28 February 2015

​ကျောင်းသားသပိတ်​ နဲ့ ကွန်​မြူနစ်​

(Unicode version )

ရယ်​စရာ ပါဘဲ။

၁၉၂၀ ​ကျောင်​းသားသပိတ်​ကိုလည်​း ကွန်​မြူနစ်​တံဆိပ်​ ကပ်​ပါတယ်​။ ၁၉၆၂ ​နောက်​ပိုင်​းက​နေ ခုထိ မရိုးနိုင်​တ့ဲ တံဆိပ်​ပါဘဲ။



ကွန်​မြူနစ်​ဝါဒကို ကမ္ဘာမှာ​ရော မြန်​မာမှာပါ လက်​မခံကြ​တော့ပါ။ ကွန်​မြူနစ်​ကြီး​တွေဖြစ်​တ့ဲ တရုပ်​နဲ့ ရုရှား​တောင်​ လုပ်​ချင်​ရာလုပ်​ပြီး အမည်​ခံထားသ​လောက်​ဘဲ ရှိပါ​တော့တယ်​။ မြန်​မာပြည်​သူ အများစုက မကြိုက်​လို့ ​မေ့ထားတာ ကြာပါပြီ။



၁၉၂၀ ကလဲ ​ကျောင်​းသား​တွေ မကြိုက်​တာက အရင်​းရှင်​အစိုးရကိုပါ။ ဒီ​တော့ ဆန်​့ကျင်​ဖက်​ ကွန်​မြူနစ်​ (သို့) ဆိုရှယ်​လစ်​ဝါဒကို သ​ဘောကျတာ သဘာဝကျပါတယ်​။ ​နောက်​ပိုင်​း ကွန်​မြူနစ်​​တွေ ဆိုရှယ်​လစ်​​တွေအဖြစ်​ ကွဲကုန်​ပြီး သင်​ခန်​းစာ ယူစရာ​တွေ ဖြစ်​ခ့ဲပြီးပါပြီ။ ခု​ခေတ်​နဲ့ နှိုင်​းစရာ မလို​တော့သလို ​ခေတ်​​နောက်​ပြန်​ပြီး တံဆိပ်​လဲ မကပ်​သင်​့​တော့ဘူး ထင်​ပါတယ်​။



​နောက်​ ကျွန်​​တော်​ထင်​တ့ဲအချက်​က ဆယ်​​ကျော်​သက်​​တွေ ဘယ်​​ခေတ်​​တွေး​တွေး၊ အ​တွေး​တွေက ရုပ်​ဝါဒီ ဆန်​​နေတတ်​ပါတယ်​။ ကွန်​မြူနစ်​ဝါဒ မဟုတ်​ပါ။ တံဆိပ်​မကပ်​သင်​့ပါ။ ခု လူကြီးဖြစ်​​နေသူတိုင်​း ဆယ်​​ကျော်​သက်​အချိန်​က စဉ်​းစားမိတာ​တွေ ပြန်​​တွေးကြည်​့ပါ။ ရယ်​စရာဖြစ်​​နေပါလိမ်​့မယ်​။ ခု လူငယ်​​တွေ ​နောက်​နှစ်​နှစ်​ဆယ်​ သုံးဆယ်​ကျမှ သ​ဘော​ပေါက်​မှာပါ။ သူတို့ကိုလဲ အဲဒီ​ခေတ်​ ဆယ်​​ကျော်​သက်​​တွေ ဆန္ဒပြ ​နေပါလိမ်​့မယ်​။ ဒါ ပုံမှန်​ပါဘဲ။



လုပ်​သင်​့တာက လူကြီး​တွေ မ​ကောင်​းခ့ဲတာ​တွေကို လူငယ်​​တွေ အတုမခိုး​စေဖို့ပါဘဲ။ အတင်​းအကျပ်​လုပ်​ယင်​ repercussion effects ​တွေ ရကုန်​ပါလိမ်​့မယ်​။ လူငယ်​​တွေကို ထိမ်​းသိမ်​း​ပေးဖို့ဘဲ လိုပါတယ်​။ ​မြောက်​ပင်​့​ပေးတာမျိုး လုံးဝ မလုပ်​သင်​့ပါ။ အစိုးရ မ​ကောင်​းတာ မ​ကောင်​းတာပါ။ ဒီ​ခေတ်​မှာ ​တောခိုပြီး ​တော်​လှန်​ဖို့ လုံးဝစိတ်​ကူး မယဉ်​သင်​့တာ ၈၈မှီလိုက်​သူ​တွေ အားလုံး မှတ်​မိမှာပါ။



လူကြီးဖြစ်​သွားလို့ ​ကြောက်​သွားပြီလို့ စွပ်​စွဲရင်​လဲ ခံရုံပါဘဲ။ အပျက်​ မဖြစ်​​စေချင်​တ့ဲ ​စေတနာဘဲ ရှိပါတယ်​။ လူငယ်​​တွေကိုလဲ စဉ်​းစား ထိန်​းချုပ်​ဖို့ ​မေတ္တာရပ်​ပါတယ်​။ လက်​ရှိ အ​ခြေအ​နေကို ဂိတ်​ဆုံးလို့ သတ်​မှတ်​ခိုင်​းတာ မဟုတ်​ပါ။ မတရား​ပေမ့ဲ နစ်​နာခ့ဲသူ​တွေကို ဒီဘက်​ နှစ်​အစိတ်​မှာ ​တွေ့ခ့ဲဘူးလို့ပါ။



လူငယ်​​တွေဟာ လူမှု​ရေး ဘာသာ​ရေး အ​တွေ့အကြုံ​တွေ ရလာတ့ဲ ​နောက်​နှစ်​နှစ်​ဆယ်​ သုံးဆယ်​​ရောက်​ယင်​ ခုလူကြီး​တွေလို့ အသုံးမကျတ့ဲ လူကြီး​တွေ မဖြစ်​​စေဖို့ ခုကတည်​းက ​မျှော်​မြင်​​တွေး​ခေါ်နိုင်​ပါ​စေလို့ဘဲ ဆု​တောင်​းပါတယ်​။



ဘာ​ကြောင်​့လဲဆို​တော့ မနက်​ဖန်​ကျယင်​ ​ဖေ​ဖော်​ဝါရီလ ၂၈ရက်​​ကျော်​လို့ မတ်​လ တရက်​​ရောက်​​တော့မှာမို့ပါ။

XxXxXx

(Zawgyi version )

ရယ္​စရာ ပါဘဲ။
၁၉၂၀ ​ေက်ာင္​းသားသပိတ္​ကိုလည္​း ကြန္​ျမဴနစ္​တံဆိပ္​ ကပ္​ပါတယ္​။ ၁၉၆၂ ​ေနာက္​ပိုင္​းက​ေန ခုထိ မ႐ိုးႏိုင္​တ့ဲ တံဆိပ္​ပါဘဲ။

ကြန္​ျမဴနစ္​ဝါဒကို ကမာၻမွာ​ေရာ ျမန္​မာမွာပါ လက္​မခံၾက​ေတာ့ပါ။ ကြန္​ျမဴနစ္​ႀကီး​ေတြျဖစ္​တ့ဲ တ႐ုပ္​နဲ႔ ႐ု႐ွား​ေတာင္​ လုပ္​ခ်င္​ရာလုပ္​ၿပီး အမည္​ခံထားသ​ေလာက္​ဘဲ ႐ွိပါ​ေတာ့တယ္​။ ျမန္​မာျပည္​သူ အမ်ားစုက မႀကိဳက္​လို႔ ​ေမ့ထားတာ ၾကာပါၿပီ။

၁၉၂၀ ကလဲ ​ေက်ာင္​းသား​ေတြ မႀကိဳက္​တာက အရင္​း႐ွင္​အစိုးရကိုပါ။ ဒီ​ေတာ့ ဆန္​႔က်င္​ဖက္​ ကြန္​ျမဴနစ္​ (သို႔) ဆို႐ွယ္​လစ္​ဝါဒကို သ​ေဘာက်တာ သဘာဝက်ပါတယ္​။ ​ေနာက္​ပိုင္​း ကြန္​ျမဴနစ္​​ေတြ ဆို႐ွယ္​လစ္​​ေတြအျဖစ္​ ကြဲကုန္​ၿပီး သင္​ခန္​းစာ ယူစရာ​ေတြ ျဖစ္​ခ့ဲၿပီးပါၿပီ။ ခု​ေခတ္​နဲ႔ ႏိႈင္​းစရာ မလို​ေတာ့သလို ​ေခတ္​​ေနာက္​ျပန္​ၿပီး တံဆိပ္​လဲ မကပ္​သင္​့​ေတာ့ဘူး ထင္​ပါတယ္​။

​ေနာက္​ ကြၽန္​​ေတာ္​ထင္​တ့ဲအခ်က္​က ဆယ္​​ေက်ာ္​သက္​​ေတြ ဘယ္​​ေခတ္​​ေတြး​ေတြး၊ အ​ေတြး​ေတြက ႐ုပ္​ဝါဒီ ဆန္​​ေနတတ္​ပါတယ္​။ ကြန္​ျမဴနစ္​ဝါဒ မဟုတ္​ပါ။ တံဆိပ္​မကပ္​သင္​့ပါ။ ခု လူႀကီးျဖစ္​​ေနသူတိုင္​း ဆယ္​​ေက်ာ္​သက္​အခ်ိန္​က စဥ္​းစားမိတာ​ေတြ ျပန္​​ေတြးၾကည္​့ပါ။ ရယ္​စရာျဖစ္​​ေနပါလိမ္​့မယ္​။ ခု လူငယ္​​ေတြ ​ေနာက္​ႏွစ္​ႏွစ္​ဆယ္​ သံုးဆယ္​က်မွ သ​ေဘာ​ေပါက္​မွာပါ။ သူတို႔ကိုလဲ အဲဒီ​ေခတ္​ ဆယ္​​ေက်ာ္​သက္​​ေတြ ဆႏၵျပ ​ေနပါလိမ္​့မယ္​။ ဒါ ပံုမွန္​ပါဘဲ။

လုပ္​သင္​့တာက လူႀကီး​ေတြ မ​ေကာင္​းခ့ဲတာ​ေတြကို လူငယ္​​ေတြ အတုမခိုး​ေစဖို႔ပါဘဲ။ အတင္​းအက်ပ္​လုပ္​ယင္​ repercussion effects ​ေတြ ရကုန္​ပါလိမ္​့မယ္​။ လူငယ္​​ေတြကို ထိမ္​းသိမ္​း​ေပးဖို႔ဘဲ လိုပါတယ္​။ ​ေျမာက္​ပင္​့​ေပးတာမ်ိဳး လံုးဝ မလုပ္​သင္​့ပါ။ အစိုးရ မ​ေကာင္​းတာ မ​ေကာင္​းတာပါ။ ဒီ​ေခတ္​မွာ ​ေတာခိုၿပီး ​ေတာ္​လွန္​ဖို႔ လံုးဝစိတ္​ကူး မယဥ္​သင္​့တာ ၈၈မွီလိုက္​သူ​ေတြ အားလံုး မွတ္​မိမွာပါ။

လူႀကီးျဖစ္​သြားလို႔ ​ေၾကာက္​သြားၿပီလို႔ စြပ္​စြဲရင္​လဲ ခံရံုပါဘဲ။ အပ်က္​ မျဖစ္​​ေစခ်င္​တ့ဲ ​ေစတနာဘဲ ႐ွိပါတယ္​။ လူငယ္​​ေတြကိုလဲ စဥ္​းစား ထိန္​းခ်ဳပ္​ဖို႔ ​ေမတၱာရပ္​ပါတယ္​။ လက္​႐ွိ အ​ေျခအ​ေနကို ဂိတ္​ဆံုးလို႔ သတ္​မွတ္​ခိုင္​းတာ မဟုတ္​ပါ။ မတရား​ေပမ့ဲ နစ္​နာခ့ဲသူ​ေတြကို ဒီဘက္​ ႏွစ္​အစိတ္​မွာ ​ေတြ႔ခ့ဲဘူးလို႔ပါ။

လူငယ္​​ေတြဟာ လူမႈ​ေရး ဘာသာ​ေရး အ​ေတြ႔အၾကံဳ​ေတြ ရလာတ့ဲ ​ေနာက္​ႏွစ္​ႏွစ္​ဆယ္​ သံုးဆယ္​​ေရာက္​ယင္​ ခုလူႀကီး​ေတြလို႔ အသံုးမက်တ့ဲ လူႀကီး​ေတြ မျဖစ္​​ေစဖို႔ ခုကတည္​းက ​ေမွ်ာ္​ျမင္​​ေတြး​ေခၚႏိုင္​ပါ​ေစလို႔ဘဲ ဆု​ေတာင္​းပါတယ္​။

ဘာ​ေၾကာင္​့လဲဆို​ေတာ့ မနက္​ဖန္​က်ယင္​ ​ေဖ​ေဖာ္​ဝါရီလ ၂၈ရက္​​ေက်ာ္​လို႔ မတ္​လ တရက္​​ေရာက္​​ေတာ့မွာမို႔ပါ။ 

No comments:

Post a Comment

Thank you.