08 January 2008

ခင်၀မ်း

ခင်၀မ်း

၁၉၇၇ ဆောင်းရာသီတွင် ကျွန်တော် တောင်ကြီးမြို့ သို့ရောက်နေပါသည်။ တောင်ကြီးတန်ဆောင်တိုင် က ထိုစဉ်ကတည်းက အလွန်စည်ပါသည်။ ချမ်းချမ်းအေးအေးထဲတွင် မီးပုံပြန်လွှတ်ပွဲ ကြည့်ရသည်မှာ အရသာပင်။ ထိုအချိန်ကထုံးစံအရ ရန်ပုံငွေအတွက်ဆိုင်များ ဖွင့်ကြသည်မှာ အစီအရီပင်။ တစ်ချို့ဆိုင်များတွင် ကက်ဆက်ဖွင့်ကြသော်လည်း တစ်ချို့ဆိုင်များက တီး၀ိုင်းနှင့်ဖျော်ဖြေကြသည်။ ငွေ တစ်ကျပ်ပေးလွှျှင် သီချင်းတောင်း၍ရသည်။ မိမိရည်ညွှန်းလိုသူကို နာမည်ရေး၍တောင်းကြသည်။
ထိုနှစ်တွင်အများဆုံးတောင်းကြ ၊ ကြားကြသော သီချင်းမှာ နှုတ်ဆက်ခဲ့ပါတယ် ၊ ကွျှန်တော်သွားတော့မယ် ဆိုသောစာသားပင်။ ကွျှန်တော်တည်းသောအိမ်မှာ ဂစ်တာတီးလျှင်၄င်း ၊ ကက်ဆက်ဖွင့်လျှင်၄င်း ဒီသီချင်းသာ ကြားရသည်။ ကြားခါစက ထူးဆန်းသော်လည်း နားမှာမစွဲခဲ့ ။ တဖြည်းဖြည်းနားထောင်ပါများလာသောအခါ သဘောကျလာသည်။ ပထမ အစက ထိုတစ်ပုဒ်သာ သဘောကျခ့ဲရာမှ တစ်ခွေလုံးသဘောကျလာသည်။
သီချင်းဆိုသူမေးသောအခါ ဘယ်သူမှရေရေရာရာ မပြောနိုင်ကြ။ စိုင်းထီးစိုင် ဟုပြောကြသော်လည်း မတူပါ။ ထိုစဉ်ကတေးသံသွင်းဆိုင်များ မှတ်ပုံတင်ရန်လုပ်နေသဖြင့် cover card ဖြင့်လည်းမကူးနိုင်။ မိမိဖာသာ ရေးထားသော ကက်ဆက် cover card များသာရှိသည်။ hitachi cover card ပေါ်တွင်သီချင်းအမည်များ ရေးမှတ်ထားကြရသည်။ ဆိုင်တစ်ဆိုင်မှ cover card တောင်းကြည့်သောအခါ သီဆိုသူနာမည် ရေးမထားပါ။ဘေးတိုက်ပုံကလည်း စိုင်းထီးစိုင်း လိုလို ဘာလိုလို။ series နာမည်က "နှင်းဆီဖြူရဲ့ အေ၀းကလူတယောက်" ၊ တေးဂီတ " သက်တန့်တံတားအဖွဲ့ " ဟုသာဖေါ်ပြထားသည် ။


No comments:

Post a Comment

Thank you.