26 May 2008

ALEX FERGUSON











မန်ယူ ချန်ပီယံ ဖြစ်ပြန်ပြီ ဦးမောင် ရေ။
တကယ်တော့ မန်ယူချန်ပီယံ အကြိမ်ကြိမ်ဖြစ်ရချင်း အကြောင်းသေချာ စဉ်းစား လိုက်ယင် ဖာဂူဆန် ကြောင့်ဘဲဖြစ်ပါတယ် ။ သူစတင်တာဝန်ယူခဲ့တဲ့ ၁၉၈၆ ကနေ ယနေ့အထိ အဓိက ဆုကြီးပေါင်း ၂၁ ဆုရှိခဲ့ပါပြီ ။ တစ်ဦးချင်း ဆုပေါင်းလဲ မနဲတော့ပါဘူး ။ သူစတင်တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး ယနေ့အထိ ဘောသမားပေါင်း မနဲတော့ပါဘူး ။
ချန်ပီယံလိဂ်ကို အသင်း တစ်သင်းထဲနဲ့ ၂ ကြိမ်ရခဲ့ဘူးတဲ့ နည်းပြအများအပြား ရှိခဲ့မှာပါ ။ ဒါပေမဲ့ ကိုးနှစ်အကြာမှ ပြန်ရတာ သူတစ်ယောက်ထဲဘဲ ရှိပါတယ် ။ သူ့ရဲ့အောင်မြင်မှုမျိုး နောက်နောင် ဘယ်သူမှ မှီမှာ မဟုတ်ပါဘူး ။ သူ့သက်တမ်းမှာ F.A CUP ငါးကြိမ် ၊ PREMIER LEAGUE ဆယ်ကြိမ် ၊ LEAGUE CUP နှစ်ကြိမ် ၊ UEFA CUP WINNERS CUP တစ်ကြိမ် နဲ့ အခုတစ်ခါ အပါအ၀င် CHAMPIONS LEAGUE နှစ်ကြိမ် ရှိခဲ့ပါပြီ ၊ သူနဲ့ အခုအထိ အချိန်အကြာဆုံး တွဲခဲ့တဲ့ ကစားသမား ကတော့ ရိုင်ယံဂစ် ဘဲဖြစ်ပါတယ် ။ ကျွန်တော် စသိတဲ့ မန်ယူအသင်းမှာ ဂစ်ဟာအငယ်ဆုံးပါ ။ ဘယ်ဝင်းကနေ ဆွဲဆွဲပြေးတာကောင်းလွန်လို့ မှတ်မိခဲ့ပါတယ် ။ ခုတော့ ဂစ်ဟာ မန်ယူမှာ အသက်အကြီးဆုံး ကစားသမားတစ်ယောက်တောင်ဖြစ်နေပါပြီ ။
အသင်းတစ်သင်း ၊ အဖွဲ့တစ်ဖွဲ့ အောင်မြင်ရေးမှာ ခေါင်းဆောင်အရေးပါပုံကို ဖာဂူဆန်ကပြလိုက်တာပါ ။ ခေါင်းဆောင်ကောင်းတစ်ဦးဟာ ဘယ်သူဘယ်နေရာမှာ တော်တယ် ၊ ဘယ်နေရာမှာ သုံးရမယ် ဆိုတာမြင်ရပါမယ် ။ မိမိကို ဖားနေတဲ့သူတွေဆီမှာဘဲ သာယာနေယင် မအောင်မြင်နိုင်ပါဘူး ။ မိမိရဲ့အားနည်းချက်ကို မြင်ရမှာဖြစ်သလို ချက်ချင်းလည်းပြင်နိုင်ရမှာပါ ။
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ နောက်ထပ်အရေးအကြီးဆုံးတစ်ချက်က ဘယ်အချိန်မှာ အဲဒီနေရာက ဆင်းမလဲဆိုတာပါဘဲ ။ ဖာဂူဆန် ဒီတစ်ချက်ဘဲ ဂရုပြူရတော့မှာပါ ။ နောက် ၃ နှစ်အတွင်းဆင်း တော့မယ်လို့ သတင်းမှာဖတ်လိုက်ရပါတယ် ။ ၀မ်းနည်းစရာ ကောင်းသော်လည်း ဇရာကိုတော့ တွန်းလှန်နိုင်ပါဘူး ။ ခုဖေါ်ပြပေးထားတဲ့ ၁၉၉၉ ခု က ပုံနဲ့ ၂၀၀၈ ခု ပုံ ဘယ်လောက်ကွာသွားသလဲ ယှဉ်ကြည့်နိုင်ပါတယ် ။ ။

No comments:

Post a Comment

Thank you.