21 December 2007

LETTER TO EDITOR


ဒီတစ်ပါတ်ထွက်တဲ့ VOICE ဂျာနယ် [ vol:4.No.9 ] ကို ဖတ်ပြီးတော့ရေးပါတယ် ။ VOICE ဂျာနယ်ကို အားကစားဂျာနယ် မဟုတ်ပေမဲ့ ပုံမှန်ဖတ်ဖြစ်ခဲ့တာကြာပါပြီ ။ အကြောင်းအရာဆန်းသစ်လို့ ၊ အတွေးအခေါ် ထူးခြားလို့  ဖတ်ဖြစ်ပါတယ် ။ များသောအားဖြင့် အခြားဂျာနယ်တွေက သတင်းသာပေးနိုင်လို့ ပါ ။ခုတော့သူတို့  ပေးတဲ့အတွေးကြောင့် VOICE ကို စိတ်ကုန်သွားပါပြီ ။
တကယ်တော့ လွန်ခဲ့တဲ့ နှစ်လခန့် က သခင်တင်မြရဲ့  ဗိုလ်ချုပ် နဲ့ အမှားတော်ပုံ ဆောင်းပါးဖတ်မိကတည်းက
နောက်ထပ် မဖတ်ဖြစ် တော့ပါဘူး ။ကွယ်လွန်ပြီး မရှိတော့တဲ့ တိုင်းပြည် ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘာအကြောင်းကြောင့်နဲ့  မှ မလေးမစားမရေးသင့်ပါဘူး ။ သူကမွေးခဲ့တဲ့ သားသမီးတွေကို မကြိုက်ယင်တောင် သူ ကိုမထိသင့်ပါဘူး ။ ဗိုလ်ချုပ်ဟာ ရိုးရိုး ခေါင်းဆောင်တောင်မဟုတ်ပါဘူး ။ တိုင်းပြည်လွတ်လပ်ရေးရဲ့  ဖခင် ၊ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ အာဇာနည် လဲဖြစ်ပါတယ် ။ ဒီလိုခေါင်းဆောင်မျိုးကို ထိခိုက်နိုင်တဲ့ ဆောင်းပါးဖေါ်ပြတာ မကြိုက်လို့ မဖတ်တော့တာပါ ။ နောက်မှ ကွန်မြူနစ်ြပြီပီ စကားလုံးလေးကပ်ပြီး ဖြေရှင်းနေတာလဲ လုံးဝ အသုံးမကြပါဘူး ။ ဒါဟာ ကလေးကလား အလုပ်လဲ မဟုတ်ပါ ။ နိုင်ငံရေးလည့်စားစရာလဲ မဟုတ်ပါ ။

EDITOR အဖွဲ့ ကလဲအသုံးမကျပါ ။ လျှပ်တပြက် မှ မြတ်ခိုင် က နဲနဲကဲပြတာနဲ့  အားကျပြီး လိုက်လုပ်တာ လုံးဝလူရွေးမှားပါတယ် ။ ကိုယ့်လိုင်းလဲမဟုတ်ပါဘူး ။ စ ကတည်းက မလုံမလဲနဲ့ အခြားဆောင်းပါးနဲ့  ကာထားတာကိုက သိသာပါတယ် ။ မြတ်ခိုင် အားကျ ၊ စာမူတောင်းပြီးကာမှ အားနာနာနဲ့  ထဲ့ရတော့မှာမို့  ကာရေးတဲ့ဆောင်းပါးပါ တွဲထဲ့တယ်လေ ။ ဘယ်လောက် အသုံးမကျလဲဆိုတာ ။

စိတ်ကုန်ပြီးမဖတ်ဖြစ်တော့ ကြားထဲကအဖြစ်အပျက်တွေ ၊ ပြန်အရေးခံရတာတွေ မသိခဲ့ပါဘူး ။ ခု နှစ်လလောက်အကြာ VOICE ကိုပြန်ဖတ်ချိန်မှာ တော်တော်ရှင်းနေရတာ တွေ့ ရပါတယ် ။ ဒီတစ်ပါတ်ရေးထားတဲ့ ဆောင်းပါးကတော့ အဆိုးဆုံးပါဘဲ ။ စာဖတ်သူတစ်ဦးဆိုတာ EDITOR အဖွဲ့  အာဘော်ပါဘဲ ။ VOICE မှာ လေ့လာသူတစ်ဦးတို့ ၊ စာဖတ်သူတစ်ဦးတို့  ဆိုပြီးရေးတဲ့ဆောင်းပါးတွေနဲ့  သတင်းတွေဟာ တခါတရံ အယ်ဒီတာအာဘော် နဲ့  IDEA သာမက စကားလုံးကအစ တူတတ်ပါတယ် ။ ဒါကြောင့် အယ်ဒီတာအာဘော် လို့  ယူဆတာပါ ။ ဘာမှမလုပ်နိုင်တဲ့ ရေမြွေကို ဘာကြောင့် ၀ိုင်းထိုးချင်ကြတာလဲတဲ့ ။ ရှင်းပါတယ် ၊ ရေမြွေအို ကိုယ့်နေရာကိုယ်မနေဘဲ အမောက်ထောင်ပြလိုပြ ၊ မြွေပွေးလို လုပ်ပြလုပ်နေတာကိုး ။ တုတ်နဲ့  ထိုးသူတွေ အပြစ်မရှိပါ ၊ ကျွန်တော်သာဆိုရိုက်သတ်ပါတယ် ။ ဒီနေရာမှာ ကျွန်တော်အမြင်တစ်ခု ပြောချင်ပါတယ် ။ ရိုးသားစွာမှားခဲ့သူကိုလဲ ခွင့်မလွှတ်သင့်ပါဘူး၊ခွင့်လွှတ်ယင်တောင် မသုံးသင့်တော့ပါ ။ အခုလက်ရှိလူတွေလဲ ၇ည်ရွယ်ချက်နဲ့  မှားလုပ်နေတဲ့သူ တစ်ယောက်မှမရှိပါ ။ နောင်တစ်ချိန်ကြမှ ကျွန်တော်တို့ လဲတိုင်းပြည်အတွက် ရိုးရိုးသားသား မှားမိပါတယ် ဆိုပြီးလာကြဦးမယ် ။ ခွင့်လွှတ်သင့်တဲ့ အမှားရှိသလို ခွင့်မလွှတ်သင့်တဲ့ အမှားလဲရှိ တယ်လေ ။ရေးလက်စနဲ့  VOICE ကိုနဲနဲပြောချင်သေးတယ် ။ တာဝန်ယူမှုကို အဓိကထားပြီး ပြောနေသူတွေက အမှားပြင်ဆင်ချက်ကလေးနဲ့  ရှင်းထားတာကိုပါ ။ သီချင်းဆိုသူ (ထူးထူးရဲ့  ၀ိုင်မြစ်ထဲကငါး ) အသစ်မို့ သာပေါ့ ဇော်ဝင်းထွဋ်တို့  ၊ အာဇာနည်တို့ ဆိုဒီလောက်လေးနဲ့  ပြီးပါ့မလား ။ မှားမိတာကို တာဝန်ယူတောင်းပန်သင့်ပါတယ် ။ နိုင်ငံတည်ဆောက်ရေးအတွက် တစ်တပ်တစ်အား လုပ်ဆောင်နေတဲ့ VOICE ဂျာနယ်ရဲ့ သတင်း SOURCE ကိုလဲ အံ့သြမိပါတယ် ။ လမ်းဘေး တရားမ၀င် ခိုးကူးခွေ ရောင်းသူပြောတာရေးမိတာပါတဲ့ ။အံ့သြကုန်နိုင်ဖွယ်ပါဘဲ ။

VOICE နဲ့ ပတ်သက်လို့ ကြားဖူးတာရှိပါတယ် ။ ဘယ်လောက်မှန်လဲတော့ မသိပါဘူး ။ 8 လေးလုံးနှစ်ပတ်လည်တစ်ရက်မှာ R.I.T ပုံထဲ့ချင်တာနဲ့  R.I.T ကို ကြို့ ကုန်းမှာပြန်ဖွင့်တော့မယ် ဆိုတဲ့ သတင်းမှားကြီး ကိစ္စ ပါ ။ ဆောင်းပါးပါ ကာယကံရှင်တွေက သူတို့ မပြောကြောင်းပြောပေမဲ့ ထဲ့ပေးတာမတွေ့  ခဲ့ပါဘူး ။ တာဝန်ယူ တောင်းပန်တာလဲ မတွေ့ ခဲ့ပါဘူး ။ 8 လေးလုံးနေ့ မှာ R.I.T ပုံထဲ့တာဟာ နိုင်ငံရေးအလုပ်လဲ မဟုတ်ပါဘူး ။ ခပ်ချာချာ ရူးနှမ်းနှမ်း နာမည်ကြီးချင်တဲ့ EDITOR အဖွဲ့ ရဲ့ စတန့် အဆင့်သာရှိပါလိမ့်မယ် ။ ဟိုမင်းသားနဲ့  ဟိုမင်းသမီး ၊ ဟိုနေ့ က ဟိုဟာဖြစ်တယ်ဆိုပြီးရေးတဲ့ ဂျာနယ်တွေဘဲ ရေးသင့်တာပါ ။VOICE ဂျာနယ်ကို ကျွန်တော်စိတ်ကုန်သွားပါပြီ ။ VOICE ကိုဖတ်သူလဲ အလွန်ရှားပါတယ် ။ အယင်ဖတ်တုံးကလဲ ကျွန်တော်ဖတ်တာကို အံ့သြတဲ့သူတွေများပါတယ် ။ IDEA ထူးတာတွေပါတတ်လို့  ၊ ကိုယ်ပိုင်မူနဲ့  သဘောမတူတာတွေ ရှိတောင် သည်းခံပြီးဖတ်ခဲ့ပါတယ် ။ ခုတော့ အမေရိကန် STYLE နဲ့  မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ခိုင်းနေတဲ့ EDITOR ကိုလဲစိတ်ကုန်သွားပါပြီ ။ ဤ ဘ၀ အီသွားပါပြီဗျာ ။ ။

P.S. ကွန်မြူနစ်ဝါဒနဲ့ ပါတ်သက်ပြီး အမြင်ပြောရယင် အဲဒီအချိန်ကလူတွေ အရင်းရှင်ကိုဆန့် ကျင်ချင်တဲ့ဇောနဲ့  ယုံခဲ့ကြတာဖြစ်ပါလိမ့်မယ် ။ မဖြစ်နိုင်တာကြီးကို မျက်စိမှိတ် ယုံခဲ့တဲ့သူတွေကို ခုဒီအချိန် ဒီအခြေအနေမှာ ပြန်စဉ်းစားကြည့်တော့ အရူး တွေပါဘဲ ။ လုံးဝကို မသနားသင့်အောင် ရူးခဲ့တဲ့သူတွေပါ ။ ။

No comments:

Post a Comment

Thank you.