16 August 2017

မလေးရှားဆီးဂိမ်းနဲ့ မြန်မာဘောလုံး

   ကျော် မိုးတွင်းကြီး အိပ်မက်မက်တယ်။ သူများတွေလို နွေလည်အိပ်မက် ဆောင်းအိပ်မက် မဟုတ်ဘူး။ မိုးသည်းအိပ်မက်ပေါ့။

.

ကျော်က မြန်မာဘောလုံးအသင်း စင်ကာပူကို နိုင်လို့ ကျေနပ်နေတာ။ လာအိုပွဲကျရင် အပြတ်အားပေးမယ်လို့ အားခဲထားတာ။ အိမ်ရှင်မလေးရှားက တီဗီလွှင့်ခွင့် မပေးဘူးဆိုလို့ စိတ်ပျက်သွားတယ်။ ဗမာပီပီ တော်တော်လေးလည်း မေတ္တာပို့လိုက်တယ်။ တခွက်တဖလားလည်း ကိုင်လိုက်မိတော့ အိပ်ပျော်သွားတာပေါ့။ အဲဒီမှာ အိပ်မက်မက်တော့တာပေါ့။

.

အိပ်မက်ထဲမှာ ကျော်က အပြင်မှာ တခါမှ မစီးဘူးတ့ဲ လေယာဉ်မောင်းသူကြီးဗျ။ ယူနီဖောင်းတွေနဲ့ အကျအနပေါ့။ ဒီနေ့ခရီးက မလေးရှားမှာ သွားပြိုင်မ့ဲ ဆီးဂိမ်းအတွက် ကစားသမားတွေ သွားပို့ရမှာဆိုတော့ ပိုင်းလော့ကြီး ကျော် ပျော်နေတာပေါ့။ အားကစားသမားတွေ လေယာဉ်ပေါ်ရောက်လို့ ထွက်မယ်လည်း လုပ်ရော၊ ပြဿနာစတော့တာဘဲ။

.

ဘုန်းကြီးတပါး ဦးဆောင်ပြီး ဖွဘုတ်ပေါ် တွေ့ဘူးတ့ဲသူတွေက လေယာဉ်မထွက်ရဘူးတ့ဲ။ သေချာကြည့်တော့ ဘုန်းတော်ကြီးဝီဘဲ။ ”ဟေ့ဒကာ၊ လေယာဉ်မထွက်နဲ့တော့ကွ၊ ဘုန်းကြီးတို့ မဘသအသင်း၊ အဲလေ ယောင်လို့ မြန်မာအသင်း မလေးရှားဆီးဂိမ်းကို သပိတ်မှောက်မလို့ဟေ့။ ဒီကုလားတွေ တို့မြန်မာဘောသင်း အနိုင်ရမှာကို မနာလိုပြီး တီဗီမပြရဘူးတ့ဲ။ ဆီးဂိမ်းသမိုင်းတလျောက် မကြားဘူးပါဘူး။ ဒီကုလားတွေ သက်သက်ညစ်တာ။ အဲဒီတော့ တို့မြန်မာအသင်းက ဆန္ဒပြတ့ဲအနေနဲ့ သပိတ်မှောက်တယ်ဟေ့။ လေယာဉ် မထွက်နဲ့တ့ဲ။” သူနဲ့အတူပါလာတ့ဲ နေ့စားဆန္ဒပြနေကျ သူတွေကလည်း နေ့စားခရလို့ ပျော်လို့။

.

နောက်ဘက်ကြည့်လိုက်တော့ ခရီးသည်အားကစားသမားတွေ မျက်နှာငယ်လေးတွေနဲ့။ သူတို့က ပြိုင်ချင်လှပြီ။ ကဲ ထွက်မှ ဖြစ်မှာပါဆိုပြီး အတင်းစက်နှိုးတော့ မရဘူး။ အောက်ငုံ့ကြည့်လိုက်တော့ လူမြင်ကွင်းက ပျောက်နေတာကြာပြီဖြစ်တ့ဲ ဂျပုလေးဝေ။ မှတ်မိကြလား။ ထောင်ထဲရောက်ပြီးမှ ခြောက်သလိုလိုဖြစ်ပြီး ပျောက်နေတ့ဲသူ။ သူကလှမ်းအော်ပြောတ့ဲ။ ”ဟေ့ လေယာဉ်မောင်းတ့ဲသူ။ ကျုပ်က ဆန္ဒပြမစားခင်က လေယာဉ်ပြင်စားလာတာဗျ။ ဝင်ငွေပိုကောင်းလို့ လိုင်းပြောင်းလိုက်တာ။ ခု ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေပြီ။ ဒီတော့ ကျုပ်ဆရာဟောင်းကို ထောက်ခံတ့ဲအနေနဲ့ လေယာဉ်နှိုးမရအောင် ဘက်ထရီဖြုတ်လိုက်ပြီဗျတ့ဲ။”

.

ကျော် အကြံအိုက်သွားပါတယ်။ အင်း အားကစားသမား ခရီးသည်တွေကို ရှင်းပြခိုင်းဖို့ လေယာဉ်မယ် လှမ်းခေါ်လိုက်တယ်။ ရောက်လာတ့ဲ လေယာဉ်မယ်က အမေကြီးအို ဝိုင်းမကြီး ဖြစ်နေပါလား။ သေပြီဆရာဘဲ။ အဲဒီအချိန်မှာဘဲ လေယာဉ်စက် အလိုလိုနိုးသွားသံကြားပြီး ကျော် နိုးလာတာဘဲ။

.

ဟူး တော်သေးတယ်။ အပြင်မှာ သွပ်ပြားပေါ်ကျတ့ဲ မိုးသည်းသံတွေ ဆူညံလို့။ ။

No comments:

Post a Comment

Thank you.