31 May 2008

China Earthquake

ကျွန်တော်မကြည့်တာ ကြာပြီဖြစ်သော cctv-9 ကို မနေ့ကကြည့်မိပါတယ် ။ အဲဒီမှာ တရုပ်ငလျှင်အကြောင်း အကြီးအကျယ်ပြနေတာကို တွေ့ရပါတယ် ။ နိုင်ငံခြား အကူအညီဘယ်လောက်လိုကြောင်း ၊ လက်ရှိ ဘာတွေ လိုကြောင်း ကြော်ငြာ အချိန်မှာ ပြပါတယ် ။ ဥပမာ - ပထမဆုံးလိုတာ medical equipments and apparatusဆိုပြီး အရင်လိုတာတွေ တန်းစီရေးပြပါတယ် ။ နောက် medicine ဆိုပြီး ၁ - ပါတ်တီး ၊ ၂ - ပလာစတာ စသည်ဖြင့် ထိုးပါတယ် ။ နောက် tents ( ၃ သန်းခန့်လိုတယ် ၊ ခု ခြောက်သိန်းကျော်ရပြီး ) ပြပါတယ် ။ နောက်လိုတာတွေကိုလဲ တန်းစီထိုးပြပါတယ် ။

သူတို့ရဲ့ အရေပေါ်တဲထဲမှာ နေနေတဲ့သူ တွေကြည့်ရတာ ကျွန်တော်တို့ လူလတ်တန်းစား အဆင့်လောက် အနည်းဆုံးရှိပါတယ် ။ အ၀တ်အစား ကောင်းကောင်မွန်မွန် ရှိကြပါတယ် ။ ဒါတောင် အကူအညီလိုအပ်နေစဲဘဲလို့ဆိုပါတယ် ။ သူတို့ရဲ့ လူနေမှု အဆင့်အတန်း ကို မြင်တွေ့ရတာပါဘဲ ။

ဒီ ငလျှင် နဲ့ပါတ်သက်လို့လဲ web page တွေအများအပြားတွေ့ရပါတယ် ။ တရားဝင် အစိုးရက တင်ထားတဲ့ china view မှာဘဲ တော်တော်များများ စုံစုံလင်လင် တွေ့ရမှာပါ ။ china view က တရားဝင် တင်ထားတဲ့ ပုံလေးလဲနမူနာ ဖေါ်ပြလိုက်ပါတယ် ။ အဲဒီမှာ မြန်မာ မုန်တိုင်းအကြောင်းလဲ တော်တော်ဖေါ်ပြထားပါတယ် ။

တခုတော့ပြောချင်ပါတယ် ။ ကျွန်တော်ပြောနေတာ တရုပ်ငလျှင် အကြောင်းပါ ။ မြန်မာ မုန်တိုင်း နဲ့ယှဉ်မစဉ်းစားကြဖို့ပါ ။ ဆရာ နဲ့ တပည့်ဆိုတော့ နောက်တစ်ခါကျမှ ဆရာစားပြောမယ်ထင်ပါတယ် ။ ခုတော့ တော်တော် ၀ဋ်ကြီးတယ်ဘဲ ထင်မိပါတယ် ။ လှုမဲ့လူတွေ ဒီလောက်ပေါများရဲ့သား နဲ့ မစားရရှာပါဘူး ။

No comments:

Post a Comment

Thank you.