12 August 2017
တန်ခိုး။
(Unicode version)
    သာမန်လူတွေ ပုံမှန်လုပ်လို့ မရတာတွေကို ဖြစ်အောင်လုပ်နိုင်တာ တန်ခိုးလို့ ခေါ်ရမှာဘဲ ထင်တယ်။ လူအများ ရချင်ကြတ့ဲ အစွမ်းတွေပေါ့။ ငါသာ တန်ခိုးရှိခ့ဲရင် ဟိုလိုလုပ်ပစ်မယ်၊ ဒီလို လုပ်ပစ်မယ် စိတ်ကူးယဉ်ဘူးသူ များမယ်ထင်ပါတယ်။
.
ငယ်စဉ် မသိခင်က မြတ်စွာဘုရားဟာ တချိန်လုံး တန်ခိုးတွေ ပြသွားတယ်ဘဲ ထင်ခ့ဲတာ။ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ မြတ်ဗုဒ္ဓရဲ့ လူသားတို့အပေါ် အကျိးကျေးဇူးများ တရားတွေနာမိမှ ဘုရားရှင်ဟာ ပြဿ နာတွေကို မေတ္တာဂရုဏာနဲ့ မဟာလူသားတဦးအနေနဲ့သာ ရှင်းခ့ဲကြောင်း သိရတယ်။ တန်ခိုးကို လိုလွန်းတ့ဲ နှစ်ကြိမ်လားမှာသာ ထုတ်ပြခ့ဲတယ်လို့ ဟောထားပါတယ်။ ထူး မခြားနား ပတ်ပျိုး သီချင်းခန့်က အ့ဲဒီအကြောင်းပါတ့ဲ။
.
ဟောလိဝုဒ် တီဗီစီးရီး HEROES မှာလည်း တန်ခိုးရှင်တွေအကြောင်း ရိုက်ထားတယ်။ မြန်မာတွေ ကြိုက်လောက်ရဲ့။ မြေရှိုး မိုးပျံသူတွေ၊ ကိုယ်ဖျောက်သူတွေ၊ နာကျင်မှု မရှိသူတွေ ပုံစံမျိုးစုံပါဘဲ။ ဘယ်ဇတ်လိုက်မှာ ဘာတန်ခိုးရှိနေတာလည်းတောင် တော်တော်ကြည့်ရတယ်။ ဂျစ်ပစီလို သူတွေရဲ့ ကာနီဗယ်ပွဲတော်တွေက သူတို့ ဆုံမှတ်ပေါ့။ အဓိကဇတ်လိုက်ရဲ့ တန်ခိုးကတော့ သူများတန်ခိုးကို ကူးယူနိုင်တာပါဘဲ။ စိတ်ဝင်စားရင်တော့ ဝယ်ကြည့်ကြပေါ့ဗျာ။
.
ဒါတွေက စိတ်ကူးယဉ် တန်ခိုးတွေပါ။ အပြင်မှာလည်း အာဏာတန်ခိုးတွေ ရှိတ့ဲသူတွေ ရှိပါတယ်။ လက်ညှိုးညွှန်ရာ ရေဖြစ်ပြီိး ဖောင်စီးနိုင်တာ မမြင်ဘူးပေမယ့် လူတွေ နေရာဒေသတွေ ပြောင်းလဲသွားကုန်ခ့ဲတာတော့ တွေ့ခ့ဲရပါပြီ။ ဒီလို တန်ခိုးရှင်တွေကို ကြောက်လည်း ကြောက်မိပါရဲ့။ အ့ဲဒီတန်ခိုးရှင်တွေက ဖွင့်ပြောစရာတောင် မလိုဘဲ စိတ်ညိုညင်တာနဲ့တောင် အထုအထောင်းခံရ၊ အသက်ပါ ပျောက်ခ့ဲရသူတွေ ရှိခ့ဲပါတယ်။
.
ပြန်စဉ်းစားကြည့်တော့ လူတွေအများစု တန်ခိုးမရှိတာလည်း ခပ်ကောင်းကောင်းပါ။ လူတော်တော်များများသာ တန်ခိုးရှိခ့ဲရင် လူ့လောကကြီးတောင် ရှိတော့မယ် မထင်ဘူး။ ပျက်စီးသွားလောက်ပြီ။ တန်ခိုးမှာက သုံးသူတွေကြောင့် ကောင်းကျိုးထက် ဆိုးကျိုးက များနေပုံရတယ်။ ခုလေးအတိုင်းဘဲ ကောင်းပါတယ်ဗျာ။ ဟုတ်တယ်နော်။
XxXxXx
(Zawgyi version)
.
ငယ်စဉ် မသိခင်က မြတ်စွာဘုရားဟာ တချိန်လုံး တန်ခိုးတွေ ပြသွားတယ်ဘဲ ထင်ခဲ့တာ။ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ မြတ်ဗုဒ္ဓရဲ့ လူသားတို့အပေါ် အကျိးကျေးဇူးများ တရားတွေနာမိမှ ဘုရားရှင်ဟာ ပြဿ    နာတွေကို မေတ္တာဂရုဏာနဲ့ မဟာလူသားတဦးအနေနဲ့သာ ရှင်းခဲ့ကြောင်း သိရတယ်။ တန်ခိုးကို လိုလွန်းတဲ့ နှစ်ကြိမ်လားမှာသာ ထုတ်ပြခဲ့တယ်လို့ ဟောထားပါတယ်။ ထူး မခြားနား ပတ်ပျိုး သီချင်းခန့်က အဲ့ဒီအကြောင်းပါတဲ့။
.
.
.
No comments:
Post a Comment
Thank you.