16 December 2007

SEA GAME-2

SEA GAME - 2
ဖတ်ခဲ့မိ မနေ့က sea game မှာ အမျိုးသား ဘောလုံး ပြိုင်ပွဲ final ပြီးဆုံးသွားပါပြီ။ ကံအလွန်ကောင်းလွန်းလို့  final တက်လာတဲ့ ရွှေမြန်မာတွေ ရှုံးသွားပါပြီ။ မျိုးချစ်စိတ် နဲ့  အားပေးတဲ့ ပရိသာတ်ကြီးကို အားနာသော်လည်း ဘောလုံးပညာ ကွာခြားလွန်းတာကို ဂရုပြုရပါမယ်။ ကစားပုံသာမက လူကောင်လဲ သိသိသာသာ ကွာလာပါပြီ။ ယိုးဒယားတွေက အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ဖြစ်လာချိန်မှာ ရွှေမြန်မာတွေက ပုပုမဲမဲလေးတွေ ဖြစ်နေပါတယ် ။
တိုင်းပြည်တပြည်ရဲ့  ဆင်းရဲ ချမ်းသာဟာ အားကစားမှာ ထင်ရှားပေါ်လွင်လာပါတယ် ။ အပျော်ထမ်းဆိုတာ စာအုပ်ထဲမှာသာရှိပါတော့မယ် ။ရွှေတံဆိပ်ရဘို့  ငွေသုံးနိုင်ရပါတော့မယ်။ စားဖို့ အဟာရ ၊ လေ့ကျင့်ဖို ပစ္စည်း ၊ ဒါတွေအားလုံးအတွက် ငွေလို နေပါပြီ ။စင်ကာပူ ဆိုယင် Table tennis ပြိုင်ပွဲ အတွက် တရုပ်နိုင်ငံသားတွေကို စင်ကာပူနိုင်ငံသား ပေးပြီး ပြိုင်စေခဲ့ပါတယ် ။ Tabletennis ပြိုင်ပွဲ ရဲ့  ရွှေ ၇ ဆုလုံးကို စင်ကာပူ က ရသွားပါတယ် ။ မြန်မာပြည် က အဲဒီလိုမျိုးခေါ်ယင် ဘယ်သူလာမှာလဲ ။ လာယင်ဆင်းရဲမှာဆိုးလို့  ဘယ်သူမှ လာကြမှာ မဟုတ်ပါဘူး ။
ပြီးခဲ့တဲ့ဟာ ထားပါတော့ ။ နောက်တခေါက် sea game ကို Lao မှာလုပ်မှာပါ ။ ၂၀၀၇ မှာ ရတဲ့ ရွှေရဲ့  သုံးပုံ တစ်ပုံဟာရေ ထဲ လှေလှော်ပြီး ရတာပါ ။ Lao က ကုန်းတွင်းပိတ်နိုင်ငံဖြစ်လို့  လှေလှော်ပြိုင်ပွဲ မပါယင် ခက်ပြီ ။ ဒီနှစ် ပုံစံအတိုင်းဆိုယင် နိုင်ငံအလိုက်ဇယားမှာ ရွှေမြန်မာတွေဟာ Lao ရဲ့အောက် နံပါတ် ၈ သို့ ရောက်ပါတော့မယ် ။ Lao ကလဲ သူအားသာတဲ့ ရိုးရာအားကစားနည်းတွေ ထဲ့မှာ အသေအချာပါဘဲ ။ Sea game အိမ်ရှင်တွေ လုပ်နေကြဘဲလေ ။ ၂၀၀၉ ရောက်မှာတောင် တွေးရှက်မိပါရဲ့  ။ ။
P.S ။ ။ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ခြေကွာပေမဲ့လဲ မတော်တဆနိုင်သွားမှာဆိုးလို့  ဆုချရမှာ စိုးတဲ့ မြန်မာ လုပ်ငန်းရှင်တွေ ယတြာခြေကြတာ အောင်မြင်သွားပါတယ် ။

No comments:

Post a Comment

Thank you.