17 May 2008

နာဂစ်


Nargis-1

(Unicode version)


မယုံနိုင်အောင် မြင်တွေ့ရပါတယ် ။ အလွန်သန်မာတယ် လို့ထင်ရတ့ဲ သစ်ပင်တွေ ကုန်သလောက်ပါဘဲ ။ ရုက္ခစိုးတွေ ဘယ်ပြောင်းကုန်ကြပြီလဲ မသိပါဘူး ။ ညောင်ပင်တော်တော်များများ လဲပါတယ် ။ ကားတွေပြတ့ဲ ထောက်ကြ့ံက ရွှေညောင်ပင်၊ တာမွေထိပ်က ရွှေညောင်ပင်၊ လေဆိပ်ရှေ့က သက်တမ်းရှည် ညောင်ပင်တွေ လဲကုန်ပါတယ် ။

သက်တမ်းရှည် သစ်ပင်တွေ အစားထိုးဖို့ တော်တော်ကြာကြာ စောင့်ကြရပါမယ် ။ အယင်မြင်ကွင်းမျိုးပြန််မြင် ရဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး ။ ရန်ကုန်ရဲ့ နောက်နှစ်အပူချိန် ကတော့ တော်တော်တက်လာမှာ သေချာပါတယ် ။ ကြိုးစားပြီးစိုက်ကြရတော့မှာပေါ့ဗျာ ။ ။



XxXxXx

(Zawgyi version) 

No comments:

Post a Comment

Thank you.