11 November 2007
ကျွန်တော် နဲ့ မောင်း
(Unicode version )
မောင်းဆိုတာ တီးစရာ ပစ္စည်း ကိုဆိုလိုတာမဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားတွေကို နှိပ်စက်နေတဲ့ ၃ လုံး ၊ ၂ လုံး ၊ ၁ လုံး ထဲကနောက်ဆုံးပေါ် လောင်းကစားနည်း တစ်မျိုးဘဲဖြစ်ပါတယ် ၊ ဘောလုံးပွဲကို နည်းမျိုးစုံလောင်းနေတဲ့ အထဲက အခုခေတ်အစားဆုံး
ဖြစ်နေတဲ့ကစားနည်း ပါဘဲ ။
ဘောလုံးပွဲ တစ်ပွဲလုံးကို လောင်းယင် body လောင်းတယ်လို ့ ခေါ်ကြပါတယ် ။ နှစ်ဖက်အသင်း ဂိုး ဘယ်လောက်သွင်းမလဲ လောင်းတာကို
ဂိုးပေါင်း လို ့ ခေါ်ပါတယ် ၊ မောင်းဆိုတာကတော့ အနဲဆုံး ၄ ပွဲ ကနေ အများဆုံး ၈ ပွဲ အထိ ခန် ့မှန်းလောင်းရ တာ ပါ ။ အားလုံးမှန်မှ လျှော်ကြေး ရတာပါ ၊ တစ်ပွဲလွဲ ယင်မရပါ ဘူး ၊ အသေးစိတ်ကိုတော့ နမူနာ မောင်း စာရွက် မှာကြည့်နိုင်ပါတယ် ။
ဘောလုံးပွဲတွေကလဲများမှများ ဆိုတော့ တစ်ပါတ်ကို လေးငါး ပွဲ လောက်တော့
လောင်းလို ့ရပါတယ် ၊ ဘောလုံးပွဲ လုံး၀နားမလည်တဲ့ သူတွေတောင် လောင်းချင်တော့ ၀င်ပါကြတယ် ။ အားကစားဂျာနယ် တွေထဲက ခန် ့မှန်းတေ ွဖတ်ပြီး လောင်းတော့ အားကစားဂျာနယ်တွေ ရောင်းကောင်းနေကြပါတယ် ။ ဂျာနယ်တွေထဲက ခန် ့မှန်းတွေကိုစုပြီး ချဲထီ မှာ ချိုင်း ကြည့်သလို ကြည့်လောင်းတဲ့ သူတောင်တွေ ့ဘူးတယ် ၊ ရောင်စုံ ဘောပင်တွေနဲ ့ ရှုပ်နေ တာပါဘဲ ။
အမှန်က ဒီလောင်းနည်းက ဘောလုံးဘိုးအေ အင်္ဂလန်မှာ လောင်းနေတာကြာပါပြီ ၊ တစ်ပါတ်အတွင်းကန်တဲ့ အတန်းလေးတန်း လုံးက ပွဲတောင် မောင်း လောင်းလို ့ရပါတယ် ၊ ဒါပေမဲ့ အင်္ဂလိပ်လူမျိူးက ဗမာတို ့ တရုပ်တို ့ လိုမကြမ်းပါဘူး ။ ၀င်ငွေထဲက လောင်းဖို ့ငွေ သတ်မှတ်ပြီး တတ်နိုင်သလောက် လောင်းကြတာပါ ။
ကျွန်တော်လဲ အင်္ဂလိပ်တွေကို အားကျပြီး နဲနဲ နဲနဲ လုပ်နေတာ တစ်ခါမှမရပါဘူး ၊ ခြောက်မောင်းလောင်းယင် တစ်မောင်း လောက်ဘဲမှန်တတ်ပါတယ် ၊ တစ်ခါဆို အားလုံးတောင် လွဲဘူးပါတယ် ။ ကျွန်တော်ည့ံလို ့ မဟုတ်ပါဘူး ၊ ကံဆိုး လို ့ပါ ၊ ဟဲဟဲ။
တကယ်က လောင်းကစား မှန်သမျှ ကံထ ဖို ့ လိုတယ် မဟုတ်ပါလားဗျာ ။
XxXxXx
(Zawgyi version) 
No comments:
Post a Comment
Thank you.