09 February 2015
ဝှိုက်​ကဒ်​ (white card)
(Unicode version)
လွှတ်​​တော်​က သမတမှတ်​ချက်​ဖြင်​့ ပြန်​ပို့ထား​သော ဝှိုက်​ကဒ်​ရ ပုဂိ္ဂုလ်​များ မဲ​ပေးခွင်​့ ပြုသဖြင်​့ အစိုးရကို​ရော လွှတ်​​တော်​ကို​ရော ဆဲသံများ ညံ​နေပါသည်​။ များ​သောအားဖြင်​့ ဘင်္ဂလီ​ခြောက်​သိန်​းရှိသည်​ဆိုပြီး မဲဆဲ​နေကြသည်​။ အ​ရှေ့ရှမ်​းပြည်​မှ တရုပ်​များက​တော့ မည်​မျှရှိ​နေသည်​ မသိရပါ။ အများစုကဆိုလျှင်​ နိုင်​ငံသားကဒ်​ပင်​ ရတာကြာ​နေပြီ။
ဆဲ​နေသူ တချို့ကို ဘာအတွက်​မဲ​ပေးခွင်​့ ​ပေးတာလဲ သိလားဆို​တော့ စိတ်​ဆိုးမာန်​ဆိုးဖြင်​့ ၂၀၁၅ ​ရွေး​ကောက်​ပွဲအတွက်​ ဟု ပြန်​​ဖြေတာ များပါသည်​။ ၂၀၁၅ မှာ သူတို့ ကြ့ံဖွတ်​​တွေ မဲပိုရ​အောင်​​ပေါ့ဟု ရှင်​းပြ​နေ​သေးသည်​။ ကဲ ဒါဆို သူတို့​နေတ့ဲ ဘူးသ်​ီး​တောင်​​မောင်​​တော ဘက်​မှာဘဲ နိုင်​မှာ​ပေါ့။ ကျန်​တပြည်​လုံးမှာ ကိုယ်​ကြိုက်​တ့ဲသူ ကိုယ်​မဲ​ပေးနိုင်​တာဘဲဟု ရှင်​းလျှင်​ မ​ကြေနပ်​ကြပါ။
တကယ်​က ၂၀၁၅ ​​မေလ ဆန္ဒခံယူပွဲတွင်​ မဲ​ပေးခွင်​့​ပေးခြင်​း ဖြစ်​ပါသည်​။ လူတိုင်​းဆဲ​နေ​သော ၂၀၀၈​ခြေဥတွင်​၄င်​း ​ရွေး​ကောက်​ပွဲဥပ​ဒေတွင်​၄င်​း ပြဌာန်​းထားပြီး ဖြစ်​ပါက ဘာမျှ မတတ်​နိုင်​ပါ။ ​ခြေဥပြင်​သည်​့အထဲတွင် သူတို့ကို​ မဲ​ပေးခွင်​့​ပေးထားသည်​့ အပိုဒ်​ကို ဖြုတ်​၍ သူတို့လည်​းမဲ​ပေး၊ ကျန်​သူလည်​းမဲ​ပေးသာ လုပ်​ရန်​ တိုက်​တွန်​းရပါမည်​။ အများစုက ညီလျှင်​ သူတို့ ၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ သူတို့ မဲ​ပေးခွင်​့ရ​တော့မည်​ မဟုတ်​ပါ။
၂၀၀၈​ခြေဥတွင်​ ပြည်​သူအများစု မကြိုက်​နှစ်​သက်​​သော အချက်​များစွာ ပါဝင်​သည်​ကို အားလုံးအသိပါ။ ထိုအချက်​များထဲမှ ဤတချက်​သည်​ ကြံ့ဖွတ်​​တွေအတွက်​ အမှတ်​​လျော့​စေသည်​့ အချက်​တခု ဖြစ်​သွားပြန်​ပါပြီ။ ​ဒေါ်စုကို မွတ်​အား​ပေးသူဟု မဟုတ်​တန်​းတရား စွပ်​စွဲ​နေသူ​တွေပင်​ ​ဝေဝါးကုန်​တာ ​တွေ့ရပါသည်​။ အစိုးရက မွတ်​​တွေဘက်​သို့ ​နောက်​ဆုံးပါသွားသည်​ဟု ခံစား​နေရပါသည်​။ သူတို့အခိုင်​းခံ မဘသအဖွဲ့ပင်​ အစိုးရကို သပိတ်​​မှောက်​ရ​တော့မလို ဖြစ်​ကုန်​ပြီး တားထားမှ ပြန်​ငြိမ်​​နေတာပါ။ မရိုးသားခ့ဲတ့ဲ အကျိုး ပြန်​ခံစားရတာပါ။
ကျွန်​​တော်​တဦးတည်​း၏ အယူအဆမှာ နိုင်​ငံသား မဖြစ်​​သေးသည်​့သူကို နိုင်​ငံသားတ​ယောက်​အတွက်​ အမြင်​့ဆုံး လုပ်​ပိုင်​ခွင်​့ဖြစ်​သည်​့ တိုင်​းပြည်​အတွက်​ မဲ​ပေးခြင်​းကို လုံးဝလက်​မခံနိုင်​ပါ။ သူတို့သည်​ ကုလားဖြစ်​ချင်​ ဖြစ်​မည်​၊ တရုပ်​ဖြစ်​ချင်​ ဖြစ်​မည်​၊ ​နောက်​ဆုံးအ​နောက်​နိုင်​ငံများမှ ပညာတတ်​သူ​ဌေးကြီး ဖြစ်​ချင်​ဖြစ်​မည်​၊ နိုင်​ငံသား မဖြစ်​မခြင်​း မဲ​ပေးခွင်​့ မ​ပေးရပါ။ သူတို့က ဖြစ်​ဖို့နီးစပ်​လို့ ခွင်​့ပြုတာပါဟု ​ပြော​သော ကြံ့ဖွတ်​ဒုဥက္ကဌကို မည်​သို့အဆင်​့ သတ်​မှတ်​ရမည်​ကို မ​ပြောတတ်​​တော့ပါ။
အဆုံးသတ်​​ပြောပါမည်​။ * နိုင်​ငံသား မဖြစ်​​သေးသူကို နိုင်​ငံသားအခွင်​့အ​ရေး လုံးဝ မ​ပေးသင်​့ပါ။ *
XxXxXx
(Zawgyi version)
No comments:
Post a Comment
Thank you.