21 August 2017

ရန်ကုန်ညအိပ်ခွန်ကိစ္စ

 (Unicode version )

   ယခုရက်ပိုင်း ရန်ကုန်တွင် ညအိပ်ခွန်ကိစ္စ ဟော့နေသည်။ မဟော့လို့ မဖြစ်။ ညအိပ်ခွန် မပေးဆောင်ထားဘဲ လမ်းပေါ်ကားရပ်ထားသော် စည်ပင်ဒါဏ်ကြေးက တသိန်းတ့ဲ။

.

ဒီစည်းကမ်း ခေါ်မလား၊ ဥပဒေ ခေါ်မလားက လွန်ခ့ဲသော နှစ်အစိတ်ခန့်က တခါဟော့ခ့ဲသည်။ ဥပဒေက အရင့်အရင်ကတည်းက ရှိခ့ဲသလား မသိ။ ညအိပ်ခွန်မဆောင်တ့ဲကားတွေ ဒါဏ်ရိုက်သဖြင့် အပြေးအလွှား သွားဆောင်ခ့ဲကြရသည်။ လိုင်စင်ဝင်ချိန် ကားရပ်ဖို့ နေရာ ရှိမရှိ ရဝတထောက်ခံစာ ယူကြရသည်။ သို့သော် အ့ဲဒီခေတ်က ကားတွေ ဒီလောက်မများသေး။ ကားဂိုဒေါင်တို့ ခြံဝင်းထဲတွင်တို့ မြေညီထပ်သမားက အခန်းထဲညသိပ်နိုင်သေးသည်။

.

ခုနောက်ပိုင်း ပြည်သူပြည်သားများအပေါ်တွင် မဟာဂရုဏာကြီးသော ခေါင်းဆောင်က လူတိုင်း ကားစီးနိုင်ရန် ဖရီးပါမစ်ဆိုပြီး ပေးခ့ဲသည်။ ဗမာတချို့ အကြွေးရတော့ ဆင်တောင်ဝယ်စီးခ့ဲကြသည်။ ဘာအခွန်မှ ပြစရာမလို။ ဓားပြတိုက်လာလာ ခိုးလာလာ ငွေပြနိုင်လျှင် ကားသွင်း။ မြန်မာတွေ အရင် ကားဟောင်း၏ ပေါက်ဈေးတဝက်နှုံးခန့်နှင့် ဂျပန်ကားဟောင်း စီးလာနိုင်ပြီ။ ကျေးဇူးရှင်ကြီးပေါ့။ လျှင်သူများ သူများနာမည်တွေနှင့် သွင်းပြီး အလုပ်ဖြစ်ခဲ့ကြသည်။

.

ထိုအချိန်က မြန်မာ့စီးပွားရေး စတင်အီလယ်လယ်ဖြစ်နေသဖြင့် ငွေထုပ်ကိုင်ထားသူများ ကားသွင်းတော့သည်။ မှတ်ပုံတင်ယူလာခ့ဲ။ လက်မှတ်ထိုး၊ သုံးသိန်းယူ လုပ်ကြသဖြင့် ဆင်းရဲသူများလည်း အဆင်ပြေခ့ဲကြသည်။ ဒီလို ပဒေသာပင်ဆိုတာ မင်းကောင်းတုံး ပေါ်တာဟ့ဲပေါ့။ ဆောက်လုပ်ရေးကန်ထရိုက်တွေ အထည်ချုပ်ပိုင်ရှင်တွေဆို ဟ့ဲ၊နင်တို့ မှတ်ပုံတင်ရှိရင် ယူခ့ဲ။ တယောက်တသိန်းပေးမယ်ဆိုတော့ တို့သူဌေး ဘောနပ်ပေးပြီပေါ့။ သူ့နာမည်နဲ့ ကားသွင်းထားမှန်းကို ခုထိမသိ။ အခွန်ဌာနက ခုမှလိုက်ပြီး ဝင်ငွေခွန်အဖြူပြခိုင်းရင် ပေးသမျှအပြစ် ခံကြရဦးမည်။

.

တနှစ်ကျော်အတွင်း ရန်ကုန်မြို့ကြီး ကားကြပ်သွားတော့သည်။ ဒီတော့မှ ရွှေဘောတော် ကောင်းခ့ဲကြသော ခေါင်းဆောင်ကြီးများက ရန်ကုန်တော့ တော်ပြီ။ ကားသွင်းသူများက ဆူညံပူသံ နည်းနည်း လုပ်ပြကြ၏။ ရန်ကုန်မှာ ဒီအတိုင်းတော့ ပေးမသွင်းတော့ဘူး။ ကားညအိပ်စရာ နေရာရှိမှ ပေးသွင်းမည်။ ရွှေဗမာတွေအတွက် ဒီလေည

ာက်ဆို မြင်ပြီ အကွက်က။ သူတို့ ပိုက်ဘောမိနေသော တောင်ဒဂုံ မြောက်ဒဂုံဘက်က စက်မှုဇုန်ကွက်တွေမှာ မြေကွက်လွတ်တွေမှာ ကားရပ်မယ်ဆိုပြီး ဆက်သွင်းကြလေ၏။ အဲဒီကားတွေ အတွက် စည်ပင်ကို ညအိပ်ခွန်မပေးရတော့ ပိုတောင်သက်သာသေး။ မြန်မာတွေ ကားသစ်တွေလှိမ့်သွင်းပြီး ရန်ကုန်မှာဘဲ စီးကြလေသတ့ဲ။ အဲလိုသွင်းထားတ့ဲ ကားတွေ ညအိပ်စရာ နေရာပြထားသဖြင့် ညအိပ်ခွန် ဆောင်ခွင့် မရှိတ့ဲ။

.

စူ့ထက်စူ လူစွမ်းကောင်း တချို့ကတော့ ရန်ကုန်တိုင်း မပေးလည်း။ ကျန်ပြည်နယ်နဲ့တိုင်း ပေးရင်ပြီးတာဘဲ။ ငါတို့အမြတ်ရ ပြီးတာဘဲဆိုကာ ဆက်သွင်း၏။ နှစ်စက နယ်လိုင်စင် ရန်ကုန်ထဲ ဝင်လျှင် တိုးဂိတ်မှ ဝင်ကြေးကောက်မည် ဆိုသဖြင့် အသံမည်ကြသေးသည်။ ခုတော့ အကန့်အသတ် မရှိ ရွှေ့ဆိုင်းထားသတ့ဲ။ တရက် နှစ်ရာလောက်ဆိုလျှင်တော့ ဒဏ်ကြေးထက် တန်ပါတယ်တွက်၍ ဆက်သွင်းကြဦးမလား မသိ။ သူတို့လည်း ညအိပ်ခွန် ဆောင်၍မရ။

.

မြို့ထဲ ခြောက်မြို့နယ်တွင် ညဘက်ကား လုံးဝရပ်စရာ နေရာမရှိတ့ဲ။ သို့သော် ကညနစာရင်းအရ ထိုခြောက်မြို့နယ် နေသူများမှ ကားပိုင်တာ အလွန်နည်းသတ့ဲ။ ဘယ်က ကားတွေ ရောက်နေတာတုံး။ သိချင်တာနဲ့ ဗိုစောမောင်ပြောခ့ဲလဘူးသလို ရပ်ကွက်အချို့မှာ ဆတ်ချင်းဖိုင်းယား လုပ်ကြည့်လိုက်ဟန်တူတယ်။ လူနေစိတ်တ့ဲ စမ်းချောင်း တာမွေ အလုံဘက်လည်း စမ်းကြည့်လိုက်တော့ အခုကြားနေတ့ဲ အသံတွေ ထွက်လာတော့တာပါဘဲ။

.

ဘယ်ခေတ်ဖြစ်ဖြစ် နောက်ဆုံးသုံးစွဲသူတွေဘဲ ထုံးစံအတိုင်း ခံနေရပါပြီ။ ကားသွင်းသူတွေက ဖုတ်ဖက်ခါပြေးကြတာ ဖိနပ်တောင် မမြင်ကြရ။ လက်ရှိဒီမိုအစိုးရခေတ်မှ ဖြစ်လာတော့ လက်သန်းဘဲ ထိုးကြတာပေါ့။ ဒီနေရာမှာ သက်ဆိုင်သူ အုပ်ချုပ်သူမင်းများကို ရီကွက်စ်လုပ်ချင်ပါသည်။ ဤကိစ္စသည် ပတ်သက်သူ ခံရမည့်သူက ပြည်သူတွေဘဲ ဖြစ်တ့ဲအတွက် အသက်သာဆုံးအခွန်ဖြင့် ပြီးစီးအောင် ကားရပ်လို့ရအောင် ဆောင်ရွက်ပေးစေချင်သည်။ တကယ်အမြတ်ထုတ်သွားသူများကို အရေးမယူနိုင်မည့် အတူတူ လက်ရှိ မသိနားမလည် ငွေယားလေး ရလာသဖြင့် ကားဝယ်စီးမိသူများကို အဆင်ပြေအောင် စဉ်းစားပေးသင့်ပါသည်။ ပြည်သူရွေးချယ်ထားတ့ဲ အစိုးရပီပီ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်ရန် စဉ်းစားဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

XxXxXx

(Zawgyi version)

  ယခုရက္ပိုင္း ရန္ကုန္တြင္ ညအိပ္ခြန္ကိစၥ ေဟာ့ေနသည္။ မေဟာ့လို႔ မျဖစ္။ ညအိပ္ခြန္ မေပးေဆာင္ထားဘဲ လမ္းေပၚကားရပ္ထားေသာ္ စည္ပင္ဒါဏ္ေၾကးက တသိန္းတ့ဲ။
.
ဒီစည္းကမ္း ေခၚမလား၊ ဥပေဒ ေခၚမလားက လြန္ခ့ဲေသာ ႏွစ္အစိတ္ခန့္က တခါေဟာ့ခ့ဲသည္။ ဥပေဒက အရင့္အရင္ကတည္းက ႐ွိခ့ဲသလား မသိ။ ညအိပ္ခြန္မေဆာင္တ့ဲကားေတြ ဒါဏ္ရိုက္သျဖင့္ အေျပးအလႊား သြားေဆာင္ခ့ဲၾကရသည္။ လိုင္စင္ဝင္ခ်ိန္ ကားရပ္ဖို႔ ေနရာ ႐ွိမ႐ွိ ရဝတေထာက္ခံစာ ယူၾကရသည္။ သို႔ေသာ္ အ့ဲဒီေခတ္က ကားေတြ ဒီေလာက္မမ်ားေသး။ ကားဂိုေဒါင္တို႔ ျခံဝင္းထဲတြင္တို႔ ေျမညီထပ္သမားက အခန္းထဲညသိပ္ႏိုင္ေသးသည္။
.
ခုေနာက္ပိုင္း ျပည္သူျပည္သားမ်ားအေပၚတြင္ မဟာဂ႐ုဏာႀကီးေသာ ေခါင္းေဆာင္က လူတိုင္း ကားစီးႏိုင္ရန္ ဖရီးပါမစ္ဆိုၿပီး ေပးခ့ဲသည္။ ဗမာတခ်ိဳ႕ အေႂကြးရေတာ့ ဆင္ေတာင္ဝယ္စီးခ့ဲၾကသည္။ ဘာအခြန္မွ ျပစရာမလို။ ဓားျပတိုက္လာလာ ခိုးလာလာ ေငြျပႏိုင္လွ်င္ ကားသြင္း။ ျမန္မာေတြ အရင္ ကားေဟာင္း၏ ေပါက္ေစ်းတဝက္ႏွံုးခန္႔ႏွင့္ ဂ်ပန္ကားေဟာင္း စီးလာႏိုင္ၿပီ။ ေက်းဇူး႐ွင္ႀကီးေပါ့။ လွ်င္သူမ်ား သူမ်ားနာမည္ေတြႏွင့္ သြင္းၿပီး အလုပ္ျဖစ္ခဲ့ၾကသည္။
.
ထိုအခ်ိန္က ျမန္မာ့စီးပြားေရး စတင္အီလယ္လယ္ျဖစ္ေနသျဖင့္ ေငြထုပ္ကိုင္ထားသူမ်ား ကားသြင္းေတာ့သည္။ မွတ္ပံုတင္ယူလာခ့ဲ။ လက္မွတ္ထိုး၊ သံုးသိန္းယူ လုပ္ၾကသျဖင့္ ဆင္းရဲသူမ်ားလည္း အဆင္ေျပခ့ဲၾကသည္။ ဒီလို ပေဒသာပင္ဆိုတာ မင္းေကာင္းတံုး ေပၚတာဟ့ဲေပါ့။ ေဆာက္လုပ္ေရးကန္ထ႐ိုက္ေတြ အထည္ခ်ဳပ္ပိုင္႐ွင္ေတြဆို ဟ့ဲ၊နင္တို႔ မွတ္ပံုတင္႐ွိရင္ ယူခ့ဲ။ တေယာက္တသိန္းေပးမယ္ဆိုေတာ့ တို႔သူေဌး ေဘာနပ္ေပးၿပီေပါ့။ သူ႔နာမည္နဲ႔ ကားသြင္းထားမွန္းကို ခုထိမသိ။ အခြန္ဌာနက ခုမွလိုက္ၿပီး ဝင္ေငြခြန္အျဖဴျပခိုင္းရင္ ေပးသမွ်အျပစ္ ခံၾကရဦးမည္။
.
တႏွစ္ေက်ာ္အတြင္း ရန္ကုန္ၿမိဳ႕ႀကီး ကားၾကပ္သြားေတာ့သည္။ ဒီေတာ့မွ ေရႊေဘာေတာ္ ေကာင္းခ့ဲၾကေသာ ေခါင္းေဆာင္ႀကီးမ်ားက ရန္ကုန္ေတာ့ ေတာ္ၿပီ။ ကားသြင္းသူမ်ားက ဆူညံပူသံ နည္းနည္း လုပ္ျပၾက၏။ ရန္ကုန္မွာ ဒီအတိုင္းေတာ့ ေပးမသြင္းေတာ့ဘူး။ ကားညအိပ္စရာ ေနရာ႐ွိမွ ေပးသြင္းမည္။ ေရႊဗမာေတြအတြက္ ဒီေလည
ာက္ဆို ျမင္ၿပီ အကြက္က။ သူတို႔ ပိုက္ေဘာမိေနေသာ ေတာင္ဒဂံု ေျမာက္ဒဂံုဘက္က စက္မႈဇုန္ကြက္ေတြမွာ ေျမကြက္လြတ္ေတြမွာ ကားရပ္မယ္ဆိုၿပီး ဆက္သြင္းၾကေလ၏။ အဲဒီကားေတြ အတြက္ စည္ပင္ကို ညအိပ္ခြန္မေပးရေတာ့ ပိုေတာင္သက္သာေသး။ ျမန္မာေတြ ကားသစ္ေတြလွိမ့္သြင္းၿပီး ရန္ကုန္မွာဘဲ စီးၾကေလသတ့ဲ။ အဲလိုသြင္းထားတ့ဲ ကားေတြ ညအိပ္စရာ ေနရာျပထားသျဖင့္ ညအိပ္ခြန္ ေဆာင္ခြင့္ မ႐ွိတ့ဲ။
.
စူ႔ထက္စူ လူစြမ္းေကာင္း တခ်ိဳ႕ကေတာ့ ရန္ကုန္တိုင္း မေပးလည္း။ က်န္ျပည္နယ္နဲ႔တိုင္း ေပးရင္ၿပီးတာဘဲ။ ငါတို႔အျမတ္ရ ၿပီးတာဘဲဆိုကာ ဆက္သြင္း၏။ ႏွစ္စက နယ္လိုင္စင္ ရန္ကုန္ထဲ ဝင္လွ်င္ တိုးဂိတ္မွ ဝင္ေၾကးေကာက္မည္ ဆိုသျဖင့္ အသံမည္ျကေသးသည္။ ခုေတာ့ အကန္႔အသတ္ မရွိ ေရႊ႔ဆိုင္းထားသတ့ဲ။ တရက္ ႏွစ္ရာေလာက္ဆိုလ်ွင္ေတာ့ ဒဏ္ေၾကးထက္ တန္ပါတယ္တြက္၍ ဆက္သြင္းၾကဦးမလား မသိ။ သူတို႔လည္း ညအိပ္ခြန္ ေဆာင္၍မရ။
.
ၿမိဳ႕ထဲ ေျခာက္ၿမိဳ႕နယ္တြင္ ညဘက္ကား လံုးဝရပ္စရာ ေနရာမ႐ွိတ့ဲ။ သို႔ေသာ္ ကညနစာရင္းအရ ထိုေျခာက္ၿမိဳ႕နယ္ ေနသူမ်ားမွ ကားပိုင္တာ အလြန္နည္းသတ့ဲ။ ဘယ္က ကားေတြ ေရာက္ေနတာတံုး။ သိခ်င္တာနဲ႔ ဗိုေစာေမာင္ေျပာခ့ဲလဘူးသလို ရပ္ကြက္အခ်ိဳ႕မွာ ဆတ္ခ်င္းဖိုင္းယား လုပ္ၾကည့္လိုက္ဟန္တူတယ္။ လူေနစိတ္တ့ဲ စမ္းေခ်ာင္း တာေမြ အလံုဘက္လည္း စမ္းၾကည့္လိုက္ေတာ့ အခုၾကားေနတ့ဲ အသံေတြ ထြက္လာေတာ့တာပါဘဲ။
.
ဘယ္ေခတ္ျဖစ္ျဖစ္ ေနာက္ဆံုးသံုးစြဲသူေတြဘဲ ထံုးစံအတိုင္း ခံေနရပါၿပီ။ ကားသြင္းသူေတြက ဖုတ္ဖက္ခါေျပးၾကတာ ဖိနပ္ေတာင္ မျမင္ၾကရ။ လက္႐ွိဒီမိုအစိုးရေခတ္မွ ျဖစ္လာေတာ့ လက္သန္းဘဲ ထိုးၾကတာေပါ့။ ဒီေနရာမွာ သက္ဆိုင္သူ အုပ္ခ်ဳပ္သူမင္းမ်ားကို ရီကြက္စ္လုပ္ခ်င္ပါသည္။ ဤကိစၥသည္ ပတ္သက္သူ ခံရမည့္သူက ျပည္သူေတြဘဲ ျဖစ္တ့ဲအတြက္ အသက္သာဆံုးအခြန္ျဖင့္ ၿပီးစီးေအာင္ ကားရပ္လို႔ရေအာင္ ေဆာင္ရြက္ေပးေစခ်င္သည္။ တကယ္အျမတ္ထုတ္သြားသူမ်ားကို အေရးမယူႏိုင္မည့္ အတူတူ လက္႐ွိ မသိနားမလည္ ေငြယားေလး ရလာသျဖင့္ ကားဝယ္စီးမိသူမ်ားကို အဆင္ေျပေအာင္ စဥ္းစားေပးသင့္ပါသည္။ ျပည္သူေရြးခ်ယ္ထားတ့ဲ အစိုးရပီပီ ျပည္သူေတြ ထိခိုက္မႈ အနည္းဆံုးျဖစ္ရန္ စဥ္းစားေဆာင္ရြက္ေပးလိမ့္မည္ဟု ယံုၾကည္ပါေၾကာင္း။ ။

No comments:

Post a Comment

Thank you.