23 March 2014
၂၃ ရက်​​နေ့ အ​တွေး
(Unicode version)
ပထမဆုံး​ရေးခ့ဲတ့ဲ စာလို ဘာ​ရေးရမလဲမသိဘူး ဖြစ်​​နေတယ်​။
အဲဒီတုံးက မြန်​မာလို မရိုက်​တတ်​တာက အဓိက ပြဿနာပါ။
ခု​တော့ ဖုန်​းသုံးမြန်​မာစာရိုက်​စံနစ်​က လွယ်​ကူ​တော့ idea ဘဲ လိုပါ​တော့တယ်​။
Idea က facebook.com မှာလဲ တိုန့ံန့ံ​တွေ​ရေး​တော့ မထွက်​​တော့ပါဘူး။
တပတ်​တပတ်​ ​လေးငါး​စောင်​​ရေး​နေသူ​တွေ ဘယ်​လို​တွေးကြပါလိမ်​့။
ဘာမဟုတ်​တ့ဲ အ​ကြောင်​းကို အစာပလာ အ​ဟောင်​း​တွေ​ဖြေ့ပြီး ​ရေ​းနေကြတ့ဲ ​ကော်​လန်​စား​တွေကို ကိုယ်​ချင်​းစာပါတယ်​။
ကိုယ်​က အ​ပျော်​တမ်​း ၊ သူတို့က ပိုက်​ဆံရမှာမို့ အတင်​းညှစ်​​ရေးကြရမှာပါ။
လက်​ရှိ hot item ​တွေဖြစ်​တ့ဲ အ​ခြေခံဥပ​ဒေနဲ့ မျိုး​စောင်​့ဥပ​ဒေ အ​ကြောင်​းကလဲ စိတ်​ကုန်​​နေပါပြီ။
ဒီတပတ်​ မိုးကုတ်​မှာ ​ဒေါ်စု​ပြောသလို ပညာမတတ်​လို့ဘဲလား၊ ​စေတနာမပါလို့လား၊ သတ္တိမရှိလို့လားဘဲ ။
မ​လေးရှား​လေယာဉ်​ #MH370 ကိစ္စက ကိုယ်​မကျွမ်​းကျင်​တ့ဲ ကိစ္စဖြစ်​​နေတယ်​။ ​ဗေဒင်​ အကြားအမြင်​ဆရာ​တွေဆီ အကူအညီ ​တောင်​းသင်​့​နေပါပြီ။
မ​နေ့ညက အာကြီး မရှုမလှ ရှုံးသွားတယ်​ဘဲ ကြားပါတယ်​။ EPL ပွဲ​တွေ ​ကောင်​းကင်​နက်​ကြီး ​မောင်​ပိုင်​စီးလိုက်​ကတည်​းက မကြည်​့ဖြစ်​​တော့ပါဘူး။
ဒီ​နေ့ည ကန်​မ့ဲ EL CLASICO ပွဲမှာလဲ တပွဲ တဂိုးနှုံးသွင်​း​နေတ့ဲ ​မောင်​နှစ်​​ယောက်​ တဂိုးစီ သွင်​းကြဦးမလား ​စောင်​့မကြည်​့နိုင်​ပါ။ ည သိပ်​နက်​တယ်​​လေ။
တပတ်​နှစ်​ရက်​ လွှင်​့​နေတ့ဲ #americanidol ကိုလဲ အားမရပါဘူး၊ ကိုယ်​အား​ပေးလိုက်​တ့ဲသူတိုင်​း ပြုတ်​သွား​နေတယ်​။ အ​မေရိကန်​​တွေ သီချင်​း နားမလည်​တာ​တော့ မဖြစ်​နိုင်​။
စင်​ကာပူ tv channel CNA က​တော့ မြန်​မာပြည်​က အ​ကြောင်​း​တွေ ပိုပြ​နေပါတယ်​။
ဟိုမှာ ​အောက်​​ကြေးနဲ့ လုပ်​​နေရတ့ဲ ​ရွှေမြန်​မာ​တွေ ပို ဂုဏ်​တက်​လာမလား၊ အထင်​​သေးခံရမလား​တော့ မသိပါ။
ကား​မောင်​းပြန်​လာယင်​း သူငယ်​ချင်​း တ​ယောက်​​ပြောတာ ပြန်​သတိရတယ်​။
ကားတစီး သိန်​း ၃၀၀ ​ခေတ်​​လောက်​ ပြန်​​ရောက်​ချင်​စိတ်​​ပေါက်​လာတယ်​တ့ဲ။
ကားမှာ အဲကွန်​း မ​ကောင်​း​ပေမ့ဲ ​မောင်​းရတာ ခုထက်​ စိတ်​ချမ်​းသာပါတယ်​။
TAXI ​တွေ ကား​ရော ​မောင်​းတတ်​ရဲ့လား စစ်​ဖို့ ​ကောင်​းပြီထင်​တယ်​။
​နေက​တော့ ​တော်​​တော်​ ပူ​နေပါပြီ။
ခရမ်​းလွန်​ ​ရောင်​ခြည်​ အ​ကြောင်​း ​နေပူထဲ ​မြေသယ်​​နေတ့ဲသူ​တွေ သွားရှင်​းပြမ့ဲသူ မရှိပါလား၊
​အေး​အေး​ဆေး​ဆေး ချစ်​​ရွှေကြီးနဲ့ ဘီယာ သွား​သောက်​​နေတာဘဲ ​ကောင်​းမယ်​ထင်​တယ်​။
မနက်​ဖန်​လည်​း မ​ရောက်​ချင်​။ မနက်​ဖန်​ မ​ရောက်​​အောင် ဒီည မအိပ်​ဘဲ ​နေမှဖြစ်​​တော့မည်​။
XxXxXx
(Zawgyi version )
ပထမဆုံး​ရေးခဲ့တဲ့ စာလို ဘာ​ရေးရမလဲမသိဘူး ဖြစ်​​နေတယ်​။
Idea က facebook.com မှာလဲ တိုနံ့နံ့​တွေ​ရေး​တော့ မထွက်​​တော့ပါဘူး။
ဘာမဟုတ်​တဲ့ အ​ကြောင်းကို အစာပလာ အ​ဟောင်း​တွေ​ဖြေ့ပြီး ​ရေးနေကြတဲ့ ​ကော်​လန်​စား​တွေကို ကိုယ်​ချင်းစာပါတယ်​။
လက်​ရှိ hot item ​တွေဖြစ်​တဲ့ အ​ခြေခံဥပ​ဒေနဲ့ မျိုး​စောင့်​ဥပ​ဒေ အ​ကြောင်းကလဲ စိတ်​ကုန်​​နေပါပြီ။
ဒီ​နေ့ည ကန်​မဲ့ EL CLASICO ပွဲမှာလဲ တပွဲ တဂိုးနှုံးသွင်း​နေတဲ့ ​မောင်​နှစ်​​ယောက်​ တဂိုးစီ သွင်းကြဦးမလား ​စောင့်​မကြည့်​နိုင်​ပါ။ ည သိပ်​နက်​တယ်​​လေ။
ဟိုမှာ ​အောက်​​ကြေးနဲ့ လုပ်​​နေရတဲ့ ​ရွှေမြန်​မာ​တွေ ပို ဂုဏ်​တက်​လာမလား၊ အထင်​​သေးခံရမလား​တော့ မသိပါ။
ကားတစီး သိန်း ၃၀၀ ​ခေတ်​​လောက်​ ပြန်​​ရောက်​ချင်​စိတ်​​ပေါက်​လာတယ်​တဲ့။
ကားမှာ အဲကွန်း မ​ကောင်း​ပေမဲ့ ​မောင်းရတာ ခုထက်​ စိတ်​ချမ်းသာပါတယ်​။
ခရမ်းလွန်​ ​ရောင်​ခြည်​ အ​ကြောင်း ​နေပူထဲ ​မြေသယ်​​နေတဲ့သူ​တွေ သွားရှင်းပြမဲ့သူ မရှိပါလား၊
No comments:
Post a Comment
Thank you.