24 October 2019

မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်း၊



(Unicode version)

   မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းကို အချိန်မရလို့ဘဲဖြစ်ဖြစ်၊ ဗြိတိန်ဘုရင်ပြောင်းလို့ဘဲဖြစ်ဖြစ်၊ မည်သည့်အကြောင်းကြောင့်ဘဲဖြစ်စေ အိန္ဒိယတံဆိပ်ခေါင်းများပေါ်တွင် BURMA ဟု အပေါ်မှရိုက်နှိပ်၍ စတင်သုံးဆွဲခဲ့ရပါသည်။ နောက်မှ မိမိနိုင်ငံအမည်ဖြင့် ရိုက်နှိပ်သုံးခဲ့ရသည်။
.
ထိုစတင်မှုကြောင့်လား မသိ။ မြန်မာပြည်၏ ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းကိုလည်း အစဥ်သုံးတံဆိပ်ခေါင်းတမျိုးအပေါ်တွင် အပေါ်မှထပ်ရိုက်နှိပ်၍ (overprint) စသုံးခဲ့သည်။
.
မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းအဖြစ် ကမ္ဘာ့ပထမဆုံးတံဆိပ်ခေါင်း ရာပြည့်အတွက် မေလ၆ရက် ၁၉၄၀တွင် ထုတ်ခဲ့သည်။ ၁၉၃၈အစဥ်သုံး ၂ပဲ၆ပိုင်တံဆိပ်ခေါင်းပေါ်တွင် COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ်နှိပ်ခဲ့သည်။ တံဆိပ်ခေါင်းတန်ဖိုးကိုလည်း ၁ပဲ ဟု ထပ်နှိပ်ခဲ့သည်။
.
တင်းပြည့်ကျပ်ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်းကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခု မေလ၂ရက်နေ့တွင်မှ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။ ၁ပဲ၆ပိုင်၊ ၂ပဲ၊ ၃ပဲ၆ပိုင်နှင့် ၉ပိုင်တန် လေးခေါင်းထုတ်ခဲ့သည်။ မြန်မာပုံများသုံးခဲ့သော်လည်း လွတ်လပ်ရေးမရသေးသဖြင့် ဗြိတိန်ဘုရင်ပုံ ထည့်သုံးခဲ့ရပါသေးသည်။

ရည်ညွှန်းစာအုပ်။   ။ ကျော်မြင့်မောင် ရေးသားသည့် မြန်မာ့စာပို့ တံဆိပ်ခေါင်းများ။


XxXxXx

(Zawgyi version)

   ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းကို အခ်ိန္မရလို႔ဘဲျဖစ္ျဖစ္၊ ၿဗိတိန္ဘုရင္ေျပာင္းလို႔ဘဲျဖစ္ျဖစ္၊ မည္သည့္အေၾကာင္းေၾကာင့္ဘဲျဖစ္ေစ အိႏၵိယတံဆိပ္ေခါင္းမ်ားေပၚတြင္ BURMA ဟု အေပၚမွရိုက္ႏွိပ္၍ စတင္သုံးဆြဲခဲ့ရပါသည္။ ေနာက္မွ မိမိနိုင္ငံအမည္ျဖင့္ ရိုက္ႏွိပ္သုံးခဲ့ရသည္။
.
ထိုစတင္မႈေၾကာင့္လား မသိ။ ျမန္မာျပည္၏ ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းကိုလည္း အစဥ္သုံးတံဆိပ္ေခါင္းတမ်ိဳးအေပၚတြင္ အေပၚမွထပ္ရိုက္ႏွိပ္၍ (overprint) စသုံးခဲ့သည္။
.
ျမန္မာ့ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းအျဖစ္ ကမၻာ့ပထမဆုံးတံဆိပ္ေခါင္း ရာျပည့္အတြက္ ေမလ၆ရက္ ၁၉၄၀တြင္ ထုတ္ခဲ့သည္။ ၁၉၃၈အစဥ္သုံး ၂ပဲ၆ပိုင္တံဆိပ္ေခါင္းေပၚတြင္ COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ္ႏွိပ္ခဲ့သည္။ တံဆိပ္ေခါင္းတန္ဖိုးကိုလည္း ၁ပဲ ဟု ထပ္ႏွိပ္ခဲ့သည္။
.
တင္းျပည့္က်ပ္ျပည့္ အထိမ္းအမွတ္တံဆိပ္ေခါင္းကို ဒုတိယကမၻာစစ္အၿပီး ၁၉၄၆ခု ေမလ၂ရက္ေန႕တြင္မွ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္အျဖစ္ ထုတ္ေဝခဲ့သည္။ ၁ပဲ၆ပိုင္၊ ၂ပဲ၊ ၃ပဲ၆ပိုင္ႏွင့္ ၉ပိုင္တန္ ေလးေခါင္းထုတ္ခဲ့သည္။ ျမန္မာပုံမ်ားသုံးခဲ့ေသာ္လည္း လြတ္လပ္ေရးမရေသးသျဖင့္ ၿဗိတိန္ဘုရင္ပုံ ထည့္သုံးခဲ့ရပါေသးသည္။

ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရးသားသည့္ ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား။ 

22 October 2019

မြန်မာနာမည်နဲ့ ပထမဆုံးတံဆိပ်ခေါင်းများ။



(Unicode version)

   မြန်မာနာမည်နဲ့ ပထမဆုံး တံဆိပ်ခေါင်းတွေပါ။ မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းတွေက အန္ဒိယခေါင်းတွေပေါ်မှာ BURMA လို့ အပေါ်ကထပ်နှိပ်ပြီး (over print) သုံးခဲ့ရတာမို့ ဒီတံဆိပ်ခေါင်းတွေကမှ မြန်မာပြည်နာမည်နဲ့ (ထိုစဥ်က အခေါ်အဝေါ် BURMA) စတင်ခဲ့တယ်လို့ သတ်မှတ်လို့ရပါတယ်။
.
လွတ်လပ်ရေးမရသေးချိန် ဗြိတိသျှကိုလိုနီခေတ်မို့ BURMA ဘဲသုံးရပါတယ်။ မြန်မာဘာသာနဲ့ နိုင်ငံအမည် တပ်ခွင့်မရသေးပါ။ သို့သော် တံဆိပ်ခေါင်းတန်ဖိုးများကိုတော့ မြန်မာလို စတင်ဖော်ပြခဲ့ပါပြီ။ ကိုလိုနီနိုင်ငံများနည်းတူ သူတို့ရဲ့ဘုရင်ပုံနဲ့ဘဲ ထုတ်ရတာပါ။ King George VI ပုံတွေနဲ့ ထုတ်ခဲ့ရပါတယ်။
.
စထုတ်တဲ့ ၁၉၃၈ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ၃ပိုင်ကနေ ၁၀ရူပီးတန်အထိ ထုတ်ပါတယ်။ တံဆိပ်ခေါင်း ၁၅မျိုး ပါပါတယ်။ ၁၉၄၀ သြဂုတ်လ ၁ရက်နေ့မှ ၁ပိုင်တန်ကို တိုးထုတ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရရုံးဌာနများသုံးရန်အတွက် SERVICE အိုဗာပရင့်နဲ့ တံဆိပ်ခေါင်း ၁၃လုံးထုတ်ခဲ့ပါတယ်။
.
ထူးဆန်းတာက တံဆိပ်ခေါင်းပုံတွေကို အင်္ဂလန်နည်းတူ ဘုရင့်ပုံတွေနဲ့ဘဲ ထုတ်ရသော်လည်း မြန်မာပြည်သင်္ကေတတွေဖြစ်တဲ့ ခြင်္သေ့ နဂါး ဒေါင်း နတ်ရုပ်ပုံတွေနဲ့ တွဲထုတ်ခဲ့တာပါ။  အလယ်အလတ်တန်ဖိုးရှိ တံဆိပ်ခေါင်း၄လုံးကို မြန်မာရိုးရာပုံတွေနဲ့ ထုတ်ခဲ့တာပါ။ အဲဒီပုံတွေအတွက် ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ပုံစာတွေအနေနဲ့လည်း ROYAL BARGE၊ BURMA TEAK၊ THE IRRAWADDY၊  BURMA RICE လို့ ရိုက်နှိပ်ထားပါတယ်။
.
  ၁၉၃၈ ကတည်းက တံဆိပ်ခေါင်းဒီဇိုင်းပြိုင်ပွဲ လုပ်ရကောင်းမှန်း သိခဲ့တဲ့ မြန်မာတံဆိပ်ခေါင်း ထုတ်ဖို့တာဝန်ရှိသူတွေကို လေးစားပါတယ်။ လက်ရှိတာဝန်ရှိသူတွေလည်း တံဆိပ်ခေါင်းအသစ်တွေအတွက် ပြိုင်ပွဲခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
.
ရည်ညွှန်းစာအုပ်။     ။ ကျော်မြင့်မောင် ရေး ''မြန်မာ့စာပို့ တံဆိပ်ခေါင်းများ''


XxXxXx

(Zawgyi version)

   ျမန္မာနာမည္နဲ႕ ပထမဆုံး တံဆိပ္ေခါင္းေတြပါ။ ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းေတြက အႏၵိယေခါင္းေတြေပၚမွာ BURMA လို႔ အေပၚကထပ္ႏွိပ္ၿပီး (over print) သုံးခဲ့ရတာမို႔ ဒီတံဆိပ္ေခါင္းေတြကမွ ျမန္မာျပည္နာမည္နဲ႕ (ထိုစဥ္က အေခၚအေဝၚ BURMA) စတင္ခဲ့တယ္လို႔ သတ္မွတ္လို႔ရပါတယ္။
.
လြတ္လပ္ေရးမရေသးခ်ိန္ ၿဗိတိသွ်ကိုလိုနီေခတ္မို႔ BURMA ဘဲသုံးရပါတယ္။ ျမန္မာဘာသာနဲ႕ နိုင္ငံအမည္ တပ္ခြင့္မရေသးပါ။ သို႔ေသာ္ တံဆိပ္ေခါင္းတန္ဖိုးမ်ားကိုေတာ့ ျမန္မာလို စတင္ေဖာ္ျပခဲ့ပါၿပီ။  ကိုလိုနီနိုင္ငံမ်ားနည္းတူ သူတို႔ရဲ႕ဘုရင္ပုံနဲ႕ဘဲ ထုတ္ရတာပါ။ King George VI ပုံေတြနဲ႕ ထုတ္ခဲ့ရပါတယ္။
.
စထုတ္တဲ့ ၁၉၃၈ခုႏွစ္ စက္တင္ဘာလ ၁၅ရက္ေန႕မွာ ၃ပိုင္ကေန ၁၀႐ူပီးတန္အထိ ထုတ္ပါတယ္။ တံဆိပ္ေခါင္း ၁၅မ်ိဳး ပါပါတယ္။ ၁၉၄၀ ၾသဂုတ္လ ၁ရက္ေန႕မွ ၁ပိုင္တန္ကို တိုးထုတ္ခဲ့တယ္လို႔ သိရပါတယ္။ အစိုးရ႐ုံးဌာနမ်ားသုံးရန္အတြက္ SERVICE အိုဗာပရင့္နဲ႕ တံဆိပ္ေခါင္း ၁၃လုံးထုတ္ခဲ့ပါတယ္။
.
ထူးဆန္းတာက တံဆိပ္ေခါင္းပုံေတြကို အဂၤလန္နည္းတူ ဘုရင့္ပုံေတြနဲ႕ဘဲ ထုတ္ရေသာ္လည္း ျမန္မာျပည္သေကၤတေတြျဖစ္တဲ့ ျခေသၤ့ နဂါး ေဒါင္း နတ္႐ုပ္ပုံေတြနဲ႕ တြဲထုတ္ခဲ့တာပါ။ အလယ္အလတ္တန္ဖိုးရွိ တံဆိပ္ေခါင္း၄လုံးကို ျမန္မာရိုးရာပုံေတြနဲ႕ ထုတ္ခဲ့တာပါ။ အဲဒီပုံေတြအတြက္ ဒီဇိုင္းၿပိဳင္ပြဲ ေခၚယူခဲ့တယ္လို႔လည္း သိရပါတယ္။ ပုံစာေတြအေနနဲ႕လည္း ROYAL BARGE၊ BURMA TEAK၊ THE IRRAWADDY၊ BURMA RICE လို႔ ရိုက္ႏွိပ္ထားပါတယ္။
.
  ၁၉၃၈ ကတည္းက တံဆိပ္ေခါင္းဒီဇိုင္းၿပိဳင္ပြဲ လုပ္ရေကာင္းမွန္း သိခဲ့တဲ့ ျမန္မာတံဆိပ္ေခါင္း ထုတ္ဖို႔တာဝန္ရွိသူေတြကို ေလးစားပါတယ္။ လက္ရွိတာဝန္ရွိသူေတြလည္း တံဆိပ္ေခါင္းအသစ္ေတြအတြက္ ၿပိဳင္ပြဲေခၚယူဖို႔ တိုက္တြန္းလိုက္ပါတယ္။
.
ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရး ''ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား'' 

16 October 2019

ရေအကျိုး ဆယ့်တပါး၊












(Unicode version)

   သူငယ်ချင်းတယောက်ရှိတယ်။ သူက ရောက်ရှိရာနေရာမှာ အခြေအနေလိုက်ပြီး သောက်ရေအိုးကအစ၊ ချိုးရေစည်အလယ်၊ အိမ်သာကန်အဆုံး ရေဖြည့်ပေးလေ့ အကျင့်ရှိတယ်။ သူ့ကို မင်းရေအလှူကြောင့် ရေအကျိုးဆယ့်တပါးပြည့်ပါစေလိုပြောရင်၊ ''လုပ်ပြီ ရေးအကျိုးက ဆယ်ပါးပါကွလို့'' ပြန်ပြောတတ်တယ်။ အေး တိုးလာတဲ့တပါးက မင်းအခုဖြည့်ပေးတဲ့ရေ သုံးရတယ်လေကွာလို့ ပြန်ရှင်းခဲ့ဘူးပါတယ်။
.
အခြားသောအလှူတွေမှာလည်း သက်ဆိုင်ရာအကျိုးတွေ ရှိပါတယ်။ သင်္ကန်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ကျောင်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ဆီမီးလှူရင်အကျိုးဘယ်နှစ်ပါး စသဖြင့်ပေါ့။ တချို့ကလည်း ရရှိမယ့်အကျိုးကို မျှော် ပြီးလှူတတ်ကြတယ်။ ရာထူးအမြင့်ရအောင် ထီးလှူကြသလို သွားလာရေးအဆင်ပြေအောင် ဖိနပ်လှူမယ်ဆိုတာမျိုးပေါ့။
.
တကယ့် ကုသိုလ်မြောက်အောင်လှူချင်ရင်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အလို့ငှာ လှူချင်ရင် အကျိုးကိုရည်ပြီး မလှူကောင်းဘူးတဲ့။ အကျိုးက အလိုလိုကိုပြည့်မှာ။ မိမိအလှူပစ္စည်း လက်ခံရရှိသူ စိတ်ချမ်းသာစွာအကျိုးရှိစွာ သုံးနိုင်ပါစေလို့ စိတ်မှန်းပြီး ရည်စူးလှူန်ိုင်ရမယ်တဲ့။ ဒါမှ အမြင့်မြတ်ဆုံး အလှူမြောက်မယ်တဲ့။
.
ဒ်ိတော့ ရေလှူရင် ရေအကျိုးဆယ်ပါးကို မျှော်ပြီးလှူစရာ မလိုဘူးလေ။ မိမိလှူလိုက်တဲ့ရေ သုံးစွဲသူ သောက်သုံးသူတွေ အကျိုးရှိရှိ သုံးစွဲနိုင်ပါစေလို့ ရေအကျိုးနံပတ်ဆယ့်တစ်ကို ရည်မှန်းလိုက်ရင် ကျန်ဆယ်ပါးအလိုလို ပြည့်သွားပါလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။

XxXxXx

(Zawgyi version)

   သူငယ္ခ်င္းတေယာက္ရွိတယ္။ သူက ေရာက္ရွိရာေနရာမွာ အေျခအေနလိုက္ၿပီး ေသာက္ေရအိုးကအစ၊ ခ်ိဳးေရစည္အလယ္၊ အိမ္သာကန္အဆုံး ေရျဖည့္ေပးေလ့ အက်င့္ရွိတယ္။ သူ႕ကို မင္းေရအလႉေၾကာင့္ ေရအက်ိဳးဆယ့္တပါးျပည့္ပါေစလိုေျပာရင္၊ ''လုပ္ၿပီ ေရးအက်ိဳးက ဆယ္ပါးပါကြလို႔'' ျပန္ေျပာတတ္တယ္။ ေအး တိုးလာတဲ့တပါးက မင္းအခုျဖည့္ေပးတဲ့ေရ သုံးရတယ္ေလကြာလို႔ ျပန္ရွင္းခဲ့ဘူးပါတယ္။
.
အျခားေသာအလႉေတြမွာလည္း သက္ဆိုင္ရာအက်ိဳးေတြ ရွိပါတယ္။ သကၤန္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ေက်ာင္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ဆီမီးလႉရင္အက်ိဳးဘယ္ႏွစ္ပါး စသျဖင့္ေပါ့။ တခ်ိဳ႕ကလည္း ရရွိမယ့္အက်ိဳးကို ေမွ်ာ္ ၿပီးလႉတတ္ၾကတယ္။ ရာထူးအျမင့္ရေအာင္ ထီးလႉၾကသလို သြားလာေရးအဆင္ေျပေအာင္ ဖိနပ္လႉမယ္ဆိုတာမ်ိဳးေပါ့။
.
တကယ့္ ကုသိုလ္ေျမာက္ေအာင္လႉခ်င္ရင္၊ နိဗၺာန္ေရာက္ေၾကာင္း အေထာက္အပံ့အလို႔ငွာ လႉခ်င္ရင္ အက်ိဳးကိုရည္ၿပီး မလႉေကာင္းဘူးတဲ့။ အက်ိဳးက အလိုလိုကိုျပည့္မွာ။ မိမိအလႉပစၥည္း လက္ခံရရွိသူ စိတ္ခ်မ္းသာစြာအက်ိဳးရွိစြာ သုံးနိုင္ပါေစလို႔ စိတ္မွန္းၿပီး ရည္စူးလႉန္ိုင္ရမယ္တဲ့။ ဒါမွ အျမင့္ျမတ္ဆုံး အလႉေျမာက္မယ္တဲ့။
.
ဒ္ိေတာ့ ေရလႉရင္ ေရအက်ိဳးဆယ္ပါးကို ေမွ်ာ္ၿပီးလႉစရာ မလိုဘူးေလ။ မိမိလႉလိုက္တဲ့ေရ သုံးစြဲသူ ေသာက္သုံးသူေတြ အက်ိဳးရွိရွိ သုံးစြဲနိုင္ပါေစလို႔ ေရအက်ိဳးနံပတ္ဆယ့္တစ္ကို ရည္မွန္းလိုက္ရင္ က်န္ဆယ္ပါးအလိုလို ျပည့္သြားပါလိမ့္မယ္လို႔ ထင္မိပါတယ္ဗ်ာ။ 

09 October 2019

145th UPU stamp


(Unicode version)

   ကမ္ဘာ့စာပို့သမဂ္ဂ ၁၄၅နှစ်ပြည့် တံဆိပ်ခေါင်းထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ FDC ၂၀၀ကျပ်တန်လည်း ထုတ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော် စာတိုက်ကြီးကရောင်းတဲ့ တံဆိပ်ခေါင်းအချို့ ခွေးသွားစိတ် (perforation) မကောင်းပါ။ ဆက်တိုက်ထုတ်လို့ စက်အသွားတွေ တုန်းကုန်ပြီလားမသိပါ။
.
ဒီဇိုင်း ခေတ်မီလှပပါတယ်။ လေ့လာကြည့်တော့ UPU ရဲ့ဒီဇိုင်းပါ။ ကနဦး ဂန္ဒီတံဆိပ်ခေါင်းထုတ်စဥ်က အန္ဒိယအလံသုံးရောင်နဲ့တင် ဗိုလ်ဆန်သလောက် နိုင်ငံတကာစီးရီးကျ အန္ဒိယဆန်နေပါလား ဝေဖန်မလို့ပါ။ ခုတော့ မပြောတော့ပါ။
.
နိုင်ငံတကာစီးရီးမို့ ထင်ပါတယ်။ နိုင်ငံအမည်နဲ့ တန်ဖိုး မြန်မာလိုမပါတော့ပါ။ ၁၄၅နှစ်ပတ်လည်ပွဲ တရားဝင်လုပ်တဲ့ ကာဇက်စတန်နိုင်ငံက ထုတ်တဲ့ခေါင်းမှာတော့ ဘာသာနှစ်မျိုးလုံး ဖော်ပြထားပါတယ်။ 
.
UPU နဲ့ ပတ်သက်လို့ ဒီတကြိမ်ထုတ်တာ မြန်မာနိုင်ငံက စတုတ္ထအကြိမ်ပါ။ ၇၅နှစ်ပြ်ည့်(၁၉၄၉) မှာ ခြောက်ခေါင်း၊ ရာပြည့် (၁၉၇၄) မှာ ငါးခေါင်းနဲ့ ၁၂၅နှစ်ပြည့် (၁၉၉၉) မှာ နှစ်ခေါင်း ထုတ်ဝေခဲ့ဘူးပါတယ်။ နိုင်ငံတကာမှ စုသူတွေ စိတ်ဝင်စားနိုင်တဲ့ ခေါင်းစဥ်ဖြစ်လို့ အနည်းဆုံး သုံးလေးခေါင်းတစုံ ထုတ်သင့်တယ်လို့ ထင်မိကြောင်းပါဗျာ။ 


XxXxXx 

(Zawgyi version)

   ကမၻာ့စာပို႔သမဂၢ ၁၄၅ႏွစ္ျပည့္ တံဆိပ္ေခါင္းထုတ္ပါတယ္။ ၂၀၀က်ပ္တန္ပါ။ FDC ၂၀၀က်ပ္တန္လည္း ထုတ္ပါတယ္။ ရန္ကုန္နဲ႕ ေနျပည္ေတာ္ စာတိုက္ႀကီးကေရာင္းတဲ့ တံဆိပ္ေခါင္းအခ်ိဳ႕ ေခြးသြားစိတ္ (perforation) မေကာင္းပါ။ ဆက္တိုက္ထုတ္လို႔ စက္အသြားေတြ တုန္းကုန္ၿပီလားမသိပါ။
.
ဒီဇိုင္း ေခတ္မီလွပပါတယ္။ ေလ့လာၾကည့္ေတာ့ UPU ရဲ႕ဒီဇိုင္းပါ။ ကနဦး ဂႏၵီတံဆိပ္ေခါင္းထုတ္စဥ္က အႏၵိယအလံသုံးေရာင္နဲ႕တင္ ဗိုလ္ဆန္သေလာက္ နိုင္ငံတကာစီးရီးက် အႏၵိယဆန္ေနပါလား ေဝဖန္မလို႔ပါ။ ခုေတာ့ မေျပာေတာ့ပါ။
.
နိုင္ငံတကာစီးရီးမို႔ ထင္ပါတယ္။ နိုင္ငံအမည္နဲ႕ တန္ဖိုး ျမန္မာလိုမပါေတာ့ပါ။ ၁၄၅ႏွစ္ပတ္လည္ပြဲ တရားဝင္လုပ္တဲ့ ကာဇက္စတန္နိုင္ငံက ထုတ္တဲ့ေခါင္းမွာေတာ့ ဘာသာႏွစ္မ်ိဳးလုံး ေဖာ္ျပထားပါတယ္။ 
.
UPU နဲ႕ ပတ္သက္လို႔ ဒီတႀကိမ္ထုတ္တာ ျမန္မာနိုင္ငံက စတုတၳအႀကိမ္ပါ။ ၇၅ႏွစ္ျပ္ည့္(၁၉၄၉) မွာ ေျခာက္ေခါင္း၊ ရာျပည့္ (၁၉၇၄) မွာ ငါးေခါင္းနဲ႕ ၁၂၅ႏွစ္ျပည့္ (၁၉၉၉) မွာ ႏွစ္ေခါင္း ထုတ္ေဝခဲ့ဘူးပါတယ္။ နိုင္ငံတကာမွ စုသူေတြ စိတ္ဝင္စားနိုင္တဲ့ ေခါင္းစဥ္ျဖစ္လို႔ အနည္းဆုံး သုံးေလးေခါင္းတစုံ ထုတ္သင့္တယ္လို႔ ထင္မိေၾကာင္းပါဗ်ာ။ 

07 October 2019

INTO HIDDEN BURMA စာအုပ်ဘာသာပြန်


(Unicode version)

   မောရစ်ကောလစ်၏ Into hidden Burma ကို ဘာသာပြန်ထားသောစာအုပ်ဖတ်ရပါသည်။ သူ့၏စာ ဘာသာပြန်များ ဖတ်ဘူးသော်လည်း ဤစာအုပ်ကို ဖတ်ဘူးခဲ့သည်ဟု မမှတ်မိပါ။ ဦးခင်မောင်ကြီးဘာသာပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၁၉၆၂ခုခန့်က ထုတ်ဝေခဲ့ဟန်တူပါသည်။ ယခုဖတ်ရသောစာအုပ်မှာ စိတ်ကူးချိုချိုမှ ပြန်လည်ထုတ်ဝေသော စာအုပ်ဖြစ်သည်။
.
မောရစ်ကောလစ် မြန်မာပြည်တွင် တာဝန်ထမ်းဆောင်သွားစဥ် ကြုံတွေ့ခဲ့သမျှကို မှတ်တမ်းတင်ထားခြင်းဖြစ်သော်လည်း မူရင်းရေးသူကတော်သလို ဘာသာပြန်သူက ကောင်းသဖြင့် ဖတ်ကောင်းပါသည်။ ၁၉၁၈မှ ၁၉၃၄အတွင်း မြန်မာပြည်အခြေအနေကိုလည်း သိရ၍ ဗဟုသုတရစရာပါ။
.
ဆိုးတာနှစ်ချက်ရှိသည်။ မူရင်းအမည် INTO HIDDEN BURMA ဖြစ်သော်လည်း ဘာသာပြန်စာအုပ်ကို ''#ဗြိတိသျှသံဖနောင့်အောက်မှ_မြန်မာပြည်'' ဟု အမည်တပ်ခဲ့သည်။ မောရစ်ကောလစ်သည် အင်္ဂလိပ်အုပ်ချုပ်သူတဦးဖြစ်သော်လည်း မြန်မာတို့အပေါ်တွင် ကောင်းခဲ့သူဖြစ်သည်။ ဤစာအုပ်တွင်လည်း ထည့်ရေးထာသည်။ သူအုပ်ချုပ်သည့် ဒေသခံမြန်မာတွေက သူ့ကိုခင်မင်လေးစားသောကြောင့် သူတို့၏ ကိုယ်ပိုင်ဘဝတွေကို ပြခဲ့ကြသည်။ ထို့ကြောင့်ပင် အခြား အင်္ဂလိပ်အုပ်ချုပ်သူများ မသိခဲ့သည်များကို သူသိခဲ့ရသည်။ သာမန်မြင်နေကျ မြန်မာ့လူမှု့ဘဝ၏ အတွင်းဘက်အထိ သူသိခဲ့ရသဖြင့် မူရင်းအမည်ပေးခဲ့ခြင်းဖြစ်ရာ ဘာသာပြန်အမည်သည် စာရေးဆရာကို စော်ကားသလိုထင်မိသည်။
.
ပိုဆိုးသည်ကား ပထမအကြိမ်ထုတ်ဝေသူ ဦးမြင့်ဆွေ၏ အမှာစာပင်။ အင်္ဂလိပ်ကိုလိုနီမကောင်းကြောင်း၊ မြန်မာတွေ ဘယ်လိုအဖိနှိပ်ခံခဲ့ရကြောင်း၊ လွတ်လပ်ရေးရရန် ဘယ်လိုတော်လှန်ခဲ့ရကြောင်းတွေ ထည့်ရေးထားသည်။ စာအုပ်နှင့် မဆိုင်လှဟုထင်မိသည်။ မူရင်းစာရေးသူထံမှ ဘာသာပြန်ထုတ်ရန်အတွက် ခွင့်တောင်းမည် မထင်ပါ။ မူရင်းကို စီးပွားရေးအတွက် ဘာသာပြန်ထုတ်ပြီး မဆိုင်သည့်မကောင်းကြောင်းများ အမှာစာရေးတာ ဆိုးလှပါသည်။
.
မောရစ်ကောလစ်ကိုတော့ မဆိုးဟုရေးထားသော်လည်း ကြံဖန်ရှာ၍ မကောင်းကြောင်းရေးထားတာ အတော်ညံ့ရာကျသည်။ ဖတ်ကြည့်ပါ။

   "မစ္စတာမောရစ်ကောလစ်ကမူ  ...
'အကယ်၍ ဗြိတိသျှတို့သည် အမြင်မတိုဘဲ ယခုထက် စောစီးစွာ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည်ဆိုလျှင် ဗြိတိသျှဓနသဟာယမှ မြန်မာနိုင်ငံသည် အဘယ်နည်းနှင့်မှ ခွဲထွက်လိမ့်မည်မဟုတ်'

    ဟူ၍ ဗြိတိသျှနယ်ချဲ့သမား၏ သဘောထားယုတ်ညံ့မှု ၊ အရှည်မကြည့်တတ်မှုတို့ကို သိမ်သိမ်မွေ့မွေ့နှင့်ပင် ပေါ်လွင်အောင် တင်ပြထားပေသည်။'' ဟူ၏။
.
ထုတ်ဝေသူသည် လွတ်လပ်ရေးနှင့် ဓနသဟာယအဖွဲ့ကို ၁၉၆၂အထိ ခွဲခြားသိသေးဟန်မတူ။ လိပ်ဆိုလျှင် လိပ်ခွံဘီးတောင်မသုံးဆိုသော ပညာမဲ့အုပ်စုဘက်မှဖြစ်ဟန်တူသည်။ ဗိုလ်ချုပ်အောင်ဆန်းပင် သိရက်နှင့် မကျော်နိုင်ခဲ့သည့် မျိုးချစ်တစောက်ကန်းအုပ်စုက ထိုခေတ်တွငိပင် အင်အားကောင်းခဲ့ဟန်တူသည်။
.
မိမိစာအုပ်ကိုလည်း ခွင့်ပြုချက်မယူဘဲ ဘာသာပြန်သေး၊ စာအုပ်အမည်ကိုလည်း မဆီမလျှော် စော်ကားသည့်အမည်မျိုး ပြောင်းပေး​သေး၊ လုံးဝမသင့်တော်သော အမှာစာကိုလည်း ထုတ်ဝေသူက ရေးသေးသည်ဆိုလျှင် မောရစ်ကောလစ်သာသိပါက ခွင့်ပြုမည် မထင်မိပါကြောင်း။  သူက ခွင့်လွှတ်နိုင်လျှင်ပင် မြန်မာတို့၏ စိတ်ထားကို ဖော်ပြသလိုဖြစ်နေ၍ ရှက်စရာကောင်းသည်ဟု ထင်မိပါကြောင်း။    ။


XxXxXx

(Zawgyi version )

   ေမာရစ္ေကာလစ္၏ Into hidden Burma ကို ဘာသာျပန္ထားေသာစာအုပ္ဖတ္ရပါသည္။ သူ႕၏စာ ဘာသာျပန္မ်ား ဖတ္ဘူးေသာ္လည္း ဤစာအုပ္ကို ဖတ္ဘူးခဲ့သည္ဟု မမွတ္မိပါ။ ဦးခင္ေမာင္ႀကီးဘာသာျပန္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ကို ၁၉၆၂ခုခန့္က ထုတ္ေဝခဲ့ဟန္တူပါသည္။ ယခုဖတ္ရေသာစာအုပ္မွာ စိတ္ကူးခ်ိဳခ်ိဳမွ ျပန္လည္ထုတ္ေဝေသာ စာအုပ္ျဖစ္သည္။
.
ေမာရစ္ေကာလစ္ ျမန္မာျပည္တြင္ တာဝန္ထမ္းေဆာင္သြားစဥ္ ႀကဳံေတြ႕ခဲ့သမွ်ကို မွတ္တမ္းတင္ထားျခင္းျဖစ္ေသာ္လည္း မူရင္းေရးသူကေတာ္သလို ဘာသာျပန္သူက ေကာင္းသျဖင့္ ဖတ္ေကာင္းပါသည္။ ၁၉၁၈မွ ၁၉၃၄အတြင္း ျမန္မာျပည္အေျခအေနကိုလည္း သိရ၍ ဗဟုသုတရစရာပါ။
.
ဆိုးတာႏွစ္ခ်က္ရွိသည္။ မူရင္းအမည္ INTO HIDDEN BURMA ျဖစ္ေသာ္လည္း ဘာသာျပန္စာအုပ္ကို ''#ၿဗိတိသွ်သံဖေနာင့္ေအာက္မွ_ျမန္မာျပည္'' ဟု အမည္တပ္ခဲ့သည္။ ေမာရစ္ေကာလစ္သည္ အဂၤလိပ္အုပ္ခ်ဳပ္သူတဦးျဖစ္ေသာ္လည္း ျမန္မာတို႔အေပၚတြင္ ေကာင္းခဲ့သူျဖစ္သည္။ ဤစာအုပ္တြင္လည္း ထည့္ေရးထာသည္။ သူအုပ္ခ်ဳပ္သည့္ ေဒသခံျမန္မာေတြက သူ႕ကိုခင္မင္ေလးစားေသာေၾကာင့္ သူတို႔၏ ကိုယ္ပိုင္ဘဝေတြကို ျပခဲ့ၾကသည္။ ထို႔ေၾကာင့္ပင္ အျခား အဂၤလိပ္အုပ္ခ်ဳပ္သူမ်ား မသိခဲ့သည္မ်ားကို သူသိခဲ့ရသည္။ သာမန္ျမင္ေနက် ျမန္မာ့လူမႈ႕ဘဝ၏ အတြင္းဘက္အထိ သူသိခဲ့ရသျဖင့္ မူရင္းအမည္ေပးခဲ့ျခင္းျဖစ္ရာ ဘာသာျပန္အမည္သည္ စာေရးဆရာကို ေစာ္ကားသလိုထင္မိသည္။
.
ပိုဆိုးသည္ကား ပထမအႀကိမ္ထုတ္ေဝသူ ဦးျမင့္ေဆြ၏ အမွာစာပင္။ အဂၤလိပ္ကိုလိုနီမေကာင္းေၾကာင္း၊ ျမန္မာေတြ ဘယ္လိုအဖိႏွိပ္ခံခဲ့ရေၾကာင္း၊ လြတ္လပ္ေရးရရန္ ဘယ္လိုေတာ္လွန္ခဲ့ရေၾကာင္းေတြ ထည့္ေရးထားသည္။ စာအုပ္ႏွင့္ မဆိုင္လွဟုထင္မိသည္။ မူရင္းစာေရးသူထံမွ ဘာသာျပန္ထုတ္ရန္အတြက္ ခြင့္ေတာင္းမည္ မထင္ပါ။ မူရင္းကို စီးပြားေရးအတြက္ ဘာသာျပန္ထုတ္ၿပီး မဆိုင္သည့္မေကာင္းေၾကာင္းမ်ား အမွာစာေရးတာ ဆိုးလွပါသည္။
.
ေမာရစ္ေကာလစ္ကိုေတာ့ မဆိုးဟုေရးထားေသာ္လည္း ႀကံဖန္ရွာ၍ မေကာင္းေၾကာင္းေရးထားတာ အေတာ္ညံ့ရာက်သည္။ ဖတ္ၾကည့္ပါ။

   "မစၥတာေမာရစ္ေကာလစ္ကမူ ...
'အကယ္၍ ၿဗိတိသွ်တို႔သည္ အျမင္မတိုဘဲ ယခုထက္ ေစာစီးစြာ ျမန္မာနိုင္ငံအား လြတ္လပ္ေရးေပးမည္ဆိုလွ်င္ ၿဗိတိသွ်ဓနသဟာယမွ ျမန္မာနိုင္ငံသည္ အဘယ္နည္းႏွင့္မွ ခြဲထြက္လိမ့္မည္မဟုတ္'

    ဟူ၍ ၿဗိတိသွ်နယ္ခ်ဲ့သမား၏ သေဘာထားယုတ္ညံ့မႈ ၊ အရွည္မၾကည့္တတ္မႈတို႔ကို သိမ္သိမ္ေမြ႕ေမြ႕ႏွင့္ပင္ ေပၚလြင္ေအာင္ တင္ျပထားေပသည္။'' ဟူ၏။
.
ထုတ္ေဝသူသည္ လြတ္လပ္ေရးႏွင့္ ဓနသဟာယအဖြဲ႕ကို ၁၉၆၂အထိ ခြဲျခားသိေသးဟန္မတူ။ လိပ္ဆိုလွ်င္ လိပ္ခြံဘီးေတာင္မသုံးဆိုေသာ ပညာမဲ့အုပ္စုဘက္မွျဖစ္ဟန္တူသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပင္ သိရက္ႏွင့္ မေက်ာ္နိုင္ခဲ့သည့္ မ်ိဳးခ်စ္တေစာက္ကန္းအုပ္စုက ထိုေခတ္တြငိပင္ အင္အားေကာင္းခဲ့ဟန္တူသည္။
.
မိမိစာအုပ္ကိုလည္း ခြင့္ျပဳခ်က္မယူဘဲ ဘာသာျပန္ေသး၊ စာအုပ္အမည္ကိုလည္း မဆီမေလွ်ာ္ ေစာ္ကားသည့္အမည္မ်ိဳး ေျပာင္းေပး​ေသး၊ လုံးဝမသင့္ေတာ္ေသာ အမွာစာကိုလည္း ထုတ္ေဝသူက ေရးေသးသည္ဆိုလွ်င္ ေမာရစ္ေကာလစ္သာသိပါက ခြင့္ျပဳမည္ မထင္မိပါေၾကာင္း။ သူက ခြင့္လႊတ္နိုင္လွ်င္ပင္ ျမန္မာတို႔၏ စိတ္ထားကို ေဖာ္ျပသလိုျဖစ္ေန၍ ရွက္စရာေကာင္းသည္ဟု ထင္မိပါေၾကာင္း။ ။

05 October 2019

ထူးတဲ့အမျိုးသမီးကြီး


(Unicode version)

   အင်းလေးထဲရောက်နေတဲ့ အမေစုက ဖောင်တော်ဦးဘုရားမှ ဆင်းတု​တော်လေးဆူကို ရွှေကပ်ခွင့်ရခဲ့ပါတယ်။
.
ပုံမှန်စံမြန်းဆောင်မှာဆို အမျိုးသမီးတွေ ရွှေကပ်ခွင့်မရပါ။ mrtv သတင်းအရ လှည့်လည်တဲ့လှေပေါ်မှ စံမြန်းဆောင်သို့ ပြန်အပင့် ဝေါနဲ့လူတွေသယ်နေချိန်မှာ ကပ်ခွင့်ရသွားတာပါ။
.
စီစဥ်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။ 


XxXxXx

(Zawgyi version)

   အင္းေလးထဲေရာက္ေနတဲ့ အေမစုက ေဖာင္ေတာ္ဦးဘုရားမွ ဆင္းတု​ေတာ္ေလးဆူကို ေ႐ႊကပ္ခြင့္ရခဲ့ပါတယ္။
.
ပုံမွန္စံျမန္းေဆာင္မွာဆို အမ်ိဳးသမီးေတြ ေ႐ႊကပ္ခြင့္မရပါ။ mrtv သတင္းအရ လွည့္လည္တဲ့ေလွေပၚမွ စံျမန္းေဆာင္သို႔ ျပန္အပင့္ ေဝါနဲ႕လူေတြသယ္ေနခ်ိန္မွာ ကပ္ခြင့္ရသြားတာပါ။
.
စီစဥ္ေပးသူေတြကို ေက်းဇူးတင္ပါတယ္။ 

02 October 2019

ဂန္ဒီတံဆိပ်ခေါင်း

(Unicode version)

   မဟတ္တမဂန္ဒီ မွေးဖွားခြင်း နှစ်၁၅၀မြောက်အဖြစ် မြန်မာနိုင်ငံမှ တံဆိပ်ခေါင်းထုတ်ဝေပါသည်။ လူပုဂ္ဂိုလ်တဦးချင်းအနေဖြင့် ဗိုလ်ချုပ်ပုံတံဆိပ်ခေါင်းသာ ထုတ်ဝေဖူးသေးသည့်အတွက် လွန်စွာမှထူးပါသည်။ ပြည်ပနှင့်ပတ်သက်၍ အိုလံပစ်တံဆိပ်ခေါင်းပင် တခါသာ တရားမဝင့်တဝင် ထုတ်ဖူးသည်ဖြစ်ရာ တံဆိပ်ခေါင်းအသင်း၏ ရှေ့ဆောင်မှု အတော်ပါမည်ဟု ထင်ရသည်။
.
ထင်ရှားကျော်ကြားသူများပုံ တံဆိပ်ခေါင်းနှင့် ဂန္ဒီပုံတံဆိပ်ခေါင်း စုသူ ပြည်ပမှစုဆောင်းသူများအတွက် အဓိကရည်ရွယ်သည်လားမသိ။ မြန်မာနိုင်ငံအမည်ပင် မြန်မာဘာသာနှင့် ရိုက်နှိပ်မထားသလို ဂန္ဒီအကြောင်းလည်း အင်္ဂလိပ်လိုသာရိုက်နှိပ်ထားသည်။ ပြည်ပသို့ရောင်းချပြီး နိုင်ငံခြားငွေရှာဖို့ဆိုလည်း ကျေနပ်ပါသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်ကသာ လုပ်ခဲ့လျှင် တန်ဖိုးပိုရှိလိမ့်မည်။
.
တံဆိပ်ခေါင်း တန်ဖိုးမှာ ၁၀၀ကျပ်ဖြစ်သည်။ နှစ်ရာကျပ်တန် FDC နှင့် တရာကျပ်တန် ပို့စ်ကဒ်လည်းထုတ်ဝေသည်။ တံဆိပ်ခေါင်းအကြောင်း စာရွက်နှင့် fdc ပို့စ်ကဒ်များသိမ်းနိုင်သည့် ဖ်ုင်ကာဗာလည်း တွေ့ခဲ့ရပါသည်။


XxXxXx

(Zawgyi version )

   မဟတၱမဂႏၵီ ေမြးဖြားျခင္း ႏွစ္၁၅၀ေျမာက္အျဖစ္ ျမန္မာနိုင္ငံမွ တံဆိပ္ေခါင္းထုတ္ေဝပါသည္။ လူပုဂၢိုလ္တဦးခ်င္းအေနျဖင့္ ဗိုလ္ခ်ဳပ္ပုံတံဆိပ္ေခါင္းသာ ထုတ္ေဝဖူးေသးသည့္အတြက္ လြန္စြာမွထူးပါသည္။ ျပည္ပႏွင့္ပတ္သက္၍ အိုလံပစ္တံဆိပ္ေခါင္းပင္ တခါသာ တရားမဝင့္တဝင္ ထုတ္ဖူးသည္ျဖစ္ရာ တံဆိပ္ေခါင္းအသင္း၏ ေရွ႕ေဆာင္မႈ အေတာ္ပါမည္ဟု ထင္ရသည္။
.
ထင္ရွားေက်ာ္ၾကားသူမ်ားပုံ တံဆိပ္ေခါင္းႏွင့္ ဂႏၵီပုံတံဆိပ္ေခါင္း စုသူ ျပည္ပမွစုေဆာင္းသူမ်ားအတြက္ အဓိကရည္႐ြယ္သည္လားမသိ။ ျမန္မာနိုင္ငံအမည္ပင္ ျမန္မာဘာသာႏွင့္ ရိုက္ႏွိပ္မထားသလို ဂႏၵီအေၾကာင္းလည္း အဂၤလိပ္လိုသာရိုက္ႏွိပ္ထားသည္။ ျပည္ပသို႔ေရာင္းခ်ၿပီး နိုင္ငံျခားေငြရွာဖို႔ဆိုလည္း ေက်နပ္ပါသည္။ လြန္ခဲ့ေသာ ႏွစ္သုံးဆယ္ခန့္ကသာ လုပ္ခဲ့လွ်င္ တန္ဖိုးပိုရွိလိမ့္မည္။
.
တံဆိပ္ေခါင္း တန္ဖိုးမွာ ၁၀၀က်ပ္ျဖစ္သည္။ ႏွစ္ရာက်ပ္တန္ FDC ႏွင့္ တရာက်ပ္တန္ ပို႔စ္ကဒ္လည္းထုတ္ေဝသည္။ တံဆိပ္ေခါင္းအေၾကာင္း စာ႐ြက္ႏွင့္ fdc ပို႔စ္ကဒ္မ်ားသိမ္းနိုင္သည့္ ဖ္ုင္ကာဗာလည္း ေတြ႕ခဲ့ရပါသည္။