09 October 2019

145th UPU stamp


(Unicode version)

   ကမ္ဘာ့စာပို့သမဂ္ဂ ၁၄၅နှစ်ပြည့် တံဆိပ်ခေါင်းထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ FDC ၂၀၀ကျပ်တန်လည်း ထုတ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော် စာတိုက်ကြီးကရောင်းတဲ့ တံဆိပ်ခေါင်းအချို့ ခွေးသွားစိတ် (perforation) မကောင်းပါ။ ဆက်တိုက်ထုတ်လို့ စက်အသွားတွေ တုန်းကုန်ပြီလားမသိပါ။
.
ဒီဇိုင်း ခေတ်မီလှပပါတယ်။ လေ့လာကြည့်တော့ UPU ရဲ့ဒီဇိုင်းပါ။ ကနဦး ဂန္ဒီတံဆိပ်ခေါင်းထုတ်စဥ်က အန္ဒိယအလံသုံးရောင်နဲ့တင် ဗိုလ်ဆန်သလောက် နိုင်ငံတကာစီးရီးကျ အန္ဒိယဆန်နေပါလား ဝေဖန်မလို့ပါ။ ခုတော့ မပြောတော့ပါ။
.
နိုင်ငံတကာစီးရီးမို့ ထင်ပါတယ်။ နိုင်ငံအမည်နဲ့ တန်ဖိုး မြန်မာလိုမပါတော့ပါ။ ၁၄၅နှစ်ပတ်လည်ပွဲ တရားဝင်လုပ်တဲ့ ကာဇက်စတန်နိုင်ငံက ထုတ်တဲ့ခေါင်းမှာတော့ ဘာသာနှစ်မျိုးလုံး ဖော်ပြထားပါတယ်။ 
.
UPU နဲ့ ပတ်သက်လို့ ဒီတကြိမ်ထုတ်တာ မြန်မာနိုင်ငံက စတုတ္ထအကြိမ်ပါ။ ၇၅နှစ်ပြ်ည့်(၁၉၄၉) မှာ ခြောက်ခေါင်း၊ ရာပြည့် (၁၉၇၄) မှာ ငါးခေါင်းနဲ့ ၁၂၅နှစ်ပြည့် (၁၉၉၉) မှာ နှစ်ခေါင်း ထုတ်ဝေခဲ့ဘူးပါတယ်။ နိုင်ငံတကာမှ စုသူတွေ စိတ်ဝင်စားနိုင်တဲ့ ခေါင်းစဥ်ဖြစ်လို့ အနည်းဆုံး သုံးလေးခေါင်းတစုံ ထုတ်သင့်တယ်လို့ ထင်မိကြောင်းပါဗျာ။ 


XxXxXx 

(Zawgyi version)

   ကမၻာ့စာပို႔သမဂၢ ၁၄၅ႏွစ္ျပည့္ တံဆိပ္ေခါင္းထုတ္ပါတယ္။ ၂၀၀က်ပ္တန္ပါ။ FDC ၂၀၀က်ပ္တန္လည္း ထုတ္ပါတယ္။ ရန္ကုန္နဲ႕ ေနျပည္ေတာ္ စာတိုက္ႀကီးကေရာင္းတဲ့ တံဆိပ္ေခါင္းအခ်ိဳ႕ ေခြးသြားစိတ္ (perforation) မေကာင္းပါ။ ဆက္တိုက္ထုတ္လို႔ စက္အသြားေတြ တုန္းကုန္ၿပီလားမသိပါ။
.
ဒီဇိုင္း ေခတ္မီလွပပါတယ္။ ေလ့လာၾကည့္ေတာ့ UPU ရဲ႕ဒီဇိုင္းပါ။ ကနဦး ဂႏၵီတံဆိပ္ေခါင္းထုတ္စဥ္က အႏၵိယအလံသုံးေရာင္နဲ႕တင္ ဗိုလ္ဆန္သေလာက္ နိုင္ငံတကာစီးရီးက် အႏၵိယဆန္ေနပါလား ေဝဖန္မလို႔ပါ။ ခုေတာ့ မေျပာေတာ့ပါ။
.
နိုင္ငံတကာစီးရီးမို႔ ထင္ပါတယ္။ နိုင္ငံအမည္နဲ႕ တန္ဖိုး ျမန္မာလိုမပါေတာ့ပါ။ ၁၄၅ႏွစ္ပတ္လည္ပြဲ တရားဝင္လုပ္တဲ့ ကာဇက္စတန္နိုင္ငံက ထုတ္တဲ့ေခါင္းမွာေတာ့ ဘာသာႏွစ္မ်ိဳးလုံး ေဖာ္ျပထားပါတယ္။ 
.
UPU နဲ႕ ပတ္သက္လို႔ ဒီတႀကိမ္ထုတ္တာ ျမန္မာနိုင္ငံက စတုတၳအႀကိမ္ပါ။ ၇၅ႏွစ္ျပ္ည့္(၁၉၄၉) မွာ ေျခာက္ေခါင္း၊ ရာျပည့္ (၁၉၇၄) မွာ ငါးေခါင္းနဲ႕ ၁၂၅ႏွစ္ျပည့္ (၁၉၉၉) မွာ ႏွစ္ေခါင္း ထုတ္ေဝခဲ့ဘူးပါတယ္။ နိုင္ငံတကာမွ စုသူေတြ စိတ္ဝင္စားနိုင္တဲ့ ေခါင္းစဥ္ျဖစ္လို႔ အနည္းဆုံး သုံးေလးေခါင္းတစုံ ထုတ္သင့္တယ္လို႔ ထင္မိေၾကာင္းပါဗ်ာ။ 

No comments:

Post a Comment

Thank you.