24 May 2008

beyond nargis

​ေ​ကျးဇူးပြုပြီး ဗိုလ်ချုပ်မှုးကြီးကို 

ပြောပေးကြပါခင်ဗျား။

ေက်းွဇူးျပဳၿပီး ဗိုလ္ခ်ဳပ္မႈးႀကီးကို

ေျပာေပးၾကပါခင္ဗ်ား။


(Unicode version )


ဒီအဆောက်အဦတွေက ဘင်္ဂလားဒေ့ရှ် မုန်တိုင်း ခံရပြီးနောက် ပညာရှင်တွေ တွက်ချက်ပြီး ဆောက်လုပ် ထားတာပါ ။ ပင်လယ်် ကမ်းစပ်က ရွာတွေမှာ နိုင်ငံတကာ အကူအညီနဲ့ဆောက်ထားတာပါ ။ ရေပြင်အထက် ၇ မီတာမှာ ဆောက်ထား တယ်လို့ ရေးလားပါတယ်။ တတ်ယောင်ကားနဲ့ညွန်ကြားထားတာ မဟုတ်ပါဘူး ။ ပညာရှင်တွေ ပညာသုံးပြီး အချိန်ယူ တွက်ချက်ထားတာပါ ။ ပညာသည်တွေ မလိုဘူး လို့ဆိုသူတွေဟာ ပညာတတ်မဟုတ် သူတွေဖြစ်မှာပါ ။

ကျွန်တော်တို့ ခေါင်းဆောင်ကြီးကတော့ ‘ လမ်းများကို ပြည်သူများ ရေဘေးမှခိုလှုံနိုင်ရန် ပေ၂၀၊ ၃၀ အမြင့် အထိ တည်ဆောက်ပေးမှာဖြစ်ကြောင်း ’ ညွှန်ကြားသွားပါတယ် ။ နိုင်ငံပိုင် သတင်းစာတွေမှာ စာလုံးအကြီးကြီးတွေ နဲ့ ဖေါ်ပြထားပါတယ် ။

ရေဘေးက နှစ် ၃-၄ ဆယ်မှတစ်ခါဖြစ်တာ ။ ဒီလောက် အမြင့်မှာ လမ်းဆောက်ထားယင် ကျွဲတွေ နွားတွေ ဘယ်လိုလုပ်ဖြတ်မလဲ ။ လှည်းလမ်းတွေ ဘယ်လိုလုပ်ဖြတ်မလဲ ။ ကျွန်တော်တော့ ဉာဏ်မမှီပါဘူး ။ အဲဒီလောက် အမြင့်ကနေ ပြုတ်ကျမ့ဲ ကားတွေလည်းနဲမှာ မဟုတ်ပါဘူး ။

ဘင်္ဂလားဒေ့ရှ်က အဆောက်အဦက concrete slab ပါ ။ ဆောက်ရတာလဲ လွယ်ပါတယ် ။ အကုန်အကျလဲ သက်သာပါတယ် ။ ကျန်အချိန်တွေမှာ စာသင်ကျောင်းတို့ ၊ အခြားလူမှုရေး ကိစ္စတွေ အတွက်လဲ အသုံးချနိုင်ပါတယ် ။ ရွာမှာရှိတ့ဲ လူဦးရေနဲ့ တွက်ပြီး အရွယ်အစားကိုက်ဆောက်ရုံပါဘဲ ။နိုင်ငံတကာကို တင်ပြလိုက်ယင် ကိုယ်တောင်ပိုက်ဆံ စိုက်စရာ လိုမယ်မထင်ပါဘူး ။ သူတို့ဖါသာ သူတို့ကြည့်လုပ်သွားကြပါလိမ့်မယ် ။ ကိုယ့်မှာပိုက်ဆံရှိတယ်ဆိုယင်လဲ တခြားကိစ္စတွေမှာ သုံးနိုင်တာပေါ့ဗျာ ။

ခုတော့လမ်းမကြီးတစ်ခုလုံး ပေ ၂၀ မြှင့်ဆောက်မယ်ဆို အကုန်အကျ အရမ်းများမှာပါ ။ ကျေးဇူးပြု၍ ဗိုလ်ချုပ်မှုးကြီးကို ပြန်စဉ်းစားဖို့ ပြောပေးကြပါခင်ဗျာ ။ ။



XxXxXx

(Zawgyi version)

ဒီအေဆာက္အဦေတြက ဘဂၤလားေဒ့ရွ္ မုန္တိုင္း ခံရျပီးေနာက္ ပညာရွင္ေတြ တြက္ခ်က္ျပီး ေဆာက္လုပ္ ထားတာပါ ။ ပင္လယ္္ ကမ္းစပ္က ရြာေတြမွာ နိုင္ငံတကာ အကူအညီနဲ႔ေဆာက္ထားတာပါ ။ ေရျပင္အထက္ ၇ မီတာမွာ ေဆာက္ထား တယ္လို႔ ေရးလားပါတယ္။ တတ္ေယာင္ကားနဲ႔ညြန္ၾကားထားတာ မဟုတ္ပါဘူး ။ ပညာရွင္ေတြ ပညာသံုးျပီး အခ်ိန္ယူ တြက္ခ်က္ထားတာပါ ။ ပညာသည္ေတြ မလိုဘူး လို႔ဆိုသူေတြဟာ ပညာတတ္မဟုတ္ သူေတြျဖစ္မွာပါ ။
ကၽြန္ေတာ္တို႔ ေခါင္းေဆာင္ၾကီးကေတာ့ လမ္းမ်ားကို ျပည္သူမ်ား ေရေဘးမွခိုလႈံႏိုင္ရန္ ေပ၂၀၊ ၃၀ အျမင့္ အထိ တည္ေဆာက္ေပးမွာျဖစ္ေၾကာင္း ညႊန္ၾကားသြားပါတယ္ ။ ႏိုင္ငံပိုင္ သတင္းစာေတြမွာ စာလံုးအၾကီးၾကီးေတြ နဲ႔ ေဖၚျပထားပါတယ္ ။
ေရေဘးက ႏွစ္ ၃-၄ ဆယ္မွတစ္ခါျဖစ္တာ ။ ဒီေလာက္ အျမင့္မွာ လမ္းေဆာက္ထားယင္ ကၽြဲေတြ ႏြားေတြ ဘယ္လိုလုပ္ျဖတ္မလဲ ။ လွည္းလမ္းေတြ ဘယ္လိုလုပ္ျဖတ္မလဲ ။ ကၽြန္ေတာ္ေတာ့ ဥာဏ္မမွီပါဘူး ။ အဲဒီေလာက္ အျမင့္ကေန ျပဳတ္က်မ့ဲ ကားေတြလည္းနဲမွာ မဟုတ္ပါဘူး ။
ဘဂၤလားေဒ့ရွ္က အေဆာက္အဦက concrete slab ပါ ။ ေဆာက္ရတာလဲ လြယ္ပါတယ္ ။ အကုန္အက်လဲ သက္သာပါတယ္ ။ က်န္အခ်ိန္ေတြမွာ စာသင္ေက်ာင္းတို႔ ၊ အျခားလူမႈေရး ကိစၥေတြ အတြက္လဲ အသံုးခ်ႏိုင္ပါတယ္ ။ ရြာမွာရွိတ့ဲ လူဦးေရနဲ႔ တြက္ျပီး အရြယ္အစားကိုက္ေဆာက္ရံုပါဘဲ ။နိုင္ငံတကာကို တင္ျပလိုက္ယင္ ကိုယ္ေတာင္ပိုက္ဆံ စိုက္စရာ လိုမယ္မထင္ပါဘူး ။ သူတို႔ဖါသာ သူတို႔ၾကည့္လုပ္သြားၾကပါလိမ့္မယ္ ။ ကိုယ့္မွာပိုက္ဆံရွိတယ္ဆိုယင္လဲ တျခားကိစၥေတြမွာ သံုးႏိုင္တာေပါ့ဗ်ာ ။
ခုေတာ့လမ္းမၾကီးတစ္ခုလံုး ေပ ၂၀ ျမွင့္ေဆာက္မယ္ဆို အကုန္အက် အရမ္းမ်ားမွာပါ ။ ေက်းဇူးျပဳ၍ ဗိုလ္ခ်ဳပ္မႈးၾကီးကို ျပန္စဥ္းစားဖို႔ ေျပာေပးၾကပါခင္ဗ်ာ ။ ။

No comments:

Post a Comment

Thank you.