ဦးသန့်ဧ။် အပြင်ပုံပန်း ဗဟိဒ္ဓ နှင့်ပတ်သက်၍ ဤသို့ရေးခဲ့ပါသည်။
“ ဦးသန့်သည် အပြင်ပန်းအားဖြင့် ဈာန်ရသူ သူတော်စင်များက့ဲသို့ အေးချမ်းတည်ငြိမ်လှသည်။ သို့ရာတွင် စိုးရိမ်ကြောင့်ကြမှုကြီးမားကြောင်း သူနှင့်နီးနီးကပ်ကပ် နေဖူးသူများမှ သိကြသည်။ သူထိုင်သည့်အခါ ခြေထောက်ကိုယိမ်းပြီး ဒူးတဆတ်ဆတ် နန့်တတ်သည်။ ဆေးပြင်းလိပ်ကိုလဲ အဆက်မပြတ်သောက်တတ်သည်။ ရုံးခနး်တွင် ခေါက်တုံခေါက်ပြန် လမ်းလျှောက်တတ်သည်။ သူ့မျက်လုံးများလည်း ကြည်လင်တောက်ပခြင်းမရှိ။ ဤအချင်းအင်္ဂါလက္ခဏာများသည် အလုပ်ရှိန်ပိခြင်း၊ စိတ်ဂဏှာမငြိမ်ခြင်းကို ဖေါ်ညွှန်းသည်။ သူသည်ပျော်ရွှင်တတ်ပြီး ပျက်လုံးများကိုလဲ ပြောတတ်ခံစားတတ်သည်။”
ဦးသန့်သည် ပထမအကြိမ်သက်တမ်းတွင် လွန်စွာစိတ်ပျက်ခ့ဲသဖြင့် ဒုတိယသက်တမ်း ဆက်မလုပ်တော့ဟု ပြောခ့ဲသည်။ အမေရိကန်သမ္မတဂျွန်ဆင်အပါအ၀င် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င်များက ၀ိုင်း၀န်းမေတ္တာရပ်ခံသဖြင့် ဆက်လုပ်ရန်စဉ်းစားခ့ဲပုံရသည်။
“ ယခုရက်ပိုင်းများအတွင်း ဦးသန့်ဧ။် အပြုအမူများ ပဟေဠိဆန်လွန်းသည်။ သူသည် အတွင်းရေးမှုးချုပ်ရာထူးတွင် ဒုတိယသက်တမ်း မဆောင်ရွက်တော့ပါဟု လပေါင်းများစွာကပင် ခိုင်ခိုင်မာမာ အစဉ်တစိုက်ပြောခ့ဲသည်။ ယခုတွင်မူ သူ အတွင်းရေးမှုးချုပ်အဖြစ်ဆက်၌ တာ၀န်ယူလိုသည့် ဆန္ဒပြင်းပြနေကြောင်း ကျွန်ုပ်အား အရိပ်ပြအကောင်ထင်စေခ့ဲသည်။ ပြန်လည်အရွေးခံရေးတွင် အထစ်အငေါ့ဖြစ်စေမည့် အပြောအဆို အပြုအမူများကိုလဲ တတ်နိုင်သမျှ ဆင်ခြင်နေပုံရသည်။”
ဦးသန့်ဧ။် ဒုတိယသက်တမ်းအတွင်း အီဂျစ်၊ အစ္စရေး ၁၉၆၇ စစ်ပွဲဖြစ်ခ့ဲပါသည်။ ထိုစစ်ပွဲအကြောင်း ဆောင်းပါးများစွာ ဖတ်ဖူးခ့ဲသော်လည်း လန်ဒန် စပက်တေတာ သတင်းစာက “ဦးသန့်ဧ။်စစ်ပွဲ” ဟု ခေါ်ေဝါ်ခ့ဲကြောင်း ခုမှဖတ်ရပါသည်။ ဦးသန့်နှင့် UN ဧ။် မဖြေရှင်းနိုင်မှုကြောင့်ဟု စွပ်စွဲဖေါ်ပြခ့ဲခြင်း ဖြစ်သည်။
ဦးသန့်သည် အထွေထွေအတွင်းရေးမှုးချုပ် ဖြစ်ပြီးနောက် မြန်မာနိုင်ငံဖက် မလိုက်သည့်အတွက် ဗိုလ်ချုပ်နေ၀င်းက မကြေနပ်ဟုကြားဖူးပါသည်။ ဘန့်ချ်သည်လဲ အမေရိကန်တစ်ဦးဖြစ်သော်လည်း အမေရိကန်ဖက်မလိုက်ဘဲ စဉ်းစားခ့ဲပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ “ကျွနု်ပ်သည် နိုင်ငံတကာ၀န်ထမ်းတစ်ဦးအဖြစ် ကုလသမဂ္ဂအဖွဲ့တွင် တာ၀န်ထမ်းဆောင်ခ့ဲသည့် သက်တမ်းတလျှောက်လုံး မိမိအစိုးရဧ။် သြဇာနှင့် လွှမ်းမိုးခြင်းကို လုံး၀လက်မခံခ့ဲဘဲ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်အသိစိတ်ဓါတ်၊ ခံယူချက်ဖြင့် ဆောင်ရွက်ခ့ဲရခြင်းကို ဂုဏ်ယူမဆုံးဖြစ်သည်။ ဤလွတ်လပ်မှုရှိခြင်းကြောင့် ကျွန်ုပ်သည် ကုလသမဂ္ဂအဖွဲ့နှင့် အတွင်းရေးမှုးချုပ် အဆက်ဆက်အား ကိုယ်စွမ်းရှိသရွေ့ ထောက်ကူပေးခ့ဲသည်။” UN ၀န်ထမ်းဖြစ်လျှင် ထားရမည့်သဘောထားအမှန်ပင်။
ဘန့်ချ်သည် ဦးသန့်နှင့်တွဲ၍လည်း ဗီယက်နမ်စစ် ရပ်ဆိုင်းရန် ကြိုးပမ်းခ့ဲသည်။ မအောင်မြင်ခ့ဲသည့်အပြင် အများဧ။် အပစ်တင်ခြင်းကို ခံခဲ့ရသည်။ အာရပ်-အစ္စရေး စစ်ပွဲများတွင်လည်း ထိုက့ဲသို့စွပ်စွဲခံခ့ဲရပြီး နောင်တွင်မှ အဖြစ်မှန်များပေါ်လာခ့ဲကြောင်း ဖတ်ရပါသည်။ နှစ်ဖက်စလုံးက အခြားဖက်မှလူဟု စွပ်စွဲခံရသဖြင့် ဖြေရှင်းရန်တော်တော်ခက်ခဲခ့ဲပုံရပါသည်။ တတ်နိုင်သမျှ စိတ်ရှည်စွာ ဖြေရှင်းခ့ဲကြပုံများမှာ စိတ်၀င်စားစရာဖြစ်သည်။ အထူးသဖြင့် အာရပ်များသည် မိမိကိုယ်ကို မှားယွင်းစွာ အထင်ကြီးနေကြပြီး အလျှော့မပေးပုံမှာ ကျွန်တော်သာ ဖြန်ဖြေသူဖြစ်လျှင် တိုက်ကြကွာဆိုပြီး စိတ်တိုတိုဖြင့် လွှတ်ပေးချင်မိတော့သည်။
ဤစာအုပ်ကိုဖတ်ရသောအခါ UN ကြီး ပါဝါ မရှိပုံကို အတိုင်းသားတွေ့ရသည်။ တကယ်တော့ UN သည် အင်အားကြီးနိုင်ငံများကို မကျော်လွှားနိုင်ပါ။ UN ဧ။်၀င်ငွေ၊ လုပ်ပိုင်ခွင့် စသည်များတွင် အင်အားကြီးနိုင်ငံများက control လုပ်ထားသည်။ ၄င်းတို့မကြိုက်လျှင် UN ဘာမှမတတ်နိုင်။ ယနေ့ခေတ်အထိအောင်လည်း UN သည် ၄င်းတို့မျက်နှာ ကြည့်နေရဆဲပင်။ UN ကို လွန်စွာ မျှော် လင့်နေသူများ သတိချပ်သင့်သည့် အချက်ပင်။
စာအုပ်ကိုဘာသာပြန်သူသည် အမည်နာမများကို မြန်မာများရင်းနှီးနေသည့် စာလုံးပေါင်းကို မသုံးသည့်အချက်မှာ စိတ်ပျက်စရာဖြစ်သည်။ ဥပမာ - ဝါရှင်တန်ကို ေဝါရှင်တန်၊ ပါလက်စတိုင်းကို ပဲလ်လက်စတိုင်း၊ သမတ ကနေဒီကို ကဲန်နဒီ စသည့်ဖြင့် ရေးထားသည်။ အဓိပ္ပါယ် မပြောင်းလဲသော်လည်း ဖတ်ရသည်မှာ ထောက်နေပါသည်။ နောက်ထူးခြားချက်မှာ တစ်အုပ်လုံး ကမ္ဘာသိပုဂ္ဂိုလ်ကြီးများနှင့် ဆွေးနွေးသည့်အကြောင်းများ အများဆုံးဖြစ်သော်လည်း ဓါတ်ပုံများမပါ၀င်ပါ။ မပါသည်မှ ဘန့်ချ်ဧ။်ပုံပင် အဖုံးမှ ပန်းချီပုံသာ ပါ၀င်ပါသည်။
အမေရိကန်လူမဲတစ်ဦးအနေနှင့် ကြိုးပမ်းခ့ဲပုံများမှာ ဂုဏ်ယူအတုယူစရာဖြစ်ပါသည်။ ဒါကိုပင် အမေရိကန် ဝါဒဖြန့်ချီရေးဟု သမုတ်ခ့ဲလျှင် လွန်စွာည့ံဖျင်းသည့် အတွေးအခေါ်သာဖြစ်လိမ့်မည်။ ကုလသမဂ္ဂနှင့် ဘန့်ချ်သည် အခက်အခဲများစွာ ဖြေရှင်းခ့ဲကြပါသည်။ ထို့အတွက် လူမျိုးပေါင်းစုံ၊ လူပေါင်းစုံနှင့် ညှိနှိုင်းခ့ဲကြရပါသည်။ နှစ်ဖက်ညှိပေးရသူများ သတိထားရမည့် အရေးကြီးသော အချက်ကိုလဲ ဖတ်ခ့ဲရပါသည်။ “ဘန့်ချ်သည် လူဧ။်စိတ်သဘာ၀ကို နောကြေနေပြီဖြစ်သည်။ ဖြန်ဖြေသူရှိလျှင် ပို၍ကဲတတ်သက့ဲသို့ ပို၍လည်း ပြေလွယ်ကြသည်။” ဟုဖြစ်သည်။ မှတ်သားစရာပင်။ ။
XxXxXx
(Zawgyi version)