15 June 2008

Euro-2008

Euro 2008 ဘောလုံးပွဲများကြည့်ရင်း စဉ်းစားမိသည်များ ရှိပါသည်။ မြန်မာနိုင်ငံသားများ Euro 96 အင်္ဂလန်တွင် ကန်စဉ်က တိုက်ရိုက် စ ကြည့်ဖူးခဲ့ကြရသည်။ Philips Co. က sponsor ပေး၍ ရုပ်ရှင်မင်းသား ညွန့်ဝင်းဧ။် ဇတ်ဟန်များဖြင့် တင်ဆက်မှု့ကို သတိရမိကြပါလိမ့်မည်။
ဒီနှစ်ပြိုင်ပွဲကို မြန်မာ့အသံကရော၊ မြ၀တီကပါ မလွှင့်နိုင်တော့ပါ။ 5-movie က မလွှင့်နိုင်၍ ပိုက်ဆံပြန်အမ်းခဲ့သော်လည်း တကယ်ဘောပွဲ ကန်ချိန်တွင် ယိုးဒယားမှ ထုတ်လွှင့်သည်ကို ယူ၍ပြနေပါသည်။ တရားဝင်လား၊ မ၀င်လား မသိသော်လည်း အဲဒါ သူတို့ကိစ္စဖြစ်သည်။ ကျွန်တော်တို့ မြန်မာများကတော့ ကြည့်ရလျှင်ပြီးပါသည်။
Live လွှင့်တာ ယိုးဒယား channel 7 နှင့် 9 မှကြည့်ရပါသည်။ Live လွှင့်နိုင်ဖို့ TV Channel များက sponsor လိုသည်။ များသောအားဖြင့် sponsor လုပ်နိုင်သည့် Co. များမှာ နိုင်ငံတကာ ကုမ္ပဏီကြီးများသာ ဖြစ်ကြပါသည်။ CocaCola , Honda, Philips, Casio, Carlsberg စသည့် Co. ကြီးများလိုပါသည်။ ပြည်တွင်းမှ sponsor လုပ်နိုင်လျှင်လဲ အရက် နှင့် စီးကရက် Co. များလောက်သာ လုပ်နိုင်ပါလိမ့်မည်။ မြန်မာပြည်တွင် အရက်နှင့်ဆေးလိပ်ကို ခွင့်မပြုသဖြင့် တနှစ်ပါတ်လုံးကန်သည့် EPL နှင့် Series A တို့ပင်မကြည့်ကြရတော့ပါ။ စလောင်း channel များတွင်လည်း မပြနိုင်တော့ပါ။ Pay channel များတွင်သာ ပြနိုင်ပါတော့သည်။
စလောင်းက ကြည့်ရဖို့လဲ ယခုမလွယ်ပါ။ နာဂစ်မုန်တိုင်းတုံးက စလောင်း ၉၀% ခန့် ပျက်စီးခဲ့ရပါသည်။ စလောင်းဈေး အဆမတန်မြင့်တက်ခဲ့သည်။ ယခုဘောပွဲကြည့်ချင်လွန်း၍ ပြန်တပ်မည်ဆိုသောအခါ စလောင်းများမရောင်းရတော့ပါ။ တရားဝင်မကြေငြာသော်လည်း DVB channel မှ မြန်မာနိုင်ငံကို (မရှိသည့် ) သိက္ခာ ကျအောင် လေဘေး ဒုက္ခသည်ပုံများ လုပ်ကြံလွှင့်နေသည်ကို မကြည့်နိုင်အောင်ဟု ဆိုပါသည်။ ( စူးရောက်သော ဆရာများ ခင်ဗျား။ စလောင်းကြည့်သူ ၉၀% ခန့်သည် စလောင်းတွင် ဘောပွဲ၊ ကိုရီးယား၊ တရုပ်ဇတ်လမ်း၊ အလွန်ဆုံး နိုင်ငံတကာသတင်းများ လောက်သာ ကြည့်လေ့ရှိပါသည်။)
ဒီအတိုင်းဆိုလျှင် မြန်မာနိုင်ငံတွင် ဘောပွဲများဝေးလာနိုင်ပါသည်။ နိုင်ငံတကာ Co. များကလဲ မြန်မာအတွက်ဆိုလျှင် sponsor ပေးမည်မဟုတ်ပါ။ မြန်မာCo. များကလဲ ကြာလေမတတ်နိုင်လေ ဖြစ်လာပါလိမ့်မည်။ Htoo trading နှင့် Air Bagan ကတော့ တတ်နိုင်မည်လားမသိပါ။ လေဘေးကူညီရေးတွင် Air Bagan အင်္ကျီများဝတ်၍ ကြော်ငြာထိုးနေသည်ကို ဂျာနယ်များကလဲ အားရပါးရ ဖေါ်ပြနေသောကြောင့်ပါ။
ဘောကန်ပုံနှင့်ပါတ်သက်၍ အီတလီအသင်းကို အံ့သြမိပါသည်။ ကမ္ဘာ့ချန်ပီယံကြီး အုပ်စုမှလှည့်ပြန်ရတော့မည်လားမသိပါ။ ဟော်လန်ကို ၃-၀ နှင့် ရှုံးရာ မည်သည့်ပြိုင်ပွဲ ကြီး များတွင်မှ ၃ ဂိုး အသွင်းမခံရဘူးဘူး ဟုထင်ပါသည်။ ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများတွင်တော့ မပြောတတ်ပါ။ အီတလီတို့ အသွင်းခံရ တစ်ဂိုးပေါ့၊ နှစ်ဂိုးသွင်း ဖို့ပင်တော်တော်ခက်ပါသည်။ ခုတော့သုံးဂိုး။ အီတလီဖက်မှ ထိုင်မိသော တရုပ်တန်းမှဆရာများကတော့ ခေါက်ဆွဲဟုပြောနေကြသည်။ ဘက်ဂီယို ပိုင်နယ်တီ လွဲခဲ့သော ကမ္ဘာ့ဖလားကတည်းက အီတလီကို စွဲလန်းခဲ့သော ပရိသတ် အသင်းပြောင်းအားပေး ကြမည်လားမသိပါ။
ကြည့်ရသောအသင်းများထဲတွင် ဟော်လန်၊ စပိန် နှင့် ပေါ်တူဂီတို့မဆိုးပါ။ ဟော်လန်က နှစ်ပွဲ ၇ ဂိုးဖြင့် အစွမ်းပြနေသည်။ ပြင်သစ်နှင့် ဂျာမဏီက အီတလီနောက် လိုက်ချင်နေသည်။ အိမ်ရှင်နှစ်သင်းကလဲ လက်ရှိချန်ပီယံ ဂရိနှင့်အတူ အုပ်စုပင်တက်ဖို့ မလွယ်တော့။ သို့သော် ဂျာမဏီနှင့် အီတလီသည် တအိအိနှင့် တက်လာတတ်ပါသည်။
ကြည့်ရသည့် ဂိုးများတွင် အီတလီကို ဟော်လန်မှ သွင်းသည့် ဒုတိယဂိုးကို ကြိုက်သည်။ မိမိဂိုးထဲမှ အသည်းအသန် ဖျက်ထုတ်လိုက်ရသည့် ဘောလုံးကို ဆွဲပြေး၍ သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ တကဲ့အကောင်းဆုံး counter ကန်သွားခြင်းဖြစ်သည်။
ပွဲများမှာ ည ဆယ်နာရီခွဲနှင့် တစ်နာရီ ဆယ့်ငါးတွင် ကန်သဖြင့် တစ်နေ့တစ်ပွဲသာ ကြည့်နိုင်ပါသည်။ ကြည့်ရသည်မှာ အိပ်ချင်မူးတူး ဖြစ်နေသဖြင့် ယခင် Euro , World Cup ပွဲများလောက် ကြည့်မကောင်းသလိုဖြစ်နေသည်။ တကယ်ကန်တာ ညံ့တာလား၊ အားပေးရမည့် ကျွန်တော့် Favorite အင်္ဂလန်အသင်း မပါလို့လား မပြောတတ်တော့ပါ။ ကျွန်တော့်အတွက် Euro 2008 ပြီးနေသည်မှာ ကြာခဲ့ပြီ။ ။

No comments:

Post a Comment

Thank you.