10 January 2008

Channel News Asia

(Unicode version )

ကျွန်တော်ကြည့်နေကြ CHANNEL NEWS ASIA သတင်းတွင် ကျုးဘားနိုင်ငံတွင် ကက်စထရို၏ ဟာဗားနား ၄၉ နှစ်မြောက်အောင်ပွဲ ကျင်းပသည့်သတင်းကို တွေ့လိုက်ရသည် ။ အောင်ပွဲတ့ဲ ၊ တော်တော်စိတ်ညစ်သွားသည် ။ ကျူဘားနိုင်ငံ ဘယ်လောက်ဆင်းရဲနေ မှန်း တစ်ကမ္တာလုံးသိကြသည် ။ ဒါကိုအတင်းအောင်ပွဲခံနေသေးသည် ။ မိမိအပြစ်ကို မိမိမမြင်ဘဲ အခြားသောသူများကို လက်ညှိုးထိုးနေရ သည်မှာသနားစရာ ။

တချိန်ထဲမှာပင် အခြား ကွန်မြူနစ်တစ်နိုင်ငံ ဖြစ်သော ဗီယက်နမ်နိုင်ငံအကြောင်း သတင်းတစ်ပုဒ်လဲ ကြည့်လိုက်ရပြန်သည် ။ ၂၀၀၇ အတွင်းတွင် ဗီယက်နမ်နိုင်ငံ၌ ကားအစီးရေ အသစ် ရှစ်သောင်း ေကျော်ရောင်းရကြောင်း ၊ ယမန်နှစ်ကထက် ၂ ဆ တိုးတက်လာခ့ဲကြောင်းတွေ့ရသည် ။ ကြီးစွာသော ကွာခြားမှုပင် ။ မိမိအခြေနေကို အမှန်သိမြင်၍ ပြောင်းလဲခ့ဲသဖြင့် ဗီယက််နမ် လမ်းမှန်ပေါ်ရောက်သွားပြီ ။

ကျွန်တော်တို့နိုင်ငံတွင်လည်း ကားများအလွန်ဟောင်းနေပြီ ။ ကားဈေးများကလဲ မယုံကြည်စရာကောင်းနေသည် ။ ဟောင်းသဖြင့် ပြင်ဆင်စားရိတ်လဲ ထောင်းသည်။ ၀ပ်ရှော့ဆရာများ နှင့် ကားပစ္စည်း အဟောင်းရောင်းသော ကုလားများသာ သူဋေးဖြစ်ကြသည် ။ Weekly eleven လိုဂျာနယ်မျိုးက ပုံစံမျိုးစုံဖြင့် ကားအသစ်သွင်းသင့်ကြောင်း ရေးကြသော်လည်း မထူးပါ ။ ယာဉ်ပိတ်ဆို့နိုင်သည် ၊ စက်ချို့ယွင်း၍ အ န္တရယ်ရှိနိုင်သည် ၊ ကားမီးလောင်တာတောင် ကားများဟောင်းလွန်း၍ ဖြစ်ကြောင်း ပုံစံမျိုးစုံရေးကြသော်လည်း မထူးပါ ။ ရေးသူများသာ လက်ပမ်းကျ သွားတော့မည် ။

ဘာကြောင့်ပါလိမ့်ဟု တွေးသော်လည်း ဉာဏ်မမှီပါ ။ အယင်ဘ၀က စီးစရာ ဖိနပ် အသစ်မလှုခ့ဲကြ၍ သာဖြစ်ပါလိမ့်မည် ။ ။

XxXxXx

(Zawgyi version) 

ကြၽန္ေတာ္ၾကည့္ေနၾက CHANNEL NEWS ASIA သတင္းတြင္ က်ဳးဘားနုိင္ငံတြင္ ကက္စထရို၏ ဟာဗားနား ၄၉ နွစ္ေျမာက္ေအာင္ပြဲ က်င္းပသည့္သတင္းကို ေတြ႔လိုက္ရသည္ ။ ေအာင္ပြဲတ့ဲ ၊ ေတာ္ေတာ္စိတ္ညစ္သြားသည္ ။ က်ဴဘားနိုင္ငံ ဘယ္ေလာက္ဆင္းရဲေန မွန္း တစ္ကမၲာလံုးသိၾကသည္ ။ ဒါကိုအတင္းေအာင္ပြဲခံေနေသးသည္ ။ မိမိအျပစ္ကို မိမိမျမင္ဘဲ အျခားေသာသူမ်ားကို လက္ညိွဳးထိုးေနရ သည္မွာသနားစရာ ။
တခ်ိန္ထဲမွာပင္ အျခား ကြန္ျမဴနစ္တစ္နိုင္ငံ ျဖစ္ေသာ ဗီယက္နမ္နိုင္ငံအေၾကာင္း သတင္းတစ္ပုဒ္လဲ ၾကည့္လိုက္ရျပန္သည္ ။ ၂၀၀၇ အတြင္းတြင္ ဗီယက္နမ္နိုင္ငံ၌ ကားအစီးေရ အသစ္ ရွစ္ေသာင္း ေေက်ာ္ေရာင္းရေၾကာင္း ၊ ယမန္နွစ္ကထက္ ၂ ဆ တိုးတက္လာခ့ဲေၾကာင္းေတြ႕ရသည္ ။ ၾကီးစြာေသာ ကြာျခားမႈပင္ ။ မိမိအေျခေနကို အမွန္သိျမင္၍ ေျပာင္းလဲခ့ဲသျဖင့္ ဗီယက္္နမ္ လမ္းမွန္ေပၚေရာက္သြားျပီ ။
ကြၽန္ေတာ္တို႔နိုင္ငံတြင္လည္း ကားမ်ားအလြန္ေဟာင္းေနျပီ ။ ကားေစ်းမ်ားကလဲ မယံုၾကည္စရာေကာင္းေနသည္ ။ ေဟာင္းသျဖင့္ ျပင္ဆင္စားရိတ္လဲ ေထာင္းသည္။ ၀ပ္ေရွာ့ဆရာမ်ား နွင့္ ကားပစၥည္း အေဟာင္းေရာင္းေသာ ကုလားမ်ားသာ သူေဋးျဖစ္ၾကသည္ ။ Weekly eleven လိုဂ်ာနယ္မ်ိဳးက ပံုစံမ်ိဳးစံုျဖင့္ ကားအသစ္သြင္းသင့္ေၾကာင္း ေရးၾကေသာ္လည္း မထူးပါ ။ ယာဥ္ပိတ္ဆို႔နိုင္သည္ ၊ စက္ခ်ိဳ႕ယြင္း၍ အ ႏၲရယ္ရွိႏိုင္သည္ ၊ ကားမီးေလာင္တာေတာင္ ကားမ်ားေဟာင္းလြန္း၍ ျဖစ္ေၾကာင္း ပံုစံမ်ိဳးစံုေရးၾကေသာ္လည္း မထူးပါ ။ ေရးသူမ်ားသာ လက္ပမ္းက် သြားေတာ့မည္ ။
ဘာေၾကာင့္ပါလိမ့္ဟု ေတြးေသာ္လည္း ဥာဏ္မမွီပါ ။ အယင္ဘ၀က စီးစရာ ဖိနပ္ အသစ္မလႈခ့ဲၾက၍ သာျဖစ္ပါလိမ့္မည္ ။

No comments:

Post a Comment

Thank you.