21 November 2007

သဘာဝဘေး




(Unicode version)



ခုရက်ပိုင်း TV သတငိးတွေမှာ ဘင်္ဂလားဒေ့ရှ် မုန်တိုင်းကြောင့်
သေကြေပျက်စီးမှုတွေ အများအပြားကြည့်ခဲ့ရသည်။ မြန်မာနိုင်ငံ

နှင့် အနီးဆုံးနိုင်ငံတွင် ဖြစိပျက်ခဲ့သော်လည်း ရန်ကုန်တွင် မိုးတစ်
ဖျောက်နှစ်ဖျောက် နှင့် ပြီးခဲ့သည်။ အခြားနေရာများတွင်လည်း မုန်တိုင်းဒဏ် အဖျားပင်မခတ်ခဲ့ ။
အလွန်ကံကောင်းသော နိုင်ငံ ဖြစ်သည် ။ ရာသီဥတုနှင့် ပတ်သက်၍ ကံကောင်းသော်လည်း
ဖွံ ့ဖြိုးတိုးတက်ပြီးသော နိုင်ငံမဖြစ်သည်မှာ အခြားသောကံများ မကောင်းသေး၍ပင် ဖြစ်ပါလိမ့်မည် ။
အဆိုပါ ဆီဒါ မုန်တိုင်းဒဏ်ကြောင့် သေဆုံးမှုဖေါ်ပြရာတွင် ကိန်းဂဏန်းများ ကွဲပြားနေသည် ။ အစိုးရသတင်းဌာန က ၃၀၀၀ ခန့်ဟု ကြေငြာနေချိန်တွင် ပြင်ပသတင်းဌာနများက ၁၀၀၀၀ ဟု
ဖေါ်ပြနေကြသည် ။ ဤနေရာတွင် စဉ်းစားမိသည်။ အချို ့့နိုင်ငံ သတင်းဌာနများက အဖြစ်အပျက်တစ်ခုကြောင့် လူ ၁၀ ယောက် သေပါသည်ဟူ ကြေငြာလျှင် အပြင်မှာ ၁၀ဆ ။ အဆ ၂၀ ပို သည်ဟု ထင်ကြသည် ။ အမြဲလျှော့ပြောတတ်၍ မယုံကြည်ကြတော့ ။ အမှန်ကြေငြာလျှင်တောင် မယုံကြည်ကြသည်မှာ ယခင်
အစဉ်အလာများကြောင့်သာ ဖြစ်ပါလိမ့်မည် ။

ဘင်္ဂလားဒေ့ရှ် လို နိုင်ငံမျိုးကြတော့ ပိုကြေငြာတတ်သည် ။၁၀ ဦးသေလျှင် ၁၀၀ ဟုကြေငြာမည် ၊ အကူအညီ ရလို၍ ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ ့အစည်းများကလဲ သတိထားမိကြ ပါသည်။ အကူအညီဘယ်လောက်ပေးပေး မလောက်နိုင်။ မူစလင်နိုင်ငံများက ကူညီတတ်ကြသည်။ ယခုပင် ဆော်ဒီနိုင်ငံ က ဦးဆောင်ပြိး ကူညီမှုစနေပါပြီ။ မူစလင်ဘာသာ၀င် အချင်းချင်း စည်းလုံးမှုပင်ဖြစ်သည် ။
သေကြေမှုအတွက် စိတ်မကောင်းသော်လည်း မြန်မာနိုင်ငံ အတွက် အမြတ်ထွက်နိုင်ပါသည်။ သူများဒုက္ဓမှ အမြတ်ထုတ် ခိုင်းချင်းမဟုတ်ပါ။ ကုသိုလ်လဲရ ၀မ်းလဲ ၀ လုပ်နိုင်ပါသည်။ ယခုတလောထုတ် ဂျာနယ်များ၏အဆိုအရ မြန်မာပြည်တွင် ဆန်များ ပိုနေသည်။ ဆန်သစ်လဲပေါ်ပြီဖြစ်၍ ပိုလျှံဖွယ်ဖြစ်သည်။
ဘူးသီးတောင် မောင်တော နယ်စပ်ကုန်သွယ်ရေးလဲ အဆင့်မြင့် နေချိန်ဖြစ်၍ အားလုံးအဆင်သင့်ဖြစ်နေသည်။ အရေးအကြီးဆုံး အချက်မှာ မြန်မာပြည်တွင် ဆန် တကယ် ပိုနေရေးသာဖြစ်သည်။ ဂျာနယ်များအပေါ် ယုံကြည်နေမှု မပျောက်သွားအောင်ကြိုးစား နေကြရပါမည် ။

XxXxXx

(Zawgyi version)

ခုရက္ပိုင္း TV သတငိးေတြမွာ ဘဂၤလားေဒ့ရွ္ မုန္တိုင္းေၾကာင့္
ေသေၾကပ်က္စီးမႈေတြ အမ်ားအျပားၾကည့္ခဲ့ရသည္။ ျမန္မာႏိုင္ငံ
ႏွင့္ အနီးဆံုးႏိုင္ငံတြင္ ျဖစိပ်က္ခဲ့ေသာ္လည္း ရန္ကုန္တြင္ မိုးတစ္
ေဖ်ာက္ႏွစ္ေဖ်ာက္ ႏွင့္ ျပီးခဲ့သည္။ အျခားေနရာမ်ားတြင္လည္း မုန္တိုင္းဒဏ္ အဖ်ားပင္မခတ္ခဲ့ ။
အလြန္ကံေကာင္းေသာ ႏိုင္ငံ ျဖစ္သည္ ။ ရာသီဥတုႏွင့္ ပတ္သက္၍ ကံေကာင္းေသာ္လည္း
ဖြံ ့ျဖိဳးတိုးတက္ျပီးေသာ ႏိုင္ငံမျဖစ္သည္မွာ အျခားေသာကံမ်ား မေကာင္းေသး၍ပင္ ျဖစ္ပါလိမ့္မည္ ။
အဆိုပါ ဆီဒါ မုန္တိုင္းဒဏ္ေၾကာင့္ ေသဆံုးမႈေဖၚျပရာတြင္ ကိန္းဂဏန္းမ်ား ကြဲျပားေနသည္ ။ အစိုးရသတင္းဌာန က ၃၀၀၀ ခန့္ဟု ေၾကျငာေနခ်ိန္တြင္ ျပင္ပသတင္းဌာနမ်ားက ၁၀၀၀၀ ဟု
ေဖၚျပေနၾကသည္ ။ ဤေနရာတြင္ စဥ္းစားမိသည္။ အခ်ိဳ ့့ႏိုင္ငံ သတင္းဌာနမ်ားက အျဖစ္အပ်က္တစ္ခုေၾကာင့္ လူ ၁၀ ေယာက္ ေသပါသည္ဟူ ေၾကျငာလွ်င္ အျပင္မွာ ၁၀ဆ ။ အဆ ၂၀ ပို သည္ဟု ထင္ၾကသည္ ။ အျမဲေလွ်ာ့ေျပာတတ္၍ မယံုၾကည္ၾကေတာ့ ။ အမွန္ေၾကျငာလွ်င္ေတာင္ မယံုၾကည္ၾကသည္မွာ ယခင္
အစဥ္အလာမ်ားေၾကာင့္သာ ျဖစ္ပါလိမ့္မည္ ။










ဘဂၤလားေဒ့ရွ္ လို ႏိုင္ငံမ်ိဳးၾကေတာ့ ပိုေၾကျငာတတ္သည္ ။၁၀ ဦးေသလွ်င္ ၁၀၀ ဟုေၾကျငာမည္ ၊ အကူအညီ ရလို၍ ျဖစ္ပါသည္။ ႏိုင္ငံတကာအဖြဲ ့အစည္းမ်ားကလဲ သတိထားမိၾက ပါသည္။ အကူအညီဘယ္ေလာက္ေပးေပး မေလာက္ႏိုင္။ မူစလင္ႏိုင္ငံမ်ားက ကူညီတတ္ၾကသည္။ ယခုပင္ ေဆာ္ဒီႏိုင္ငံ က ဦးေဆာင္ျပိး ကူညီမႈစေနပါျပီ။ မူစလင္ဘာသာ၀င္ အခ်င္းခ်င္း စည္းလံုးမႈပင္ျဖစ္သည္ ။
ေသေၾကမႈအတြက္ စိတ္မေကာင္းေသာ္လည္း ျမန္မာႏိုင္ငံ အတြက္ အျမတ္ထြက္ႏိုင္ပါသည္။ သူမ်ားဒုကၶမွ အျမတ္ထုတ္ ခိုင္းခ်င္းမဟုတ္ပါ။ ကုသိုလ္လဲရ ၀မ္းလဲ ၀ လုပ္ႏိုင္ပါသည္။ ယခုတေလာထုတ္ ဂ်ာနယ္မ်ား၏အဆိုအရ ျမန္မာျပည္တြင္ ဆန္မ်ား ပိုေနသည္။ ဆန္သစ္လဲေပၚျပီျဖစ္၍ ပိုလွ်ံဖြယ္ျဖစ္သည္။
ဘူးသီးေတာင္ ေမာင္ေတာ နယ္စပ္ကုန္သြယ္ေရးလဲ အဆင့္ျမင့္ ေနခ်ိန္ျဖစ္၍ အားလံုးအဆင္သင့္ျဖစ္ေနသည္။ အေရးအၾကီးဆံုး အခ်က္မွာ ျမန္မာျပည္တြင္ ဆန္ တကယ္ ပိုေနေရးသာျဖစ္သည္။ ဂ်ာနယ္မ်ားအေပၚ ယံုၾကည္ေနမႈ မေပ်ာက္သြားေအာင္ၾကိဳးစား ေနၾကရပါမည္ ။







No comments:

Post a Comment

Thank you.