06 June 2008

ဆရာစန္ဒြ အတ္ထုပတ္တိ



(Unicode version)

ဆရာစန္ဒြ ဧ။် ဘ၀ခရီး နှင့် အတွေ့အကြုံများ စာအုပ်ကိုဖတ်ရပါသည် ။ ဒုတိယအကြိမ်ထုတ်ဖြစ်ပြီး ပထမအကြိမ်ကို ၁၉၈၁ ခုနှစ်က ထုတ်ေ၀ခ့ဲသည် ။ စာအုပ်တွင် အခန်း (၁) ကျွနု်ပ်ဧ။်ဘ၀ခရီးမှစ၍ အခန်း (၁၅) ဘုရားဟောသော အသက်ရှည်နည်း အထိ အခန်းများခွဲထားသည် ။ စာရေးသူဧ။် အတၳုပ္ပတ္တိမှာ ရှေ့ပိုင်းငါးခန်းသာဖြစ်ပြီး နောက်ပိုင်း ၁၀ ခန်းမှာ သူစိတ်၀င်စားသည့် အကြောင်းအရာများသာဖြစ်သည်။ အသက်ကြီးပိုင်း ရောက်လာသော် ဘုရားတရားကိစ္စသာ စိတ်၀င်စားတော့ပြီး ၀ိပဿနာ အကြောင်းများရှင်း ပြထားပါသည်။

အတၳုပ္ပတ္တိပိုင်းတွင် ဘ၀ကိုအသေးစိတ်ရေးမထားဘဲ ထူးခြားမှုများကိုသာ ရေးထားပါသည်။ ထူးခြားသော ပုဂ္ဂိုလ်များနှင့် တွေ့ခ့ဲရပြီး အလွန်ထူးခြားသော ပညာများ ရခ့ဲပုံကို ရေးပြထားသည်မှာ ဖတ်၍ကောင်းပါသည်။ ကျွန်တော့်အတွက် အထူးဆန်းဆုံးမှာ (ဆရာစန္ဒြ ကိုယ်တိုင် တအ့့ံတသြရေးထားသည့် ) နဒီဗေဒင်ဖြစ်ပါသည်။

နဒီဗေဒင်သည် ရှေးနှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက ရသေ့ကြီးများက တွက်ချက်ပေးထားသည်ဟု ဆိုသည်။ မေးလိုသူသွား၍ ကိုယ်ရေးအချက်အလက် ဇာတာခွင် (သို့) မိဿလဂ်၊ ပြိဿလဂ် များပေးလိုက်လျှင် ရေးပြီးသားပေထုပ်ပေါင်းများစွာထဲမှ မေးသူနှင့် ဆိုင်သည့် ပေလွှာယူလာပြသည်။ မေးသူအမည်၊ အဖေအမေ နာမည်ပါ စစ်ကြည့်ရသည်။ နာမည်များ တူပါမှ မေးသူအတွက် ဖြစ်ကာ ဟောခပေး၍ရွေးယူရပါသည်။ ဟောခကိုလဲ လာမေးသူဧ။် ဆင်းရဲချမ်းသာအလိုက် ရေးထားပြီးဖြစ်ပါသည်။ ဟောစာတမ်းတွင် ပြီးခဲ့သည့် ဘ၀၊ ယခုလက်ရှိဘ၀ အခြေအနေ၊ နောင်ဘာတွေဖြစ်မည်ကို ကြိုတင်တွက်ထားပြီး ဖြစ်သည်ဆိုဧ။် ။ အလွန်အ့ံသြလောက်အောင် မှန်သည်ဟုဆိုပါသည်။

နဒီဟောစာတမ်းကို တမီလ်ဘာသာ၊ (သို့) ချစ်တီးဘာသာဖြင့် ရေးထားသည် ဟုဆိုပါသည်။ အ့ံသြစရာကောင်းသည်မှာ ဟောစာတမ်းတွင် မေးသူဧ။်နာမည်ပါသည်။ မိဘ နာမည်ပါသည်။ မိဘနာမည်ပါတူပါမှ မိမိအတွက်အဟော ဖြစ်သည်။ မတူသေးလျှင် နောက်ထပ်ပေထုပ် သွားရှာပါသည်။ ရှာခမှာ ငါးကျပ်ဖြစ်သည်။ နောက်ဆုံး မိဘနာမည် နှစ်မျိုးနှင့်တကွ အကြောင်းစုံဟောထားသော ပေထုပ်ကို ရပါသည်။

“ဤသို့သော အဖေအမေနာမည်ရှိသည့် လူတစ်ယောက် ဤနေရာတွင် ဗေဒင်လာမေးမည် ဆိုသည်ကို မည်သို့တွက်သနည်း မသိ” ဟုဆိုသည့် ဆရာစန္ဒြ ကိုယ်တိုင် အလွန်အ့ံသြကြောင်း စကားလုံးများ ထပ်ကာထပ်ကာ ရေးထားသည်ကို တွေ့ရသည်။ ကျွန်တော်ကိုယ်တိုင်လဲ ဖတ်ယင်းအ့ံသြရပါသည်။

စာအုပ်ဧ။်နောက်ထူးခြားချက်မှာ သူ့ထံတွင်လာမေးပြီး မှန်၍ထောက်ခံသူများ နာမည်နှင့်တကွ ဖေါ်ပြထားသော်လည်း ဘာဟောလိုက်သည်ကို အချို့ကိစ္စ အနည်းငယ်မှ လွဲ၍ ဖေါ်ပြမထားပါ။ စည်းကမ်းရှိသော ဗေဒင်ဆရာဖြစ်ပါသည်။ သူတပါးဧ။် လျှို့၀ှက်ချက်များကို ထိမ်းသိမ်းထားရပါမည်။

ဆရာစန္ဒြသည် ယခုခေတ်စားသော အမည်ပေးဗေဒင်ကို လုံး၀လက်မခံကြောင်း တွေ့ရသည်။ နာမည်ဘယ်လိုပေးပေး ကံအတိုင်းသာ ဖြစ်မည်ဟု ရေးထားပါသည်။ လက္ခဏာ နှင့် ဗေဒင်ပညာကိုသာ အဓိကထား ဟောသည်ကို တွေ့ရပါသည်။

စာအုပ်တစ်အုပ် အနေနှင့် ဖတ်၍ကောင်းပါသည်။ ဖို ထိုးပုံ၊ ပညာရပ်များလေ့လာပုံ၊ ဆရာများအကြောင်းရေးထားသည်မှာ ဗဟုသုတရပါသည်။ ဗုဒ္ဓတရားများကိုလဲ အတော်ရေးထားပါသည်။ ထိုအထဲမှ ကျွန်တော်အကြိုက်ဆုံး စာပိုဒ်ကလေးမှာ p-၃၆၃ တွင်ဖေါ်ပြထားသော

“ဤက့ဲသို့ သစ္စာအနက် တစ်ဆယ့်ခြောက်ချက်နှင့် အထက်ကဖေါ်ပြထားသော ဆရာကြီးဦးဘအို ဟောပြောသည့်အတိုင်း လူ့ပြည်ရှိသမျှအားလုံး ဆင်းရဲမှုဆိုသည်ကို နားမလည်၍ နိဗ္ဗာန်ဧ။်အရသာကို မသိသေးသော် ဘရန်ဒီတစ်လုံးနှင့် တစ်ပြည်လုံးကို ရွင်ပြုံးစေသော စာရေးဆရာကြီး ပြည်သူ့အချစ်တော် သော်တာဆွေဧ။် ဘိုးအေ ဦးပေါ်ဦး လျှောက်ထုံးမှာ အောက်ပါအတိုင်း” ဟူသောစာသားပင်ဖြစ်ပါသည်။

လေးနက်သော ပညာများကိုလေ့လာကာ နောက်ဆုံးဘုန်းကြီး၀တ်သွားသော ဆရာစန္ဒြ သည်လည်း သော်တာဆွေဧ။် ပရိသာတ်တစ်ဦးပါတကား။ ။



XxXxXx 

(Zawgyi version) 

ဆရာစျႏၵ ဧ။္ ဘ၀ခရီး ႏွင့္ အေတြ႔အၾကံဳမ်ား စာအုပ္ကိုဖတ္ရပါသည္ ။ ဒုတိယအႀကိမ္ထုတ္ျဖစ္ၿပီး ပထမအႀကိမ္ကို ၁၉၈၁ ခုႏွစ္က ထုတ္ေ၀ခ့ဲသည္ ။ စာအုပ္တြင္ အခန္း (၁) ကၽြနု္ပ္ဧ။္ဘ၀ခရီးမွစ၍ အခန္း (၁၅) ဘုရားေဟာေသာ အသက္ရွည္နည္း အထိ အခန္းမ်ားခြဲထားသည္ ။ စာေရးသူဧ။္ အတၳဳပၸတၱိမွာ ေရွ႕ပိုင္းငါးခန္းသာျဖစ္ၿပီး ေနာက္ပိုင္း ၁၀ ခန္းမွာ သူစိတ္၀င္စားသည့္ အေၾကာင္းအရာမ်ားသာျဖစ္သည္။ အသက္ႀကီးပိုင္း ေရာက္လာေသာ္ ဘုရားတရားကိစၥသာ စိတ္၀င္စားေတာ့ၿပီး ၀ိပႆနာ အေၾကာင္းမ်ားရွင္း ျပထားပါသည္။
အတၳဳပၸတၱိပိုင္းတြင္ ဘ၀ကိုအေသးစိတ္ေရးမထားဘဲ ထူးျခားမႈမ်ားကိုသာ ေရးထားပါသည္။ ထူးျခားေသာ ပုဂၢိဳလ္မ်ားႏွင့္ ေတြ႔ခ့ဲရၿပီး အလြန္ထူးျခားေသာ ပညာမ်ား ရခ့ဲပံုကို ေရးျပထားသည္မွာ ဖတ္၍ေကာင္းပါသည္။ ကၽြန္ေတာ့္အတြက္ အထူးဆန္းဆံုးမွာ (ဆရာစျႏၵ ကိုယ္တိုင္ တအ့့ံတၾသေရးထားသည့္ ) နဒီေဗဒင္ျဖစ္ပါသည္။
နဒီေဗဒင္သည္ ေရွးႏွစ္ေပါင္း ၃၀၀၀ ေလာက္ကတည္းက ရေသ့ႀကီးမ်ားက တြက္ခ်က္ေပးထားသည္ဟု ဆိုသည္။ ေမးလိုသူသြား၍ ကိုယ္ေရးအခ်က္အလက္ ဇာတာခြင္ (သို႔) မိႆလဂ္၊ ျပိႆလဂ္ မ်ားေပးလိုက္လွ်င္ ေရးၿပီးသားေပထုပ္ေပါင္းမ်ားစြာထဲမွ ေမးသူႏွင့္ ဆိုင္သည့္ ေပလႊာယူလာျပသည္။ ေမးသူအမည္၊ အေဖအေမ နာမည္ပါ စစ္ၾကည့္ရသည္။ နာမည္မ်ား တူပါမွ ေမးသူအတြက္ ျဖစ္ကာ ေဟာခေပး၍ေရြးယူရပါသည္။ ေဟာခကိုလဲ လာေမးသူဧ။္ ဆင္းရဲခ်မ္းသာအလိုက္ ေရးထားၿပီးျဖစ္ပါသည္။ ေဟာစာတမ္းတြင္ ၿပီးခဲ့သည့္ ဘ၀၊ ယခုလက္ရွိဘ၀ အေျခအေန၊ ေနာင္ဘာေတြျဖစ္မည္ကို ႀကိဳတင္တြက္ထားၿပီး ျဖစ္သည္ဆိုဧ။္ ။ အလြန္အ့ံၾသေလာက္ေအာင္ မွန္သည္ဟုဆိုပါသည္။
နဒီေဟာစာတမ္းကို တမီလ္ဘာသာ၊ (သို႔) ခ်စ္တီးဘာသာျဖင့္ ေရးထားသည္ ဟုဆိုပါသည္။ အ့ံၾသစရာေကာင္းသည္မွာ ေဟာစာတမ္းတြင္ ေမးသူဧ။္နာမည္ပါသည္။ မိဘ နာမည္ပါသည္။ မိဘနာမည္ပါတူပါမွ မိမိအတြက္အေဟာ ျဖစ္သည္။ မတူေသးလွ်င္ ေနာက္ထပ္ေပထုပ္ သြားရွာပါသည္။ ရွာခမွာ ငါးက်ပ္ျဖစ္သည္။ ေနာက္ဆံုး မိဘနာမည္ ႏွစ္မ်ိဳးႏွင့္တကြ အေၾကာင္းစံုေဟာထားေသာ ေပထုပ္ကို ရပါသည္။
“ဤသို႔ေသာ အေဖအေမနာမည္ရွိသည့္ လူတစ္ေယာက္ ဤေနရာတြင္ ေဗဒင္လာေမးမည္ ဆိုသည္ကို မည္သို႔တြက္သနည္း မသိ” ဟုဆိုသည့္ ဆရာစျႏၵ ကိုယ္တိုင္ အလြန္အ့ံၾသေၾကာင္း စကားလံုးမ်ား ထပ္ကာထပ္ကာ ေရးထားသည္ကို ေတြ႕ရသည္။ ကၽြန္ေတာ္ကိုယ္တိုင္လဲ ဖတ္ယင္းအ့ံၾသရပါသည္။
စာအုပ္ဧ။္ေနာက္ထူးျခားခ်က္မွာ သူ႕ထံတြင္လာေမးၿပီး မွန္၍ေထာက္ခံသူမ်ား နာမည္ႏွင့္တကြ ေဖၚျပထားေသာ္လည္း ဘာေဟာလိုက္သည္ကို အခ်ိဳ႕ကိစၥ အနည္းငယ္မွ လြဲ၍ ေဖၚျပမထားပါ။ စည္းကမ္းရွိေသာ ေဗဒင္ဆရာျဖစ္ပါသည္။ သူတပါးဧ။္ လွ်ိဳ႕၀ွက္ခ်က္မ်ားကို ထိမ္းသိမ္းထားရပါမည္။
ဆရာစျႏၵသည္ ယခုေခတ္စားေသာ အမည္ေပးေဗဒင္ကို လံုး၀လက္မခံေၾကာင္း ေတြ႕ရသည္။ နာမည္ဘယ္လိုေပးေပး ကံအတိုင္းသာ ျဖစ္မည္ဟု ေရးထားပါသည္။ လကၡဏာ နွင့္ ေဗဒင္ပညာကိုသာ အဓိကထား ေဟာသည္ကို ေတြ႕ရပါသည္။
စာအုပ္တစ္အုပ္ အေနႏွင့္ ဖတ္၍ေကာင္းပါသည္။ ဖို ထိုးပံု၊ ပညာရပ္မ်ားေလ့လာပံု၊ ဆရာမ်ားအေၾကာင္းေရးထားသည္မွာ ဗဟုသုတရပါသည္။ ဗုဒၶတရားမ်ားကိုလဲ အေတာ္ေရးထားပါသည္။ ထိုအထဲမွ ကၽြန္ေတာ္အႀကိဳက္ဆံုး စာပိုဒ္ကေလးမွာ p-၃၆၃ တြင္ေဖၚျပထားေသာ
“ဤက့ဲသို႔ သစၥာအနက္ တစ္ဆယ့္ေျခာက္ခ်က္ႏွင့္ အထက္ကေဖၚျပထားေသာ ဆရာႀကီးဦးဘအို ေဟာေျပာသည့္အတိုင္း လူ႕ျပည္ရွိသမွ်အားလံုး ဆင္းရဲမႈဆိုသည္ကို နားမလည္၍ နိဗၺာန္ဧ။္အရသာကို မသိေသးေသာ္ ဘရန္ဒီတစ္လံုးႏွင့္ တစ္ျပည္လံုးကို ရြင္ျပံဳးေစေသာ စာေရးဆရာႀကီး ျပည္သူ႕အခ်စ္ေတာ္ ေသာ္တာေဆြဧ။္ ဘိုးေအ ဦးေပၚဦး ေလွ်ာက္ထံုးမွာ ေအာက္ပါအတိုင္း” ဟူေသာစာသားပင္ျဖစ္ပါသည္။
ေလးနက္ေသာ ပညာမ်ားကိုေလ့လာကာ ေနာက္ဆံုးဘုန္းႀကီး၀တ္သြားေသာ ဆရာစျႏၵ သည္လည္း ေသာ္တာေဆြဧ။္ ပရိသာတ္တစ္ဦးပါတကား။ ။

No comments:

Post a Comment

Thank you.