08 December 2007

SEA GAME

sea game
ခုချိန်ထိ ကျွန်တော်အမြဲဖတ်လေ့ ရှိတဲ့ဂျာနယ်ကတော့ FirstElevenဂျာနယ်ပါ။ နောက် PremierElevenလဲပါတာပေါ့ ။ WeeklyEleven တောင် weekly မဖတ်ဖြစ်ပါဘူး။FirstEleven ကတော့ စထွက်ကတည်းက ဒီနေ့ အထိလွတ်တာ မရှိသလောက်ပါဘဲ ။ ခရီးသွားမယ်ဆိုယင်တောင် ၀ယ်ခိုင်းထားခဲ့ပြီး ပြန်လာမှ ဖတ်ပါတယ် ။
FirstEleven ဂျာနယ်မှာ အားကစားသတင်းတွေအပြင် ဖတ်လို့  ကောင်းတာ ကတော့ ခင်မောင်ထွေး [ ပျဉ်းမနား ] ရေးတဲ့ ဆောင်းပါးပါ ။ ဒီပုံစံမျိုး ရေးတဲ့သူ မရှိတော့သလောက်ပါဘဲ ။ တစ်ချို့ ပျောက်ကျားရေးတာကလွဲယင် ပုံမှန်ရေးနိုင်သူ ဦးခင်မောင်ထွေးဘဲ ရှိပါတယ် ။
Sea game ကျင်းပခါနီးတိုင်း သူရေးလေ့ရှိတာတစ်ခု ရှိပါတယ် ။ Sea game ကြီးအောင်မြင်ဖို့ အကြောင်းပါ ၊ Sea game ကတဆင့် ဒီဆယ်နိုင်ငံဟာ အာရှအထိလှမ်းနိုင်ဖို့ ရေးလေ့ရှိပါတယ် ၊ Olympic မှာမပါတဲ့ ရိုးရာအားကစားနည်းတွေ ထည့်သုံးတာလဲ ဆု အများဆုံး နိုင်ငံဖြစ်အောင် အိမ်ရှင်နိုင်ငံတွေ လုပ်တာလို့  ဝေဖန်လေ့ရှိပါတယ် ၊ သဘောတူပါတယ်။ သူရေးလေ့ရှိတာ အများစုကို သဘောလဲ ကျ ၊ တူလဲတူပါတယ် ။
ဒါပေမဲ့ တစ်ခါတစ်လေတော့ အံ့သြမိပါတယ် ။ အိမ်ရှင်နိုင်ငံတွေက ပြတဲ့ TV Programတွေဟာ အိမ်ရှင်ပြိုင်တဲ့ပွဲဘဲ ပြတယ် ၊ အခြားနိုင်ငံတွေကလဲ သူတို့ ကစားတဲ့ပွဲဘဲ ပြတယ် ၊ကျန်နိုင်ငံတွေရဲ့  ပွဲတွေမပြဘူးပေါ့ ။ ဒီဆရာကြီး မသိချင်ယောင်ဆောင် ရေးတာဘဲဖြစ် မှာပါ ။ ကိုယ့်နိုင်ငံ ကစားတဲ့ပွဲဘဲ ကိုယ့်နိုင်ငံ TV ကပြမှာပေါ့ ။
အမှန်က မြန်မာပြိုင်တဲ့ပွဲတွေ မကြည့်ရလို့ ဒီအဖိုးကြီး ဒေါသထွက်ရေးတာဖြစ်မှာပါ ။ ရှင်းပါတယ် ၊ မြန်မာပြိုင်တဲ့ပွဲတွေ လွှင့်ဖို့  က မြန်မာ TV တွေမှာတာဝန်ရှိပါတယ် ။ ဘောလုံး ပွဲလောက်ပြတာနဲ့  မပြီးဘဲ သွားပြိုင်သမျှ အချိန်မတိုက်ယင် Live ပြရမယ် ၊ အချိန်တိုက်ယင် Delay ပြရမှာပေါ့ ။
ခုတော့သူများနိုင်ငံ TV ဘဲ လှမ်းကြည့်နေရတယ် ။ သူတို့ နဲ့ မြန်မာများပြိုင် မလားလို့ ပေါ့ ။ ပြိုင်ယင်ကြည့်ရပြီ ။ သူတို့ နိုင်ငံတွေက TV အဖွဲ့ တွေလွှတ်ပြီး Live လွှင့်ကြတာပါ ။ ကိုယ့်နိုင်ငံ ပြိုင်တာဘဲ အဓိကပြတာ သဘာဝကျပါတယ် ။
မြန်မာ ပရိသာတ်ကတော့ ဆုရယင်တောင် သတင်းရဲ့ ဘယ်အချိန်မှာ လွှင့်မယ်မှန်း မသိရတော့  နောက်နေ့ ဂျာနယ်တွေမှာ ပါမှသိရတာပါ ။
ခုရေးနေချိန်မှ စင်ကာပူ TV CNA ကပြတော့ တတိယမြောက် ရွှေ မြန်မာ ရတာတွေ့ ပါတယ် ။ ဘာပြိုင်ပွဲမှာ ဘယ်သူရမှန်းမသိပါဘူး ။ ဆှုဇယားအရသိတာပါ ။ မလောပါနဲ့  ဦးခင်မောင်ထွေး နဲ့  မြန်မာ ပရိသာတ်ကြီးရယ် ။ မနက်ဖန်မနက် ဂျာနယ်တွေ ထွက်တော့
မြန်မာ အမျိုးသားဘောလုံးအသင်း ဆီမီးတက်မတက်နဲ့ အတူ သိရမှာပါဗျာ ။ ။
p.s ။ ။ ဒီနေ့မနက် sea game web ဖတ်ကြည့်တော့ မြန်မာ ရွှေ ၂ ခု ဘဲရတာတွေ့ ပါတယ် ။ စင်ကာပူ CNA ကလွှင့်တာ မှားနေပါတယ် ။ ဘောလုံးပွဲ မှာ ကံကောင်းလို့ မြန်မာ ဆီမီး တက်သွားပါတယ် ။ ။

No comments:

Post a Comment

Thank you.