16 March 2014
ခင်​၀မ်​း
ဒီအချိန်​ကြီး ခင်​၀မ်​းအ​ကြောင်​း​ရေးလို့ ဘာ​ကြောင်​သွားတာလဲ မထင်​​စေပါ။ ကျွန်​​တော်​့အတွက်​ ခင်​၀မ်​းသီချင်​းများ အမြဲအနီးတွင်​ ရှိ​နေသည်​။ ခင်​၀မ်​းသီချင်​းများ အမြဲ ညီး​နေမိတတ်​သည်​။ ဘာမျှမဆန်​းပါ။ တခါတရံ ခင်​၀မ်​းအ​ကြောင်​းများ ဂျာနယ်​​တွေထဲ ပါလာလျှင်​ ထူးထူး မထူးထူး ​ကြေနပ်​သွားမိပါသည်​။ facebook တွင်​ ခင်​၀မ်​းအ​ကြောင်​း အတို​လေးဖြစ်​​စေ၊ သီချင်​းစာသား​လေး​တွေဖြစ်​​စေ ရံဖန်​ရံခါ ဖတ်​ရလျှင်​ ​ပျော်​ပါသည်​။
သီချင်​းဆိုတ့ဲ ခင်​၀မ်​း နဲ့ ခင်​၀မ်​းရဲ့ သီချင်​း​တွေကို သ​ဘောကျတာ​နော်​။ ပန်​းချီဆွဲတ့ဲ ခင်​၀မ်​းကိုမူ ကျွန်​​တော်​ သိပ်​မသိပါ။ ခင်​၀မ်​းအလွမ်​း​ပြေ၊ အမှတ်​တရ ထုတ်​ထားတ့ဲ '' ခင်​၀မ်​း ၁၉၄၇ - ၂၀၀၀ စာအုပ်​တွင်​ ပန်​းချီဆရာ ခင်​၀မ်​း ကို လွမ်​းသူ ပိုများ​နေသလိုဘဲ။ သီချင်​းဆိုသူ​တွေ မလွမ်​းတတ်​ကြဘူးလား မသိပါ။
​ပြောရဦးမည်​။ ကျွန်​​တော်​ crazy ဖြစ်​တာ ခင်​၀မ်​းပါ။ ​မောင်​ခင်​၀မ်​း မဟုတ်​၊ ကိုခင်​၀မ်​း မဟုတ်​၊ ဦးခင်​၀မ်​း မဟုတ်​ပါ။ ​လေးစားမှု မရှိ၍ မဟုတ်​ရပါ။ နားမလည်​ ငယ်​စဉ်​က ကိုးကွယ်​တယ်​လို့​တောင်​ သုံးခ့ဲဘူး​သေးတာ​လေ။ ခင်​၀မ်​းလို့ ​ခေါ်ရမှ ကြားရမှ အားရသလိုဘဲ။ ရွတ်​ကြည်​့ပါလား။ ခင်​၀မ်​း ၊ ခင်​၀မ်​း ၊ ခင်​၀မ်​း ။ ယုတ်​စွအဆုံး Mr.ခင်​၀မ်​းလဲ မဟုတ်​၊ အင်္လကာ​ကျော်​စွာခင်​၀မ်​းလဲ မဟုတ်​ရ​ကြောင်​းပါ။
ခင်​၀မ်​း၏သီချင်​းများ ​တော်​​တော်​စုံခ့ဲပါသည်​။ ကြီးကြီးကျယ်​ကျယ်​ ဆိုရလျှင်​
်​ မြန်​မာပြည်​ အတွက်​ဆိုလျှင်​ ဧရာ၀တီ၊ ​
ဒေါ်​အောင်​ဆန်​းစုကြည်​အတွက်​ အ​မေ၊
သူ​မွေးရပ်​​မြေအတွက်​ ပြည်​မှာ​ဆောင်​း၊
ရိုးသားကြိုးစား​သောသူ​တွေအတွက်​ မြားဘုရင်​၊
တကယ်​့ မင်​း​နေပြည်​​တော်​မြို့အတွက်​ မန္တ​လေး၊
အလွမ်​းသမားများအတွက်​ သက်​ထား၊ရင်​ခုံသံလှိုင်​း အပါအ၀င်​ သီချင်​း အများအပြား ​ရေးခ့ဲသလိုပါဘဲ။
ကျွန်​​တော်​တဦးတည်​းအတွက်​​တော့ လူပျိုလွမ်​းချင်​း​ပေါ့ဗျာ။
တကယ်​​တော့ ခင်​၀မ်​းသည်​ ခံစားခ့ဲသမျှကို ​ရေးခ့ဲခြင်​းပါ။ မိမိ၏ခံစားချက်​နဲ့ ထပ်​တူကျကျသွား​တော့ ရည်​ရွယ်​ပြီး ​ရေး​ပေးသွားတယ်​ ထင်​မိတယ်​။ မလွန်​​လောက်​ပါဘူး​နော်​။
ခင်​၀မ်​းသက်​ရှင်​ထင်​ရှားရှိ​နေလျှင်​ ဒီမိုက​ရေစီကို ဘယ်​လိုထင်​မလဲ။ နိုင်​ငံ​ရေးဆိုတာကြီးကို စိတ်​၀င်​စားပါ့မလား မသိ။ အနုပညာ ​ပြောင်​​မြောက်​လွန်​းသူ ခင်​၀မ်​း၊ သီချင်​း​တွေထဲမှာ နိုင်​ငံ့ံအ​ရေး​တွေ ဖွက်​​ရေးသွားလားမသိ။ ကျွန်​​တော်​ကသာ ကိုယ်​့ဖီလင်​နှင်​ကိုယ်​ အချစ်​​တွေ ခံစားမိ​နေသလား မသိပါ။ ​ဆောရီ​းနော် ခင်​၀မ်​း။
ဒါ​ပေမ့ဲ *ခင်​၀မ်​း ၁၉၄၇-၂၀၀၀* စာအုပ်​ အဖွင်​့ အတွင်​းစာမျက်​နှာနဲ့ အပိတ်​ အတွင်​းစာမျက်​နှာမှာ ပါတ့ဲ
'' ဖူးပွင်​့လာမ့ဲ မိုး​သောက်​ပန်​းအတွက်​ ဆိုက်​​ရောက်​လာ​တော့မ့ဲ ​ရောင်​နီအတွက်​ အဆင်​သင်​့ပြင်​ထား ​စောင်​့ကြိုစမ်​းကွယ်​ ယုံကြည်​ခြင်​းဟာ ​ပျော်​ရွှင်​ခြင်​းဘဲ ချစ်​ခြင်​း​မေတ္တာ ​အောင်​မြင်​ရမြဲ '' ဆိုတ့ဲ စာသားမျိုး​တွေက​တော့ ဘ၀တခုလုံးအတွက်​ လမ်​းပြလိုက်​သလိုပါဘဲ။
လွမ်​းဖွယ်​ ခင်​၀မ်​း။ ။
2 comments:
  1. ၁၉၇၇ လောက်မှာ ကျနော်တို့ အာ၇တီ တတိကနစ်ကျောင်းသားတွေပေါ့ ညညသမိုင်းဆောင် လမ်းမှာ ထိုင်၇င်း တောခိုဖို့စဉ်းစားတော့ နုတ်ဆက်ခဲ့ပါတယ် သီချင်းက ကျနော်တို့အတွက်လို့ယုံကြည့်ခဲ့တာ..အမေသီချင်းကတော့ ဒေါ်စုမဟုတ်သေးပဲ အမေ အားလုံးကို၇ည်ညွှန်းသလို ဗကပ ဗဟိုကိုညွှန်းနေခဲ့တာပေါ့လေ. ကျနော်ကတော့ မခိုခဲ့ပါဘူး သူငယ်ချင်းအချို့ သာ
    ReplyDelete
  2. ကိုခင်​ဝမ်း အ​ကြောင်း
    စာအုပ်​ရှိရင်​ ဖတ်​ချင်​ပါတယ်​ ။
    ReplyDelete
Thank you.