24 November 2007

EURO 2008

ကျွှန်တော့်အတွက်တော့ EURO 2008 ဘောလုံးပွဲကြီး ပြီးသွားပါ
ပြီခင်ဗျာ ။ မကန်ခင်ကို ပြီးသွားတာပါ ။ အင်္ဂလန် ရှုံးသွားတာကိုး။
မြန်မာစံတော်ချိန် ကြာသပတေးနေ့  နံနက်စောစော ထကြည့်ပါတယ်။ ညံ့လိုက်တဲ့ အင်္ဂလန် ဗျာ၊ နည်းပြ မက်ကလာရင် တာဝန် ပါဘဲ။ သူလဲပြုတ်ပါပြီ။
အင်္ဂလန် ဟာ ကျွန်တော့်အတွက်တော့ HOME COUNTRY ပါဘဲ၊ HOME COUNTRY အစစ်ဖြစ်တဲ့ မြန်မာ အသင်း က ကန်တဲ့ပွဲ နဲတော့ အင်္ဂလန် အသင်းဘဲအားပေးရ ပါတယိ။ မြန်မာ က လဲတစ်ခါမှ မနိုင်တော့ အားမပေးချင် တော့တာလဲ ပါ ပါတယ်။ SEA GAME တစ်ပွဲတုံးကလဲ ဖွင့်ပွဲမလုပ်ခင် အုပ်စုပွဲတွေ ကြိုကန် ကြပါတယ်။ ပွဲတိုင်းရှုံးတော့
ဖွင့်ပွဲ လုပ်ချိန်မှာ မြန်မာအသင်း ပွဲပြီးနေပါပြီ။ ကျွန်တော် အားပေး
လို့  တော့မဖြစ်ကောင်းပါဘူး။


အင်္ဂလန် ကန်တဲ့ ည ကလဲတော်တော် စိတ်ပျက် မိပါတယ်။ ဆရာဒီး နဲ့  ခင်မောင်ဇော် ကိုလဲသတိရမိတယ် ။
သူတို့ နှစ်ယောက် နဲ့  ကျွန်တော် က Monday morning quarter back တွေလေ ၊ အဲဒီည ကန် ပုံကြည့်ပြီး ဆရာဒီး
မက်ကလာရင် ကို ဆဲလိုက်မဲ့ အမျိုး ၊ တွတ်ပီ ကတော့ ညံ့နေ
တဲ့ ဂျရတ် နဲ့  ရိုက်ဖိလစ် ကိုမလဲလို့  ဆဲနေမှာပါ။ အဆိုးဆုံး ကတော့ ဂိုးသမား ကာဆန် ပါ ဘဲ။ Debute ပွဲမှာ အဆုံးအဖြတ် ပွဲ လဲဖြစ်နေ ၊ အညံ့ဆုံး နောက်တန်း နဲ့ လဲ တွဲ ရတော့ ညံ့လိုက်တာ ချာနေတာပါဘဲ။
သရေ ကျယင် တောင် တက်ပြီ။ Home ကွင်းမှာလဲကန်ရတယ်၊ ဒါတောင် ရှုံးတော့ ရိုက်သတ်ဖို့ ဘဲရှိ ပါတော့တယ်ဗျာ ။ EURO 2008 ကျယင်အားပေးဖို့ အသင်းတသင်း မွေးရဦးမယ် ။ ဒီတစ်ခါတော့ နိုင်မဲ့အသင်း ဘဲ ရွေး အားပေးတော့မယ်ဗျာ ။ ။



No comments:

Post a Comment

Thank you.