23 December 2007

thai polled

ဒီနေ့ ယိုးဒယားမှာ မဲ ထည့်နေကြပြီ ။ အာဏာသိမ်းပြီး မကြာခင်မှာဘဲ ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးစွဲပြီး မဲပေးနေကြပြီ။
ဘီဘီစီ သတင်း မှာဖတ်လိုက်ရပါတယ် ။ ကျွှန်တော်တို့  ကျမှ ဘာလို့ ကြာနေရသလဲ မသိပါဘူး ။ သူတို့ ဆီမှာ တိုင်းရင်းသား ၁၃၅ မျိုးမရှိ လို့ နဲ့ တူပါတယ် ။ သူတို့ ဆီမှာ လဲ အာဏာသိမ်းတာ ၇၅ နှစ်အတွင်း ၁၈ ကြိမ်ရှိပြီလို့ ဆိုပါတယ် ။ ကျွန်တော်တို့ တိုင်းပြည်မှာ ပညာတတ် နဲ လီု့ လား ။ အရိုင်း အစိုင်း များလို့ လား မသိပါဘူး ။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ခါရေးတာ ၁၅ နှစ်ရှိပြီ မပြီးသေးပါဘူး ။ နောက်မကြာခင်ပြီးကောင်းပါရဲ့  ။
သတင်းတွေ အရ အယင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့  ပါတီ အခြေအနေ ကောင်းနိုင်ပါတယ် ။ စစ်ဗိုလ်ချုပ်ကြီးတွေ မကြိုက်ပေမဲ့ ပြည်သူကြိုက်ယင် နိုင်နိုင်ပါတယ် ။ ဒါပေမဲ့ မကြေနပ်လို့  အာဏာထပ်သိမ်းယင်တော့ မသိဘူးပေါ့ ။
BANGKOK POST သတင်းစာခေါင်းကြီးပိုင်း ကလဲ "စစ်တပ်တကယ်ကို စစ်တန်းလျှားပြန်သွားပြီး တနည်းနည်း နဲ့ မှအစီုးရ ကိုထိန်းချုပ်မှု မရှိယင်ကောင်းမယ်" လို့ ဆုတောင်း ထားပါတယ် ။ ။

No comments:

Post a Comment

Thank you.