20 February 2015

ပညာ​ရေး ဥပ​ဒေ ကိစ္စ

(Unicode version )

ပထမဆုံး အာပလာဘ​လော့ဂ်​သည်​ အစိုးရကို လုံးဝမကြိုက်​​ကြောင်​း ​ပြောလိုပါသည်​။ ပို့စ်​အ​ဟောင်​းများကို ဖတ်​ကြည်​့လျှင်​လည်​း သိသာပါသည်​။ အစိုးရထုတ်​​သော သတင်​းစာ ဝယ်​မဖတ်​သည်​မှာလဲ ဆယ်​စုနှစ်​ နှစ်​ခုရှိခ့ဲပါပြီ။ ဤမျှ စကားပလ္လင်​ ခံ​နေရသည်​မှာ ယ​နေ့ထုတ်​ သတင်​းစာပါ ​ဆောင်​းပါးကို ဖတ်​မိ၍ ဖြစ်​သည်​။ သတင်​းစာပါ ​ဆောင်​းပါးများသည်​ အစိုးရအာ​ဘော်​ကို ​ထောက်​ခံ​ရေးသားမြဲ ဖြစ်​သဖြင်​့ လွန်​စွာ ဖတ်​ခဲပါသည်​။



ကံဆိုးချင်​​တော့ ယ​နေ့မှ ဖတ်​မိသည်​။ NNER မှ ဦး​ဆောင်​တင်​သွင်​းထားသည်​့ ပညာ​ရေးဥပ​ဒေကို ​ဝေဖန်​ထားသည်​့ ​ဆောင်​းပါးဖြစ်​သည်​။ ကျွန်​​တော်​သည်​ ထိုဥပ​ဒေကြမ်​း အပြည်​့အစုံကိုလည်​း မဖတ်​မိ​ကြောင်​း ဝန်​ခံပါသည်​။ ထို့ပြင်​ ဥပ​ဒေကိုလည်​းနားမလည်​၊ ပညာ​ရေးဝန်​ထမ်​းလည်​း မဟုတ်​ရပါ။ ယခု ​ရေးသားသည်​့ အ​ကြောင်​းများသည်​ ထို​ဆောင်​းပါးပါ အချက်​များကို အ​ခြေခံ၍ ​ရေးထားသဖြင်​့ မူရင်​းဥပ​ဒေကြမ်​းမှာ မပါဘဲ သတင်​းစာ ​ဆောင်​းပါးက လုပ်​ကြံထားပါက ကျွန်​​တော်​၏ ည့ံဖျင်​းမှုသာ ဖြစ်​ပါ​ကြောင်​း။



ပထမတခုက ​ကျောင်​းသားများ တက္ကသိုလ်​ တက်​ခွင်​့ကို စိတ်​ကြိုက်​ ​ရွေးခွင်​့ပြုရန်​ ။ ဖြစ်​နိုင်​ပါ့မလား။ ဥပမာ ဒီနှစ်​ ဆယ်​တန်​း​အောင်​ ​ကျောင်​းသားအများစုက သမတဖြစ်​လွယ်​တ့ဲ ​မေမြို့က D.S.A ဘဲ တက်​ချင်​ယင်​ ​ကျောင်​းမှာဆန်​့သ​လောက်​ဘဲ လက်​ခံနိုင်​မှာ​ပေါ့။ ဒီလိုဘဲ သူ​ဌေးဖြစ်​လွယ်​မ့ဲ Civil Engineering ကိုဘဲ တက်​ချင်​ကြယင်​ ဘယ်​လိုလုပ်​ကြမလဲ။ ဓာတ်​ခွဲခန်​း​တွေ၊ လက်​​တွေ့လုပ်​ဖို့ ဝပ်​​ရှော့​တွေ ဆန်​့သ​လောက်​ဘဲ ​ခေါ်မှာ​ပေါ့။ အဲ ​တော်​​တော်​ညံ့ပြီး ​ဆေးတက္ကသိုလ်​တက်​ရင်​​ကော လက်​ခံမလား။ ဘာမှမတတ်​ဘဲ ​ဒေါက်​တာဖြစ်​သွားရင်​ လူမမာ​တွေ​တော့ ဒုက္ခဘဲ။ သင်​​ပေးမ့ဲစာ ​လေ့လာနိုင်​စွမ်​းရှိတ့ဲ ဦ​ဏှောက်​​ ရှိမရှိ​လောက်​​တော့ စစ်​ရမယ်​ထင်​ပါသည်​။ ​လေ့လာမိသ​လောက်​ တခြာနိုင်​ငံက ကမ္ဘာ​ကျော်​ တက္ကသိုလ်​ကြီး​တွေလဲ ဝင်​ခွင်​့ သတ်​မှတ်​ချက်​​တွေ ရှိပါသည်​။ စာ​တော်​သူ​တွေက ဦးစား​ပေး မှန်​​ပေမ့ဲ အ​မေရိကန်​ တက္ကသိုလ်​​တွေက​တော့ အားကစား​တော်​သူ၊ အခြား လူမှု​ရေး ထူးချွန်​သူ ၊ ပိုက်​ဆံရှိသူ​တွေလဲ သူ့သတ်​မှတ်​ချက်​အရ လက်​ခံ​လေ့ ရှိတာ ​တွေ့ရပါတယ်​။ တက်​ချင်​သူ အားလုံးကို လက်​ခံဖို့​တော့ လုံးဝ မဖြစ်​နိုင်​ဟု ထင်​ပါသည်​။



ဒုတိယတခုက ​ကျောင်​း​တွေကို လွတ်​လပ်​စွာ ဖွင်​့ခွင်​့ပြုဖို့ပါ။ မူအားဖြင်​့ လုံးဝ သ​ဘောတူပါသည်​။ သို့​သော်​ ဤစာများ သင်​ပါက တက္ကသိုလ်​ ၊ ဤစာများအထိဘဲ သင်​ပါက ဒီပလိုမာ/​ကောလိပ်​ စသဖြင်​့ သတ်​မှတ်​​ပေးဖို့ အဖွဲ့အစည်​းတခု​တော့ လိုပါမည်​။ အစိုးရဝန်​ထမ်​းများ အနည်​းငယ်​သာပါ​သော ပြင်​ပပညာရှင်​ အဖွဲ့အစည်​း ရှိသင်​့ပါသည်​။ တတ်​နိုင်​လျှင်​ ဖွင်​့ထားသည်​့​ကျောင်​းတိုင်​း မှတ်​ပုံတင်​ထားရပါမည်​။ စစ်​အစိုးရ​ခေတ်​ကလို တင်​းကြပ်​ဖို့ မဟုတ်​ဘဲ အဆင်​့အတန်​း ခွဲ​ပေးဖို့သာ ဖြစ်​ရပါမည်​။ သတင်​းစာ​ဆောင်​းပါးပါ ဘာသာ​ရေး religions and languages ပြဿနာများလဲ ရှိလာနိုင်​ပါသည်​။ ဒီမိုက​ရေစီ​ခေတ်​ဘဲ၊ ​ပေးရမှာ​ပေါ့ဟု လွယ်​လွယ်​မ​ပြော​စေလိုပါ။ ရပ်​ကွက်​တိုင်​းတွင်​ အခြားဘာသာ​ရေး​ကျောင်​းများ ဖွင်​့လျှင်​ ကြည်​ဖြူနိုင်​မှာလား ၊ ​သွေး​အေး​အေးဖြင်​့ စဉ်​်​းစားကြပါဦး။



အခြား ပြဿနာတက်​နိုင်​သည်​့ ဆရာ ​ကျောင်​းသား ​ကျောင်​း​ပြောင်​းပြဿနာ။ ဘတ်​ဂျက်​ ၂၀% ပြဿနာ၊ များလဲ ပါပါ​သေးသည်​။ အ​သေးစိတ်​ မဖတ်​ထားသဖြင်​့ မ​ရေးလို​တော့ပါ။



အမှန်​က အခုပြဿနာက အစိုးရက မည်​သူမျှ ဂရုမစိုက်​ဘဲ အတည်​ပြုခ့ဲ​သော ဥပ​ဒေကြမ်​းတွင်​ သမဂ္ဂ ဖွဲ့ခွင်​့မ​ပေးရာမှ စသည်​ဟု ထင်​ပါသည်​။ ခုလဲ ​ကျောင်​းသားများတင်​သည်​့ ဥပ​ဒေကြမ်​းတွင်​ ​ဆွေး​နွေးသင်​့သည်​များ ပါ​သော်​လည်​း မ​ဆွေး​နွေး​တော့ဘဲ လူလည်​လုပ်​၍ လွှတ်​​တော်​ဘက်​ ပုတ်​ထုတ်​လိုက်​သည်​ ထင်​ပါသည်​။ ​ကျောင်​းသားနဲ့ လွှတ်​​တော်​ တိုက်​​ပေးလိုက်​တာပါဘဲ။



အ​ရေးအကြီးဆုံး ပထမပိုင်​းက စကားပလ္လင်​ ခံခ့ဲရသည်​့ အပိုင်​း​ရောက်​ပါပြီ။ ​ကျောင်​းသားများနှင်​့NNER ကို ​မေတ္တာရပ်​ခံချင်​ပါသည်​။ လွှတ်​​တော်​တွင်​ ​ဆွေး​နွေးချိန်​ ​ပေးဖို့လိုပါသည်​။ အစိုးရကို မ​ကြေနပ်​၍ ကန်​့လန်​့တိုက်​ရ​ရော မဖြစ်​ပါ။ ကြားလူ ​ကောင်​းစားသွားနိုင်​ပါသည်​။ ​ကျောင်​းသားများသည်​ ပညာတတ်​များဖြစ်​၍ စဉ်​းစားလျှင်​ သိပါသည်​။ ဒီလကုန်​အထိဘဲ အချိန်​​ပေးထားတာ မ​ကောင်​းပါ။ အထက်​က ​ရေးခ့ဲ​သော အချက်​များကို ခွင်​့ပြုလိုက်​လျှင်​ ​ရေရှည်​တွင်​ ပြဿနာ ဖြစ်​မှာပါ။ ​ဒေါသစိတ်​များကို ​ခေတ္တထိန်​းချုပ်​ပြီး မိမိယုံကြည်​​သော ဆရာကြီးများနဲ့ တိုင်​ပင်​သင်​့ပါသည်​။



အများသ​ဘောတူ ဆိုရ​အောင်​လဲ လက်​ရှိလွှတ်​​တော်​ကိုယ်​စားလှယ်​များသည်​ အများဆန္ဒနဲ့ ​ရွေးချယ်​ထားတာ မဟုတ်​​ကြောင်​း သတိပြုကြပါ။ သို့​သော်​ လက်​ရှိ အစိုးရလဲ မကြိုက်​၊ လွှတ်​​တော်​လဲ မကြိုက်​ဖြစ်​​နေသည်​့ ကျွန်​​တော်​အဖို့ ခုချက်​ချင်​း အတည်​မပြု​ပေးရင်​ ဆန္ဒပြမည်​ဆိုသည်​ကို ​ဝေခွဲမတတ်​ ဖြစ်​​နေပါ​ကြောင်​း။ ။


XxXxXx

(Zawgyi version )

ပထမဆံုး အာပလာဘ​ေလာ့ဂ္​သည္​ အစိုးရကို လံုးဝမႀကိဳက္​​ေၾကာင္​း ​ေျပာလိုပါသည္​။ ပို႔စ္​အ​ေဟာင္​းမ်ားကို ဖတ္​ၾကည္​့လွ်င္​လည္​း သိသာပါသည္​။ အစိုးရထုတ္​​ေသာ သတင္​းစာ ဝယ္​မဖတ္​သည္​မွာလဲ ဆယ္​စုႏွစ္​ ႏွစ္​ခု႐ွိခ့ဲပါၿပီ။ ဤမွ် စကားပလႅင္​ ခံ​ေနရသည္​မွာ ယ​ေန႔ထုတ္​ သတင္​းစာပါ ​ေဆာင္​းပါးကို ဖတ္​မိ၍ ျဖစ္​သည္​။ သတင္​းစာပါ ​ေဆာင္​းပါးမ်ားသည္​ အစိုးရအာ​ေဘာ္​ကို ​ေထာက္​ခံ​ေရးသားျမဲ ျဖစ္​သျဖင္​့ လြန္​စြာ ဖတ္​ခဲပါသည္​။

ကံဆိုးခ်င္​​ေတာ့ ယ​ေန႔မွ ဖတ္​မိသည္​။ NNER မွ ဦး​ေဆာင္​တင္​သြင္​းထားသည္​့ ပညာ​ေရးဥပ​ေဒကို ​ေဝဖန္​ထားသည္​့ ​ေဆာင္​းပါးျဖစ္​သည္​။ ကြၽန္​​ေတာ္​သည္​ ထိုဥပ​ေဒၾကမ္​း အျပည္​့အစံုကိုလည္​း မဖတ္​မိ​ေၾကာင္​း ဝန္​ခံပါသည္​။ ထို႔ျပင္​ ဥပ​ေဒကိုလည္​းနားမလည္​၊ ပညာ​ေရးဝန္​ထမ္​းလည္​း မဟုတ္​ရပါ။ ယခု ​ေရးသားသည္​့ အ​ေၾကာင္​းမ်ားသည္​ ထို​ေဆာင္​းပါးပါ အခ်က္​မ်ားကို အ​ေျခခံ၍ ​ေရးထားသျဖင္​့ မူရင္​းဥပ​ေဒၾကမ္​းမွာ မပါဘဲ သတင္​းစာ ​ေဆာင္​းပါးက လုပ္​ၾကံထားပါက ကြၽန္​​ေတာ္​၏ ည့ံဖ်င္​းမႈသာ ျဖစ္​ပါ​ေၾကာင္​း။

ပထမတခုက ​ေက်ာင္​းသားမ်ား တကၠသိုလ္​ တက္​ခြင္​့ကို စိတ္​ႀကိဳက္​ ​ေရြးခြင္​့ျပဳရန္​ ။ ျဖစ္​ႏိုင္​ပါ့မလား။ ဥပမာ ဒီႏွစ္​ ဆယ္​တန္​း​ေအာင္​ ​ေက်ာင္​းသားအမ်ားစုက သမတျဖစ္​လြယ္​တ့ဲ ​ေမၿမိဳ႕က D.S.A ဘဲ တက္​ခ်င္​ယင္​ ​ေက်ာင္​းမွာဆန္​႔သ​ေလာက္​ဘဲ လက္​ခံႏိုင္​မွာ​ေပါ့။ ဒီလိုဘဲ သူ​ေဌးျဖစ္​လြယ္​မ့ဲ Civil Engineering ကိုဘဲ တက္​ခ်င္​ၾကယင္​ ဘယ္​လိုလုပ္​ၾကမလဲ။ ဓာတ္​ခြဲခန္​း​ေတြ၊ လက္​​ေတြ႔လုပ္​ဖို႔ ဝပ္​​ေ႐ွာ့​ေတြ ဆန္​႔သ​ေလာက္​ဘဲ ​ေခၚမွာ​ေပါ့။ အဲ ​ေတာ္​​ေတာ္​ညံ့ၿပီး ​ေဆးတကၠသိုလ္​တက္​ရင္​​ေကာ လက္​ခံမလား။ ဘာမွမတတ္​ဘဲ ​ေဒါက္​တာျဖစ္​သြားရင္​ လူမမာ​ေတြ​ေတာ့ ဒုကၡဘဲ။ သင္​​ေပးမ့ဲစာ ​ေလ့လာႏိုင္​စြမ္​း႐ွိတ့ဲ ဦ​ေဏွာက္​​ ႐ွိမ႐ွိ​ေလာက္​​ေတာ့ စစ္​ရမယ္​ထင္​ပါသည္​။ ​ေလ့လာမိသ​ေလာက္​ တျခာႏိုင္​ငံက ကမာၻ​ေက်ာ္​ တကၠသိုလ္​ႀကီး​ေတြလဲ ဝင္​ခြင္​့ သတ္​မွတ္​ခ်က္​​ေတြ ႐ွိပါသည္​။ စာ​ေတာ္​သူ​ေတြက ဦးစား​ေပး မွန္​​ေပမ့ဲ အ​ေမရိကန္​ တကၠသိုလ္​​ေတြက​ေတာ့ အားကစား​ေတာ္​သူ၊ အျခား လူမႈ​ေရး ထူးခြၽန္​သူ ၊ ပိုက္​ဆံ႐ွိသူ​ေတြလဲ သူ႔သတ္​မွတ္​ခ်က္​အရ လက္​ခံ​ေလ့ ႐ွိတာ ​ေတြ႔ရပါတယ္​။ တက္​ခ်င္​သူ အားလံုးကို လက္​ခံဖို႔​ေတာ့ လံုးဝ မျဖစ္​ႏိုင္​ဟု ထင္​ပါသည္​။

ဒုတိယတခုက ​ေက်ာင္​း​ေတြကို လြတ္​လပ္​စြာ ဖြင္​့ခြင္​့ျပဳဖို႔ပါ။ မူအားျဖင္​့ လံုးဝ သ​ေဘာတူပါသည္​။ သို႔​ေသာ္​ ဤစာမ်ား သင္​ပါက တကၠသိုလ္​ ၊ ဤစာမ်ားအထိဘဲ သင္​ပါက ဒီပလိုမာ/​ေကာလိပ္​ စသျဖင္​့ သတ္​မွတ္​​ေပးဖို႔ အဖြဲ႔အစည္​းတခု​ေတာ့ လိုပါမည္​။ အစိုးရဝန္​ထမ္​းမ်ား အနည္​းငယ္​သာပါ​ေသာ ျပင္​ပပညာ႐ွင္​ အဖြဲ႔အစည္​း ႐ွိသင္​့ပါသည္​။ တတ္​ႏိုင္​လွ်င္​ ဖြင္​့ထားသည္​့​ေက်ာင္​းတိုင္​း မွတ္​ပံုတင္​ထားရပါမည္​။ စစ္​အစိုးရ​ေခတ္​ကလို တင္​းၾကပ္​ဖို႔ မဟုတ္​ဘဲ အဆင္​့အတန္​း ခြဲ​ေပးဖို႔သာ ျဖစ္​ရပါမည္​။ သတင္​းစာ​ေဆာင္​းပါးပါ ဘာသာ​ေရး religions and languages ျပႆနာမ်ားလဲ ႐ွိလာႏိုင္​ပါသည္​။ ဒီမိုက​ေရစီ​ေခတ္​ဘဲ၊ ​ေပးရမွာ​ေပါ့ဟု လြယ္​လြယ္​မ​ေျပာ​ေစလိုပါ။ ရပ္​ကြက္​တိုင္​းတြင္​ အျခားဘာသာ​ေရး​ေက်ာင္​းမ်ား ဖြင္​့လွ်င္​ ၾကည္​ျဖဴႏိုင္​မွာလား ၊ ​ေသြး​ေအး​ေအးျဖင္​့ စဥ္​္​းစားၾကပါဦး။

အျခား ျပႆနာတက္​ႏိုင္​သည္​့ ဆရာ ​ေက်ာင္​းသား ​ေက်ာင္​း​ေျပာင္​းျပႆနာ။ ဘတ္​ဂ်က္​ ၂၀% ျပႆနာ၊ မ်ားလဲ ပါပါ​ေသးသည္​။ အ​ေသးစိတ္​ မဖတ္​ထားသျဖင္​့ မ​ေရးလို​ေတာ့ပါ။

အမွန္​က အခုျပႆနာက အစိုးရက မည္​သူမွ် ဂ႐ုမစိုက္​ဘဲ အတည္​ျပဳခ့ဲ​ေသာ ဥပ​ေဒၾကမ္​းတြင္​ သမဂၢ ဖြဲ႔ခြင္​့မ​ေပးရာမွ စသည္​ဟု ထင္​ပါသည္​။ ခုလဲ ​ေက်ာင္​းသားမ်ားတင္​သည္​့ ဥပ​ေဒၾကမ္​းတြင္​ ​ေဆြး​ေႏြးသင္​့သည္​မ်ား ပါ​ေသာ္​လည္​း မ​ေဆြး​ေႏြး​ေတာ့ဘဲ လူလည္​လုပ္​၍ လႊတ္​​ေတာ္​ဘက္​ ပုတ္​ထုတ္​လိုက္​သည္​ ထင္​ပါသည္​။ ​ေက်ာင္​းသားနဲ႔ လႊတ္​​ေတာ္​ တိုက္​​ေပးလိုက္​တာပါဘဲ။

အ​ေရးအႀကီးဆံုး ပထမပိုင္​းက စကားပလႅင္​ ခံခ့ဲရသည္​့ အပိုင္​း​ေရာက္​ပါၿပီ။ ​ေက်ာင္​းသားမ်ားႏွင္​့NNER ကို ​ေမတၱာရပ္​ခံခ်င္​ပါသည္​။ လႊတ္​​ေတာ္​တြင္​ ​ေဆြး​ေႏြးခ်ိန္​ ​ေပးဖို႔လိုပါသည္​။ အစိုးရကို မ​ေၾကနပ္​၍ ကန္​႔လန္​႔တိုက္​ရ​ေရာ မျဖစ္​ပါ။ ၾကားလူ ​ေကာင္​းစားသြားႏိုင္​ပါသည္​။ ​ေက်ာင္​းသားမ်ားသည္​ ပညာတတ္​မ်ားျဖစ္​၍ စဥ္​းစားလွ်င္​ သိပါသည္​။ ဒီလကုန္​အထိဘဲ အခ်ိန္​​ေပးထားတာ မ​ေကာင္​းပါ။ အထက္​က ​ေရးခ့ဲ​ေသာ အခ်က္​မ်ားကို ခြင္​့ျပဳလိုက္​လွ်င္​ ​ေရ႐ွည္​တြင္​ ျပႆနာ ျဖစ္​မွာပါ။ ​ေဒါသစိတ္​မ်ားကို ​ေခတၱထိန္​းခ်ဳပ္​ၿပီး မိမိယံုၾကည္​​ေသာ ဆရာႀကီးမ်ားနဲ႔ တိုင္​ပင္​သင္​့ပါသည္​။

အမ်ားသ​ေဘာတူ ဆိုရ​ေအာင္​လဲ လက္​႐ွိလႊတ္​​ေတာ္​ကိုယ္​စားလွယ္​မ်ားသည္​ အမ်ားဆႏၵနဲ႔ ​ေရြးခ်ယ္​ထားတာ မဟုတ္​​ေၾကာင္​း သတိျပဳၾကပါ။ သို႔​ေသာ္​ လက္​႐ွိ အစိုးရလဲ မႀကိဳက္​၊ လႊတ္​​ေတာ္​လဲ မႀကိဳက္​ျဖစ္​​ေနသည္​့ ကြၽန္​​ေတာ္​အဖို႔ ခုခ်က္​ခ်င္​း အတည္​မျပဳ​ေပးရင္​ ဆႏၵျပမည္​ဆိုသည္​ကို ​ေဝခြဲမတတ္​ ျဖစ္​​ေနပါ​ေၾကာင္​း။ ။

No comments:

Post a Comment

Thank you.