28 June 2008

ဘန့်ချ် အတ္တုပတ္တိ-ပ ပိုင်း

(Unicode version)

ဒီတစ်ပါတ်အတွင်း အမေရိကန်ပြန်ကြားရေးဌာနမှ ထုတ်ေ၀သော Brian Urquhart ဧ။် Ralph Bunche ဧ။် အတၳုပတ္တိကို ဖတ်ရပါသည်။ An American Life ဆိုပြီး ထင်ရှားသော အမေရိကန်များ အကြောင်း မဟာမိက ဘာသာပြန်ဆိုပေးနေခြင်းဖြစ်ပြီး တချို့ထင်သလို ဝါဒဖြန့်စာအုပ်များ မဟုတ်ပါ။ ဟိုးအရင်က ခရိုက်စလာကား Co. ကို ကယ်တင်ခ့ဲသော ဥက္ကဌ တစ်ဦးအကြောင်းလဲ ဖတ်ဖူးပါသည်။ ပျင်းစရာဟု ယူဆပြီး မဖတ်မိဘဲ ဖတ်စရာမရှိမှ ဖတ်ကြည့်ရာ စိတ်၀င်စားဖွယ် ကောင်းနေသည်ကို တွေ့ရပါသည်။ ယခုစာအုပ်သည်လဲ ကုလသမဂ္ဂ တွဲဖက်အတွင်းရေးမှုးချုပ် အကြောင်းဖြစ်သဖြင့် သမိုင်းကိုစိတ်၀င်စားသူ ဖြစ်လျှင် ဖတ်၍ကောင်းပါမည်။

ဘန့်ချ်သည် လူမဲတစ်ဦးဖြစ်သဖြင့် ထိုခေတ်က လူဖြူလူမဲပြဿနာ များကိုလဲ ဖတ်ရပါသည်။ လူမဲတစ်ဦးအနေနှင့် ဂုဏ်ယူခဲ့ပြီး ပညာထွန်းပေါက်အောင် ကြိုးစားခ့ဲသဖြင့် နောက်ဆုံးငြိမ်းချမ်းရေး နိုဘယ်လ်ဆုရသည်အထိ ဖြစ်ခ့ဲသည်။ ကုလသမဂ္ဂ အဖွဲ့ စတင်တည်ထောင်ချိန်မှ ကွယ်လွန်ချိန်အထိ ကမ္ဘာ့နိုင်ငံများဧ။် ပြဿနာများကိုရှင်းပေးခ့ဲပုံ၊ စစ်ပွဲများမဖြစ်အောင် အထွေထွေအတွင်းရေးမှုးချုပ် အဆက်ဆက်နှင့် ကြိုးပမ်းခ့ဲပုံများမှာ စိတ်၀င်စားစရာ ဖြစ်ပါသည်။

ကျွန်တော်စိတ်အ၀င်စားဆုံးအပိုင်းမှာ ဦးသန့် နှင့် သူဧ။်ဆက်ဆံရေး အပိုင်းဖြစ်ပါသည်။ မြန်မာလူမျိုး အထွေထွေအတွင်းရေးမှုးချုပ် အပေါ် အမေရိကန် လုပ်ဖေါ်ကိုင်ဖက် တစ်ဦးအနေဖြင့် မည်သို့မြင်ခ့ဲပါသလဲ၊ သူနောက်ဆုံးဆက်ဆံခ့ဲသော အတွင်းရေးမှုးချုပ်အကြောင်း ဖေါ်ပြခ့ဲသမျှ တချို့ကောက်နှုတ်ပြပါမည်။

“ဦးသန့်ဧ။် ဟန်အမူအရာ ပြောပုံဆိုပုံ ဆက်ဆံပုံ၊ လုပ်ငန်းဆောင်ရွက်ပုံများသည် ဟာမာရှိုးလ်ဒ်နှင့် ဆန့်ကျင်ဖက်ဖြစ်ကြောင်း တွေ့ရသည်။ ဟာမာရှိုးလ်ဒ်သည် ေ၀့လည်ကြောင်ပတ် ဖွဲ့နွဲ့ကိုးကားပြောတတ်သည်။ ဦးသန့်သည် ရိုးရိုးစင်းစင်းနှင့် ဒဲ့ဒိုးပြောတတ်သည်။ ဟာမာရှိုးလ်ဒ်သည် စကားကိုဖေါင်ဖွဲ့အောင် ပြောသည်။ ဦးသန့်ကား စကားနဲသူ ဖြစ်သည်။ ဟာမာရှိုးလ်ဒ်သည် ကိုယ်ပိုင်ခံယူချက်ရှိသော အတွေးအခေါ်ရှင် တစ်ဦးဖြစ်သည်။ ဦးသန့်သည် ဗုဒ္ဓဘာသာကို လေးလေးနက်နက်ယုံကြည် ကိုးကွယ်သူဖြစ်သည်။ ဟာမာရှိုးလ်ဒ်သည် စိတ်လှုပ်ရှားလွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ ဦးသန့်မှာမူ လွန်စွာတည်ငြိမ်သည်။ ဟာမာရှိုးလ်ဒ်သည် ထင်ရှားသော ပညာရှင်တစ်ဦးအဖြစ် ခံယူသည်။ ဦးသန့်သည် ဟိတ်ဟန်မထား မော်ကြွားခြင်း မရှိသော သာမန်ပညာတတ်အဖြစ် ခံယူသည်။ ဟာမာရှိုးလ်ဒ်သည် မိမိထင်မြင်ချက်ကို တစ်ယူသန် အစွဲအမြဲကြီးသူဖြစ်ပြီး သူတစ်ပါးကို သြဇာပေးတတ်သည်။ ဦးသန့်သည် အကြံဉာဏ်များကို နားထောင်လက်ခံတတ်သည်။ သို့ရာတွင် ဒက်ဟာမာရှိုးလ်ဒ်နှင့် ဦးသန့်တို့နှစ်ဦးတွင် တူညီသော အရည်အချင်းနှစ်ခုရှိသည်။ ၄င်းတို့မှာ ရဲစွမ်းသတ္တိရှိခြင်းနှင့် သိက္ခာသမာဓိ ရှိခြင်းဖြစ်သည်။”

ဗေဒင်ယုံကြည်မှု့နှင့် ပတ်သက်၍ ဤသို့ရေးခ့ဲပါသည်။

“ မတ်လ၃၁ရက်နေ့တွင် ဂျွန်ဆင်က ဒုတိယသမ္မတသက်တမ်းအတွက် အရွေးမခံတော့ကြောင်း ကြေငြာလိုက်သည်။ အရှေ့တိုင်းသားဖြစ်သည့်အားလျှော်စွာ နက္ခတ်ကိုယုံသော အတွင်းရေးမှုးချုပ်ဦးသန့်က ဂြိုဟ်သွားဂြိုဟ်လာနှင့် စနေဂြိုဟ်ဧ။် လှုပ်ရှားမှုအရ ဤသို့ဖြစ်လာမည်ကို နို၀င်ဘာလကပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဘန့်ချ်ကိုပြောပြသည်။ နက္ခတ်ဗေဒင်ကိုမယုံသော အနောက်တိုင်းသားဘန့်ချ်က ဂျွန်ဆင် အရွေးမခံရခြင်းမှာ ဂြိုဟ်အပြောင်းအလဲကြောင့်မဟုတ်ဘဲ ပြည်သူ့သဘောထား ဆန္ဒမဲလေ့လာချက်ကြောင့် ပို၍ုဖြစ်တန်ရာဧ။်ဟု မှတ်ချက်ပြုသည်။”


XxXxXx

(Zawgyi version )


ဒီတစ္ပါတ္အတြင္း အေမရိကန္ျပန္ၾကားေရးဌာနမွ ထုတ္ေ၀ေသာ Brian Urquhart ဧ။္ Ralph Bunche ဧ။္ အတၳဳပတၱိကို ဖတ္ရပါသည္။ An American Life ဆိုၿပီး ထင္ရွားေသာ အေမရိကန္မ်ား အေၾကာင္း မဟာမိက ဘာသာျပန္ဆိုေပးေနျခင္းျဖစ္ၿပီး တခ်ိဳ႕ထင္သလို ၀ါဒျဖန္႔စာအုပ္မ်ား မဟုတ္ပါ။ ဟိုးအရင္က ခရိုက္စလာကား Co. ကို ကယ္တင္ခ့ဲေသာ ဥကၠဌ တစ္ဦးအေၾကာင္းလဲ ဖတ္ဖူးပါသည္။ ပ်င္းစရာဟု ယူဆၿပီး မဖတ္မိဘဲ ဖတ္စရာမရွိမွ ဖတ္ၾကည့္ရာ စိတ္၀င္စားဖြယ္ ေကာင္းေနသည္ကို ေတြ႔ရပါသည္။ ယခုစာအုပ္သည္လဲ ကုလသမဂၢ တြဲဖက္အတြင္းေရးမႈးခ်ဳပ္ အေၾကာင္းျဖစ္သျဖင့္ သမိုင္းကိုစိတ္၀င္စားသူ ျဖစ္လွ်င္ ဖတ္၍ေကာင္းပါမည္။
ဘန္႔ခ်္သည္ လူမဲတစ္ဦးျဖစ္သျဖင့္ ထိုေခတ္က လူျဖဴလူမဲျပႆနာ မ်ားကိုလဲ ဖတ္ရပါသည္။ လူမဲတစ္ဦးအေနႏွင့္ ဂုဏ္ယူခဲ့ၿပီး ပညာထြန္းေပါက္ေအာင္ ၾကိဳးစားခ့ဲသျဖင့္ ေနာက္ဆံုးျငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရသည္အထိ ျဖစ္ခ့ဲသည္။ ကုလသမဂၢ အဖြဲ႔ စတင္တည္ေထာင္ခ်ိန္မွ ကြယ္လြန္ခ်ိန္အထိ ကမာၻ႔ႏိုင္ငံမ်ားဧ။္ ျပႆနာမ်ားကိုရွင္းေပးခ့ဲပံု၊ စစ္ပြဲမ်ားမျဖစ္ေအာင္ အေထြေထြအတြင္းေရးမႈးခ်ဳပ္ အဆက္ဆက္ႏွင့္ ႀကိဳးပမ္းခ့ဲပံုမ်ားမွာ စိတ္၀င္စားစရာ ျဖစ္ပါသည္။
ကၽြန္ေတာ္စိတ္အ၀င္စားဆံုးအပိုင္းမွာ ဦးသန္႔ ႏွင့္ သူဧ။္ဆက္ဆံေရး အပိုင္းျဖစ္ပါသည္။ ျမန္မာလူမ်ိဳး အေထြေထြအတြင္းေရးမႈးခ်ဳပ္ အေပၚ အေမရိကန္ လုပ္ေဖၚကိုင္ဖက္ တစ္ဦးအေနျဖင့္ မည္သို႔ျမင္ခ့ဲပါသလဲ၊ သူေနာက္ဆံုးဆက္ဆံခ့ဲေသာ အတြင္းေရးမႈးခ်ဳပ္အေၾကာင္း ေဖၚျပခ့ဲသမွ် တခ်ိဳ႕ေကာက္နႈတ္ျပပါမည္။
“ဦးသန္႔ဧ။္ ဟန္အမူအရာ ေျပာပံုဆိုပံု ဆက္ဆံပံု၊ လုပ္ငန္းေဆာင္ရြက္ပံုမ်ားသည္ ဟာမာရွိဳးလ္ဒ္ႏွင့္ ဆန္႔က်င္ဖက္ျဖစ္ေၾကာင္း ေတြ႔ရသည္။ ဟာမာရွိဳးလ္ဒ္သည္ ေ၀့လည္ေၾကာင္ပတ္ ဖြဲ႔ႏြဲ႔ကိုးကားေျပာတတ္သည္။ ဦးသန္႔သည္ ရိုးရိုးစင္းစင္းႏွင့္ ဒဲ့ဒိုးေျပာတတ္သည္။ ဟာမာရွိဳးလ္ဒ္သည္ စကားကိုေဖါင္ဖြဲ႔ေအာင္ ေျပာသည္။ ဦးသန္႔ကား စကားနဲသူ ျဖစ္သည္။ ဟာမာရွိဳးလ္ဒ္သည္ ကိုယ္ပိုင္ခံယူခ်က္ရွိေသာ အေတြးအေခၚရွင္ တစ္ဦးျဖစ္သည္။ ဦးသန္႔သည္ ဗုဒၶဘာသာကို ေလးေလးနက္နက္ယံုၾကည္ ကိုးကြယ္သူျဖစ္သည္။ ဟာမာရွိဳးလ္ဒ္သည္ စိတ္လႈပ္ရွားလြယ္ၿပီး စိတ္လိုက္မာန္ပါ လုပ္တတ္သည္။ ဦးသန္႔မွာမူ လြန္စြာတည္ျငိမ္သည္။ ဟာမာရွိဳးလ္ဒ္သည္ ထင္ရွားေသာ ပညာရွင္တစ္ဦးအျဖစ္ ခံယူသည္။ ဦးသန္႔သည္ ဟိတ္ဟန္မထား ေမာ္ႄကြားျခင္း မရွိေသာ သာမန္ပညာတတ္အျဖစ္ ခံယူသည္။ ဟာမာရွိဳးလ္ဒ္သည္ မိမိထင္ျမင္ခ်က္ကို တစ္ယူသန္ အစြဲအျမဲႀကီးသူျဖစ္ၿပီး သူတစ္ပါးကို ၾသဇာေပးတတ္သည္။ ဦးသန္႔သည္ အၾကံဥာဏ္မ်ားကို နားေထာင္လက္ခံတတ္သည္။ သို႔ရာတြင္ ဒက္ဟာမာရွိဳးလ္ဒ္ႏွင့္ ဦးသန္႔တို႔ႏွစ္ဦးတြင္ တူညီေသာ အရည္အခ်င္းႏွစ္ခုရွိသည္။ ၄င္းတို႔မွာ ရဲစြမ္းသတၱိရွိျခင္းႏွင့္ သိကၡာသမာဓိ ရွိျခင္းျဖစ္သည္။”
ေဗဒင္ယံုၾကည္မႈ႔နွင့္ ပတ္သက္၍ ဤသို႔ေရးခ့ဲပါသည္။
“ မတ္လ၃၁ရက္ေန႔တြင္ ဂၽြန္ဆင္က ဒုတိယသမၼတသက္တမ္းအတြက္ အေရြးမခံေတာ့ေၾကာင္း ေၾကျငာလိုက္သည္။ အေရွ႕တိုင္းသားျဖစ္သည့္အားေလွ်ာ္စြာ နကၡတ္ကိုယံုေသာ အတြင္းေရးမႈးခ်ဳပ္ဦးသန္႔က ျဂိဳဟ္သြားၿဂိဳဟ္လာႏွင့္ စေနၿဂိဳဟ္ဧ။္ လႈပ္ရွားမႈအရ ဤသို႔ျဖစ္လာမည္ကို နို၀င္ဘာလကပင္ ၾကိဳတင္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ဘန္႔ခ်္ကိုေျပာျပသည္။ နကၡတ္ေဗဒင္ကိုမယံုေသာ အေနာက္တိုင္းသားဘန္႔ခ်္က ဂၽြန္ဆင္ အေရြးမခံရျခင္းမွာ ၿဂိဳဟ္အေျပာင္းအလဲေၾကာင့္မဟုတ္ဘဲ ျပည္သူ႕သေဘာထား ဆႏၵမဲေလ့လာခ်က္ေၾကာင့္ ပို၍ုျဖစ္တန္ရာဧ။္ဟု မွတ္ခ်က္ျပဳသည္။”

No comments:

Post a Comment

Thank you.