးစိတ္မသိပါ။ တပ္ဖြဲ႔မ်ား ရဲတပ္မ်ား ေနရာခ်ထားသည့္ သေဘာကိုလည္း မသိပါ။ ဘာမွေသခ်ာမသိဘဲ ဘာလို႔ ေရးသလည္းေမးပါမူ မိမိတပ္မေတာ္သား ရဲသား ဝန္ထမ္း ျပည္သူတဦးတေယာက္မွ် ေနာက္ထပ္ အဆံုး႐ွံုးမခံခ်င္လို႔ ေရးပါသည္လို႔ဘဲ ေျဖရပါေတာ့မည္။
.
ပထမဆုံုး အခ်က္အေနႏွင့္ လက္နက္ကိုင္စစ္တပ္မ်ား တိုးခ်ဲ့ခ်ထားသင့္ပါသည္။ စစ္တပ္သည္ အလြယ္ကူဆံုးႏွင့္ အထိေရာက္ဆံုး ေနရာေရႊ႔ေျပာင္း ႏိုင္သည္။ မိမိကိုယ္ကိုယ္ ကာကြယ္ႏိုင္သည္။ ျပည္မမ်ားတြင္ လံုျခံဳေရးစိတ္ခ်ရသျဖင့္ လိုသည့္ေနရာသို႔ ပို႕သင့္သည္။ အရင္က လုပ္ခ့ဲဘူးေသာ လယ္ေပးမည္ အိမ္ေပးမည္ ဆိုၿပီး အိုးအိမ္မ့ဲမ်ားကို ေနရာခ်ထားတာလည္း အခ်ိန္လိုၿပီး မေအာင္ျမင္ခ့ဲပါ။ အျမန္ဆံုး အေကာင္အထည္ေပၚေအာင္ ေရႊ႔ႏိုင္သည္မွာ စစ္တပ္ဘဲ႐ွိသည္။ ျဖစ္ႏိုင္လွ်င္ တပ္မဌာနခ်ဳပ္လိုမ်ိဳး တပ္နဲ့ပတ္သက္ေသာ သင္တန္းေက်ာင္းေတြပင္ ဖြင့္သင့္ပါေသးသည္။
.
ဒုတိယအခ်က္အေနနဲ႔ ႏွစ္ႏိုင္ငံ နယ္စပ္မို႔ တပ္ခ်ထားဖို႔ ခက္ခဲလွ်င္ တပ္အသြင္ေျပာင္း ရဲတပ္ဖြဲ႔မ်ား ခ်ထားသင့္သည္။ လက္႐ွိျပည္မတြင္ ျမင္ရသည့္ အေနအထားအရဆိုလွ်င္ ရဲမ်ား၏ လက္နက္ကအစ တပ္ကိုမမွီ။ တခ်ိဳ႕ ရဲမ်ားဆိုလွ်င္ တိုက္မွတိုက္ႏိုင္ပါ့မလား ေအာက္ေမ့မိသည္။ ၈၈မတိုင္ခင္ ဗိုလ္ခ်ဳပ္စိန္လြင္ေခတ္ကတည္းက ရန္ကုန္ၿမိဳ႕ေပၚတြင္ တပ္မသံုးခ်င္၍ လံုထိန္းဆိုၿပီး တပ္ကိုဘဲ ယူနီေဖာင္းေျပာင္းၿပီး ေနရာခ်ထားခ့ဲဘူးသည္။ စစ္အစိုးရေခတ္တြင္လည္း ေက်ာင္းသားသပိတ္ႏွင့္ ေရႊဝါေရာင္အေရးအခင္းမ်ားကို ႏွိမ္ႏွင္းရာတြင္ ရဲတိုက္ခိုက္ေရးတပ္မ်ား သံုးခ့ဲဘူးပါသည္။ တပ္မွရဲသို႔ တပ္ရင္းလိုက္ ေျပာင္းရန္အတြက္လည္း ႏွစ္ဖြဲ႔လံုး ကာခ်ဳပ္၏ စီမံခန္႔ခြဲမႈေအာက္တြင္ ႐ွိသျဖင့္ ခက္ခဲမည္ မထင္မိပါ။
.
ေနာက္ဆံုးအခ်က္မွာ ေက်းရြာျပည္သူ႔စစ္မ်ား ေက်းရြာအလိုက္ဖြဲ႔စည္းၿပီး လက္နက္တပ္ဆင္ေပးရန္ ျဖစ္သည္။ မဆလေခတ္က အညိဳေရာင္နယ္ေျမမ်ားတြင္ ဖြဲ႔စည္း အသံုးခ်ခ့ဲဘူးသည္။ စစ္အစိုးရသက္တမ္း တေလ်ာက္တြင္မူ အျပင္လူကို လက္နက္ေပးထားရေသာ သေဘာျဖစ္ေနလို႔လားမသိ၊ ဖြဲ႔စည္းခ့ဲတာ မေတြ႔ရ။ ယခုအေျခအေနက ဘူးသီေတာင္ေမာင္းေတာ နယ္ေျမ႐ွိ ေက်းရြာမ်ားတြင္ စစ္အေျခခံသင္တန္းေပး၍ လက္နက္တပ္ဆင္ေပးသင့္ၿပီ။ အရြယ္ေရာက္သူ အမ်ိဳးသားမ်ားသာမက စိတ္ပါဝင္စားသူ အမ်ိဳးသမီးမ်ားကိုပင္ ေပးထားသင့္ပါသည္။ သို႔မွသာ တခုခု ျဖစ္ပါက စစ္တပ္မေရာက္ခင္ မိမိေက်းရြာကို ကာကြယ္ထားႏိုင္မည္ ျဖစ္သည္။
.
ဤကိစၥမ်ား လုပ္ဖို႔ တပ္မေတာ္တြင္ တာဝန္႐ွိသလား။ ရခိုင္ျပည္နယ္အစိုးရတြင္ တာဝန္႐ွိသလား။ ေနျပည္ေတာ္ ဗဟိုအစိုးရတြင္ တာဝန္႐ွိသလား မသိပါ။ တာဝန္႐ွိသူမ်ား ပူးေပါင္းၿပီး အျမန္ဆံုးကာကြယ္ဖို႔ ေဆာင္ရြက္သင့္ပါေၾကာင္း ဥာဏ္မွီသေလာက္ တင္ျပလိုက္ရပါသည္။ ေနာက္တႀကိမ္ဆိုတာ လံုးဝ မၾကားလိုေတာ့ပါခင္ဗ်ား။     ။

No comments:

Post a Comment

Thank you.