27 February 2015

နိုဝင်​ဘာမှာ လာမလား၊

(Unicode version )

ပညာရေးဥပဒေ အတွက် ကျောင်းသားများ ဆောင်ရွက်နေပါသည်။ သူတို့တင်ထားသည့် ဥပဒေကြမ်းကို မနက်ဖန် အတည်မပြုပေးပါက ရန်ကုန်သို့ ဆက်ချီတက်မည်ဟု ပြောထားပါသည်။



ကျွန်တော်တဦးတည်း အမြင်ကိုပြောချင်ပါသည်။ ဥပဒေကြမ်းတခုကို လွှတ်တော်တင်လျှင် ကိုယ်စားလှယ်များဆွေးနွေးတာ ပြင်ပပညာရှင်များ စိတ်ပါဝင်စားသူများ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်၊ ကြားနာ၊ နောက်ဆုံးမဲခွဲတာ လက်ရှိ တည်ဆဲ ဥပဒေအတိုင်းသာ ဖြစ်ပါသည်။ အာဏာရှင်နိုင်ငံ မဟုတ်လျှင် ဤအတိုင်းသာ လုပ်ဆောင်ကြပါသည်။



ကျောင်းသားများအနေဖြင့် စောင့်ကြည့်ရန်သာ ရှိပါသည်။ အချိန်ဆွဲနေတာလား၊ မလိုဘဲလုပ်နေတာလား စောင့်ကြည့်ရပါမည်။ လက်ရှိ တည်ဆဲ ဥပဒေအတိုင်းသာ လုပ်ရပါမည်။ လက်ရှိဥပဒေကြီးကို မကြိုက်တာဆိုလျှင်တော့ အရေးကြီးတာကြီးကို အရင်လုပ်သင့်ပါသည်။



ဒါကတော့ လက်ရှိဖွဲ့စည်းပုံကြီးကို ဦးစားပေး၍ ပြင်ဖို့ဘဲ ဖြစ်သည်။ ကျောင်းသားများ ကြိုးပမ်းမှု့ကို အလွယ်တကူ လျှော့ပေးမည် မထင်ပါ။ အချိန်အနည်းငယ်တော့ ကြာမည်ဖြစ်သည်။ ဒီအချိန်အတွင်း ဖွဲ့စည်းပုံပြင်နိုင်ဦးမည် မဟုတ်ဟု ပြောလာပြီဖြစ်သည်။ လွှတ်တော်တွင် ဘတ်ဂျက်ကလဲ အကြိတ်အနယ် အချိန်ယူဦးမှာသေချာသည်။ နိုဝင်ဘာမတိုင်ခင် ဖွဲ့စည်းပုံအတွက် ဆွေးနွေးချိန် မရှိမှာစိုးပါသည်။



ကျောင်းသားများ လက်ငင်းလုပ်နေသည့် ပညာရေးဥပဒေ အောင်မြင်သွားသည် ထားပါ။ လယ်မြေသိမ်းခံထားရသော လယ်သမားများ၊

လုပ်ခ နည်းနည်းနှင့် ကျွန်သာသာ လုပ်နေရသည့် အလုပ်သမားများ၊

ဘာကြောင့်မှန်းမသိ အမိန့်ကြောင့်သာ အသက်စွန့်တိုက်နေရသော စစ်သားများ၊

စစ်ကြောင့် ကျောင်းတက်ဖို့နေနေသာ ပြေးလွှားပုံးရှောင်နေရသော တိုင်းရင်းသားများ

စသည်စသည် များစွာ ရှိနေတာကို သတိပြုစေချင်ပါသည်။ သူတို့အများစု၏ ပြဿနာ အဓိကမှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးဆိုတာကိုတော့ မျက်ခြေမပြတ်သင့်ဟု ထင်ပါသည်။



နိုဝင်ဘာဆိုတာ မဝေးတော့ကြောင်း ကျောင်းသားများ သတိပြုစေလိုပါသည်ခင်ဗျား။

XxXxXx

(Zawgyi version )

ပညာေရးဥပေဒ အတြက္ ေက်ာင္းသားမ်ား ေဆာင္ရြက္ေနပါသည္။ သူတို႔တင္ထားသည့္ ဥပေဒၾကမ္းကို မနက္ဖန္ အတည္မျပဳေပးပါက ရန္ကုန္သို႔ ဆက္ခ်ီတက္မည္ဟု ေျပာထားပါသည္။

ကြၽန္ေတာ္တဦးတည္း အျမင္ကိုေျပာခ်င္ပါသည္။ ဥပေဒၾကမ္းတခုကို လႊတ္ေတာ္တင္လွ်င္ ကိုယ္စားလွယ္မ်ားေဆြးေႏြးတာ ျပင္ပပညာ႐ွင္မ်ား စိတ္ပါဝင္စားသူမ်ား လာေရာက္ေဆြးေႏြးရန္ ဖိတ္ေခၚ၊ ၾကားနာ၊ ေနာက္ဆံုးမဲခြဲတာ လက္႐ွိ တည္ဆဲ ဥပေဒအတိုင္းသာ ျဖစ္ပါသည္။ အာဏာ႐ွင္ႏိုင္ငံ မဟုတ္လွ်င္ ဤအတိုင္းသာ လုပ္ေဆာင္ၾကပါသည္။

ေက်ာင္းသားမ်ားအေနျဖင့္ ေစာင့္ၾကည့္ရန္သာ ႐ွိပါသည္။ အခ်ိန္ဆြဲေနတာလား၊ မလိုဘဲလုပ္ေနတာလား ေစာင့္ၾကည့္ရပါမည္။ လက္႐ွိ တည္ဆဲ ဥပေဒအတိုင္းသာ လုပ္ရပါမည္။ လက္႐ွိဥပေဒႀကီးကို မႀကိဳက္တာဆိုလွ်င္ေတာ့ အေရးႀကီးတာႀကီးကို အရင္လုပ္သင့္ပါသည္။

ဒါကေတာ့ လက္႐ွိဖြဲ႔စည္းပံုႀကီးကို ဦးစားေပး၍ ျပင္ဖို႔ဘဲ ျဖစ္သည္။ ေက်ာင္းသားမ်ား ႀကိဳးပမ္းမႈ့ကို အလြယ္တကူ ေလ်ွာ့ေပးမည္ မထင္ပါ။ အခ်ိန္အနည္းငယ္ေတာ့ ၾကာမည္ျဖစ္သည္။ ဒီအခ်ိန္အတြင္း ဖြဲ႔စည္းပံုျပင္ႏိုင္ဦးမည္ မဟုတ္ဟု ေျပာလာၿပီျဖစ္သည္။ လႊတ္ေတာ္တြင္ ဘတ္ဂ်က္ကလဲ အႀကိတ္အနယ္ အခ်ိန္ယူဦးမွာေသခ်ာသည္။ ႏိုဝင္ဘာမတိုင္ခင္ ဖြဲ႔စည္းပံုအတြက္ ေဆြးေႏြးခ်ိန္ မ႐ွိမွာစိုးပါသည္။

ေက်ာင္းသားမ်ား လက္ငင္းလုပ္ေနသည့္ ပညာေရးဥပေဒ ေအာင္ျမင္သြားသည္ ထားပါ။ လယ္ေျမသိမ္းခံထားရေသာ လယ္သမားမ်ား၊
လုပ္ခ နည္းနည္းႏွင့္ ကြၽန္သာသာ လုပ္ေနရသည့္ အလုပ္သမားမ်ား၊
ဘာေၾကာင့္မွန္းမသိ အမိန္႔ေၾကာင့္သာ အသက္စြန္႔တိုက္ေနရေသာ စစ္သားမ်ား၊
စစ္ေၾကာင့္ ေက်ာင္းတက္ဖို႔ေနေနသာ ေျပးလႊားပံုးေ႐ွာင္ေနရေသာ တိုင္းရင္းသားမ်ား
စသည္စသည္ မ်ားစြာ ႐ွိေနတာကို သတိျပဳေစခ်င္ပါသည္။ သူတို႔အမ်ားစု၏ ျပႆနာ အဓိကမွာ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးဆိုတာကိုေတာ့ မ်က္ေျခမျပတ္သင့္ဟု ထင္ပါသည္။

ႏိုဝင္ဘာဆိုတာ မေဝးေတာ့ေၾကာင္း ေက်ာင္းသားမ်ား သတိျပဳေစလိုပါသည္ခင္ဗ်ား။

No comments:

Post a Comment

Thank you.