04 December 2007
ကျွန်တော်နဲ့ သုံးလုံး
(Unicode version)
ဒီအပါတ်ထဲမှာ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး နဲ ့ကျွန်တော် အလုပ်ရှုပ်နေပါတယ် ။ ဒီကောင်နာချင် ပြန်ပြီထင်တယ် လို ့ ့မတွေးကြပါနဲ ့ဦး ။ ပြီးခဲ့တဲ့ ရက်အနည်းငယ် ကဘဲမောင်ဖွတ် က သူ ့သွေးပေါင်ချိန်စက် ပျက်လို ့ပြင်ခိုင်းပါတယ် ။ ပြင်ပြီးလို ့ပြန်ပေးယင်း စက်စမ်းတဲ့အနေနဲ ့ ချိန်ကြည့်တော့ ၁၈၀ - ၁၂၀ ဖြစ်နေတယ် ။ စက်မမှန် ဘူးလို ့ဘဲ ထင်ခဲ့တာပါ ။ 
အိမ်ရောက် မှချိန်ကြည့်တော့ ၁၇၀ - ၁၁၀ ဖြစ်နေတယ် ။ ခေါင်းထဲမှာ ငြီးစီးစီး ဖြစ်နေဒါ ဒင်းကြောင့်မှန်း ခုမှသတိထားမိတယ် ။ ဒါနဲ ့ဘဲ သွေးကျဆေး စသောက်ရတယ် ။ ဟိုကောင် မောင်ဖွတ် သိ၇င်ပျော်နေဦးမယ် ။ 
နောက်တစ်ခါ ဒီတစ်ပါတ်ထဲ အေးလာပြန်တော့ အအေးမိပြီး အဆုတ်ပွ ချွဲကျပ်ပြန် တယ် ။ ဒီတော့ ဆေးသောက်ရပြန်ရောလေ ။ သူ ့အတွက် က နှစ်မျိူးသောက်ရတယ် ။
ခုဆို မနက်တိုင်း သွေးကျဆေး Amlong က တစ်လုံး ။ အအေးမိ ချောင်းဆိုးအတွက် က Solven က နှစ်လုံး ၊ Fluza က သုံးလုံး နေ ့တိုင်းသောက်နေရပါတယ် ။ ဆေးသုံးမျိုးနဲ ့ ရှုပ်နေတာပါဘဲဗျာ ။ တစ်လုံး နှစ်လုံး နဲ ့ရှုပ်နေတယ်ဆိုတာ ဒါကိုပြောတာပါ ။
တကယ်ကတော့ စနေ နံ ၀င်ခါနီးလီု ကျန်းမာရေး ည့ံတာ ့ဖြစ်မှာပါ ။ ဘာဘဲဖြစ်ဖြစ်လေ
ဖြည်းဖြည်းလာပါ အိုဇရာ ။ ။
XxXxXx
(Zawgyi version )
တကယ်ကတော့ စနေ နံ ၀င်ခါနီးလီု ကျန်းမာရေး ညံ့တာ့ ဖြစ်မှာပါ ။ ဘာဘဲဖြစ်ဖြစ်လေ
No comments:
Post a Comment
Thank you.