17 November 2007
ဂမ်ဘာရီ
(Unicode version )
ဒီ တစ်ပါတ်ထဲ ကြည့်ရတဲ့ သတင်းတွေထဲမှာ ဂမ်ဘာရီ မြန်မာပြည် လာပြီး လေ့လာ ပြန်သွားတဲ့သတင်းတွေကြည့်ရပါတယ်။ အမြဲကြည့်ဖြစ်တဲ့ Channel News Asia မှာရော ၊
Aljazeera မှာရော အများအပြား ပြကြပါတယ်၊ ဂမ်ဘာရီ U.N. Security Council မှာ 
ပြန်ရှင်းပြတာလဲ ကြည့်ရပါတယ် ။ အဲဒီနောက် ကုလသမဂ္စ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး
နဲ ့ ဗြိတိန်သံအမတ်ကြီး တို ့ဆွေးနွေးတာ ပြပါတယ် ။
နောက်ဆုံးမှာတော့ တရုပ်သံအမတ်ကြီး ဆွေးနွေးပါတယ် ။ သူပြောတာက " ဂမ်ဘာရီ နဲ ့ U.N. ရဲ ့ အားထုတ်မှုကိုထောက်ခံကြောင်း ၊ ဂမ်ဘာရီ အကြိမ်ကြိမ် ပြောခဲ့သလို ၊
ပြောင်းလဲမှုကို ချက်ချင်းမရနိုင်ကြောင်း ၊ ရောမမြို ့ကို တစ်ရက်ထဲ ဆောက်ခဲ့တာ မဟုတ်ကြောင်း " ပြောခဲ့ပါတယ် ။
ကျွန်တော်က နိုင်ငံရေးနားမလည်ပါဘူး ။ ဒါပေမဲ့ တစ်ခုစဉ်းစားမိတယ် ။ ရောမမြို ့ကို
တစ်ရက်နဲ ့မတည်ဆောက်နိုင်ပေမဲ့ တရုပ်နိုင်ငံ က ထုတ်တဲ့ အိမ်ဆောက်ပစ္စည်း တွေ
ဖြစ်တဲ့ ဘိလပ်မြေ တို ့ သံချောင်းတို ့ လျှပ်စစ်ပစ္စည်းတို ့ နဲ ့ ကူညီ လိုက်ယင်တော့ ပို
မြန်မြန် ပြီးသွားမယ် ထင်တာပါဘဲ ။
ကူညီလိုက်ပါ ပေါက်ဖေါ်တို့ရာ။ 
XxXxXx
(Zawgyi version )
ကူညီလိုက်ပါ ပေါက်ဖေါ်တ်ု့ ရာ ။
No comments:
Post a Comment
Thank you.