18 May 2008

Constitution-5

(Unicode version)

ဒီတစ်ခါ ဒီအကြောင်း ရေးတာနောက်ဆုံးဖြစ်မှာပါ ။ ပြီးခဲ့တဲ့ အပါတ်ထဲ referendum result သိလိုက်ရတော့ အလွန်ဘဲ အံ့သြသွားမိပါတယ် ။ ထောက်ခံမဲ % များလွန်းလို့မဟုတ်ရပါဘူး ၊ ဒီလောက်မျှော်လင့်မထားပေမဲ့ ၇၀% လောက် ၊ ၆၀ % လောက်ဘဲထင်ထားမိတာပါ ။ ၉၂.၄% ဆိုတော့လဲ ထားထိုက်ပါလေ ။ လိမ်မှလိမ်တော့ ဒီလိုပြတ်ပြတ်သားသား လုပ်တာဘဲကောင်းပါတယ် ။ လိမ်မှန်းပိုသိတာပေါ့ ။

ကျွန်တော် အ့ံသြတာက မဲလာပေးတဲ့သူ များလွန်းတာကိုပါ ။ မဲပေးခွင့်ရှိသူ ၂၂၇၀၈၄၃၄ ဦးရှိပြီး မဲလာပေးသူ ၂၂၄၉၆၆၆၀ ဦးတောင် ရှိသတဲ့ ။ ဒီတော့ မဲမပေးသူ ၂၁၁၇၇၄ ဦး { နှစ်သိန်းကျော်လေး } ဘဲရှိပါတယ် ။ မြန်မာနိုင်ငံ အနှံ့အပြား ကလူတွေ ကိုယ့်အိမ်မှာ ကိုယ်မရှိသူ တကယ်ဘဲ ၂ သိန်းဘဲရှိနိုင်ပါသလား ? ။ ကျွန်တော်သိသလောက် မလေးရှားမှာတင် တရား၀င်ရော တရားမ၀င်ရော သိန်းချီ ရှိပါတယ် ။ ယိုးဒယားမှာလဲ နဲမှာမဟုတ်ပါဘူး ။

နယ်ကနေ ရန်ကုန်မှာ လာအလုပ်လုပ်နေသူတွေလဲ သိန်းချီ ရှိနိုင်ပါတယ် ။ အိမ်ဖေါ်တွေ ၊ karaoke တွေ ၊ အထည်ချုပ်တွေ မှာလဲ နဲမှာမဟုတ်ပါဘူး ။ သဘောၤလိုက်နေသူတွေလဲ မရှိဘူဆို သောင်းချီနိုင်ပါတယ် ။ shore job နဲ့ နိုင်ငံခြား သွာလုပ်နေသူလဲ သိန်းချီနိုင်ပါတယ် ။ tv news မှာမြင်ရသလောက် ဂျပန် ၊ ကိုရီးယား ၊ ထိုင်း နဲ့ စင်ကာပူ မှာရောက်နေတဲ့ shore job သမားတွေ မဲမပေးရလို့ ဆန္ဒပြနေတာတွေ တွေ့နေရပါတယ် ။ စင်ကာပူမှာ ပေးခွင့်ရသူတွေကလဲ ကြက်ခြေခတ်ခဲ့ကြောင်း ဗြောင်ပြောနေတာတွေ့ရပါတယ် ။ ကန့်ကွက်မဲက နိုင်ငံခြားက မဲဘဲရှိတယ်ထင်ရပါတယ် ။

မြန်မာတွေ ဒီလောက်တောင် မဲပေးနိုင်ကြပါပြီလား ။ တောနယ်တွေ မှာ သွားရလာရ လွယ်ကူနေပြီလား ? ။ ကမ္ဘာပေါ်မှာ မဲမပေးမနေရ နိုင်ငံတွေကလွဲယင် ဒီဆန္ဒပေးပွဲဟာ % အများဆုံးဖြစ်မှာပါ ။ ၂၄ ရက်နေ့ မဲပေးပွဲ ကျယင် ဧရာ၀တီတိုင်းက ဘိုကလေးတို့ ၊ လပွတ္တာတို့ ကလူတွေ အကုန်ပါနေဦးမယ် ။ တရား၀င်သေဆုံးသူ ၇ သောင်းလောက် က ကြိုတင်မဲပေးသွား တယ်လုပ်ဦးမလားမသိပါဘူး ။ ပျောက်နေတဲ့သူ ၅ သောင်းကျော်ကလဲ ထောက်ခံမဲ ပေးထားတယ်နဲ့တူတယ် ။

တကယ်တော့ ပိပိရိရိ လိမ်နိုင်ဖို့ရာ ပညာတတ်ဖို့ လိုပါသေးတယ် ။ ဒါပေမဲ့ ထောက်ခံသူ ၉၂.၄ % ရှိတယ်လို့ ကြေငြာရဲတဲ့ စိတ်ဓါတ်က အာဏာမြဲဖို့ဆို ဘာမဆိုလုပ်မယ်လို့ ပြောလိုက်တာနဲ့ အတူတူဘဲ မဟုတ်ပါလားဗျာ။ ။

XxXxXx

(Zawgyi version)

ဒီတစ္ခါ ဒီအေၾကာင္း ေရးတာေနာက္ဆံုးျဖစ္မွာပါ ။ ျပီးခဲ့တဲ့ အပါတ္ထဲ referendum result သိလိုက္ရေတာ့ အလြန္ဘဲ အံ့ၾသသြားမိပါတယ္ ။ ေထာက္ခံမဲ % မ်ားလြန္းလို႔မဟုတ္ရပါဘူး ၊ ဒီေလာက္ေမၽွာ္လင့္မထားေပမဲ့ ၇၀% ေလာက္ ၊ ၆၀ % ေလာက္ဘဲထင္ထားမိတာပါ ။ ၉၂.၄% ဆိုေတာ့လဲ ထားထိုက္ပါေလ ။ လိမ္မွလိမ္ေတာ့ ဒီလိုျပတ္ျပတ္သားသား လုပ္တာဘဲေကာင္းပါတယ္ ။ လိမ္မွန္းပိုသိတာေပါ့ ။
ကၽြန္ေတာ္ အ့ံၾသတာက မဲလာေပးတဲ့သူ မ်ားလြန္းတာကိုပါ ။ မဲေပးခြင့္ရွိသူ ၂၂၇၀၈၄၃၄ ဦးရွိျပီး မဲလာေပးသူ ၂၂၄၉၆၆၆၀ ဦးေတာင္ ရွိသတဲ့ ။ ဒီေတာ့ မဲမေပးသူ ၂၁၁၇၇၄ ဦး { ႏွစ္သိန္းေက်ာ္ေလး } ဘဲရွိပါတယ္ ။ ျမန္မာႏိုင္ငံ အႏွံ႔အျပား ကလူေတြ ကိုယ့္အိမ္မွာ ကိုယ္မရွိသူ တကယ္ဘဲ ၂ သိန္းဘဲရွိႏိုင္ပါသလား ? ။ ကၽြန္ေတာ္သိသေလာက္ မေလးရွားမွာတင္ တရား၀င္ေရာ တရားမ၀င္ေရာ သိန္းခ်ီ ရွိပါတယ္ ။ ယိုးဒယားမွာလဲ နဲမွာမဟုတ္ပါဘူး ။
နယ္ကေန ရန္ကုန္မွာ လာအလုပ္လုပ္ေနသူေတြလဲ သိန္းခ်ီ ရွိႏိုင္ပါတယ္ ။ အိမ္ေဖၚေတြ ၊ karaoke ေတြ ၊ အထည္ခ်ဳပ္ေတြ မွာလဲ နဲမွာမဟုတ္ပါဘူး ။ သေဘာၤလိုက္ေနသူေတြလဲ မရွိဘူဆို ေသာင္းခ်ီနိုင္ပါတယ္ ။ shore job နဲ႔ ႏိုင္ငံၿခား သြာလုပ္ေနသူလဲ သိန္းခ်ီႏိုင္ပါတယ္ ။ tv news မွာျမင္ရသေလာက္ ဂ်ပန္ ၊ ကိုရီးယား ၊ ထိုင္း နဲ႔ စင္ကာပူ မွာေရာက္ေနတဲ့ shore job သမားေတြ မဲမေပးရလို႔ ဆႏၵျပေနတာေတြ ေတြ႕ေနရပါတယ္ ။ စင္ကာပူမွာ ေပးခြင့္ရသူေတြကလဲ ၾကက္ေျခခတ္ခဲ့ေၾကာင္း ေျဗာင္ေျပာေနတာေတြ႕ရပါတယ္ ။ ကန္႔ကြက္မဲက ႏိုင္ငံျခားက မဲဘဲရွိတယ္ထင္ရပါတယ္ ။
ျမန္မာေတြ ဒီေလာက္ေတာင္ မဲေပးႏိုင္ၾကပါျပီလား ။ ေတာနယ္ေတြ မွာ သြားရလာရ လြယ္ကူေနျပီလား ? ။ ကမာၻေပၚမွာ မဲမေပးမေနရ ႏိုင္ငံေတြကလြဲယင္ ဒီဆႏၵေပးပြဲဟာ % အမ်ားဆံုးျဖစ္မွာပါ ။ ၂၄ ရက္ေန႔ မဲေပးပြဲ က်ယင္ ဧရာ၀တီတိုင္းက ဘိုကေလးတို႔ ၊ လပြတၱာတို႔ ကလူေတြ အကုန္ပါေနဦးမယ္ ။ တရား၀င္ေသဆံုးသူ ၇ ေသာင္းေလာက္ က ၾကိဳတင္မဲေပးသြား တယ္လုပ္ဦးမလားမသိပါဘူး ။ ေပ်ာက္ေနတဲ့သူ ၅ ေသာင္းေက်ာ္ကလဲ ေထာက္ခံမဲ ေပးထားတယ္နဲ႔တူတယ္ ။
တကယ္ေတာ့ ပိပိရိရိ လိမ္ႏိုင္ဖို႔ရာ ပညာတတ္ဖို႔ လိုပါေသးတယ္ ။ ဒါေပမဲ့ ေထာက္ခံသူ ၉၂.၄ % ရွိတယ္လို႔ ေၾကျငာရဲတဲ့ စိတ္ဓါတ္က အာဏာျမဲဖို႔ဆို ဘာမဆိုလုပ္မယ္လို႔ ေျပာလိုက္တာနဲ႔ အတူတူဘဲ မဟုတ္ပါလားဗ်ာ။ ။

No comments:

Post a Comment

Thank you.